Friday, February 14, 2014

ဖဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ယမန်နှစ်ထက် ပိုမိုများပြား

Photo: ဖဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ယမန်နှစ်ထက် ပိုမိုများပြား
Friday, February 14, 2014

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်မြောက်မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ဦးရေမှာ ယမန်နှစ်ထက် ပိုမိုများပြားခဲ့ကြောင်း ပြတိုက်ဦးစီးအရာရှိ ဦးကျော်အေးက ပြောကြားသည်။

 ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၂၀၀၇ ခုနှစ် ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ် ၂၃ ရက်တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပြတိုက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့တွင် ပြတိုက်သို့ လာရောက်သူ ဦးရေများပြားခဲ့သော်လည်း ယခုနှစ်တွင် ပိုမိုများပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပျမ်းမျှလာရောက်သူ ဦးရေမှာ တစ်နေ့လျှင် ၁၅၀ ခန့်ရှိကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် အာဇာနည်နေ့များတွင်မူ လာရောက်သူ ပိုမိုများပြားလေ့ရှိပြီး နိုင်ငံခြားခရီးသွားများလည်း နေ့စဉ်ဝင်ရောက်မှုရှိကြောင်း ဦးကျော်အေး၏ ပြောကြားချက်အရ သိရသည်။

“ဗိုလ်ချုပ်မွေးနေ့ဆိုတော့ ခါတိုင်းထက်တော့ လာတဲ့သူ များတာပေါ့။ ပြတိုက်အနေနဲ့တော့ မွေးနေ့ဆိုပြီး ထူးထူးခြားခြား ပြသထားတာမရှိပါဘူး။ ၀င်ကြေးက ပြည်တွင်းနဲ့ ပြည်ပအတူတူ ကျပ် ၃၀၀ ပဲ ကောက်ခံတာပါ။ နိုင်ငံခြားသားက ပုံမှန် တစ်ရက်ကို ၃၀ ကနေ ၉၀ အထိဝင်တယ်။ ပြည်တွင်းက ပုံမှန် ၅၀ ကနေ ၁၅၀ လောက်အထိ ၀င်တယ်”ဟု ဗိုလ်ချုပ်ပြတိုက်မှ ဦးစီးအရာရှိ ဦးကျော်အေးက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာခြင်းနှင့် ပတ်သက်၍ “အစ်မတို့ရဲ့ တောင်ဒဂုံပညာဒါနကျောင်းက ကျောင်းသားတွေကို ဗဟုသုတရအောင် လိုက်ပို့ပေးတာပါ။ ဒီနေ့က လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဆို့တော့ ထူးထူးခြားခြားနဲ့ အမှတ်တရဖြစ်သွားအောင် ဒီနေ့ကို လိုက်ပို့ပေးဖြစ်တာပါ”ဟု တောင်ဒဂုံရှိ ပညာဒါနကျောင်း တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“ဗိုလ်ချုပ်ပြတိုက်ကို အခုမှ ပထမဦးဆုံး ရောက်ဖူးတာပါ။ ဒီမှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အရာလေးတွေ တွေ့တော့ စိတ်ထဲမှာနည်းနည်းတော့ ၀မ်းနည်းမိတယ်။ နောက်နှစ်တွေလည်း လာဖြစ်နိုင်အောင် ကြိုးစားပြီးလာမှာပါ”ဟု လာရောက်လေ့လာသူ တစ်ဦးဖြစ်သူ ကိုအောင်ကျော်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်းပြုပြင်မှုများ ပြုလုပ်ထားခြင်းဖြစ်ပြီး နှစ်စဉ် အာဇာနည်နေ့နီးတိုင်း ဆေးပြန်သုတ်ခြင်း၊ အမိုးကို ရေနံချေးသုတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းနှင့် ၁၉၉၉ ခုနှစ်တွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဆေးအသစ်တွေ ပြန်သုတ်ထားတာကို သိပ်မကြိုက်သလိုဘဲ။ မူလအရောင်တွေ မဟုတ်ဖူးလို့လည်း သိရတယ်။ ဒီလိုမျိုး သမိုင်းဝင်နေရာတစ်ခုကို ပုံစံမပျက်ဘဲ ထိန်းသိမ်းထားနိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ဥပမာ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမကြီးလိုမျိုးပေါ့။ ကြည့်လိုက်ရင် သက်တမ်းရင့် အရသာကို ခံစားရတယ်။ သမိုင်းတွေကို ဖတ်ဖူးထားရင် အဲဒါကိုမြင်လိုက်တာနဲ့ မျက်လုံးထဲမှာ မြင်ယောင်စေတယ်။
ပုဂံမှာဆိုရင်လည်း ရှေးမူမပျက် ထိန်းသိမ်းတာမျိုးတွေ မလုပ်ခဲ့လို့ ကမ္ဘာ့အမွေအနှစ်စာရင်း မ၀င်ခဲ့တာလို့ သိရတယ်။ ဒီလိုမျိုးနေရာတွေကို စနစ်တကျနဲ့ ရှေးမူမပျက် ထိန်းသိမ်းစေချင်တယ်” ဟု ကျောက်တန်းမြို့နယ်မှ ပြတိုက်သို့ လာရောက်လေ့လာသူ တစ်ဦးဖြစ်သူ ကိုဘိုဘိုက ပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အဆိုပါ နေအိမ်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ကျဆုံးချိန်အထိ နေထိုင်ခဲ့ပြီး ခြံအကျယ်အ၀န်းမှာ ၂ ဒသမ ၄၃၂ ဧက ရှိပြီး ငှားရမ်းနေထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် အဆိုပါနေအိမ်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ထူထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရန်ပုံငွေအဖွဲ့က ၁၉၄၈ ခုနှစ်တွင် ၀ယ်ယူကာ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို တရားဝင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၉၅၃ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် သားအလတ် ဖြစ်သူ အောင်ဆန်းလင်းသည် အဆိုပါခြံဝင်းအတွင်းရှိ ရေကန်တွင် ရေနစ်သေဆုံးခဲ့ပြီးနောက်  ဒေါ်ခင်ကြည်က ဆက်လက်နေထိုင်ခြင်း မပြုတော့ဘဲ ၁၉၅၇ ခုနှစ်တွင် ပြတိုက်ဖွင့်ရန် စတင်ပြင်ဆင်ခဲ့ကာ ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် ၁၉၉၉ ခုနှစ် အကြီးစားပြင်ဆင်မှုလုပ်ရန်အတွက်ဟုဆိုကာ ခေတ္တပိတ်ထားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၁၉ အာဇာနည်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်တွင် ပြန်လည်ပိတ်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်ကျမှသာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Eleven Media Group

ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုနေသော ကျောင်းသား ကျောင်းသူများအား ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုနေသော ကျောင်းသား ကျောင်းသူများအား
 ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၉ နှစ်မြောက်မွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်သူ ဦးရေမှာ ယမန်နှစ်ထက် ပိုမိုများပြားခဲ့ကြောင်း ပြတိုက်ဦးစီးအရာရှိ ဦးကျော်အေးက ပြောကြားသည်။


 ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၂၀၀၇ ခုနှစ် ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ် ၂၃ ရက်တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပြတိုက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈ နှစ်မြောက် မွေးနေ့တွင် ပြတိုက်သို့ လာရောက်သူ ဦးရေများပြားခဲ့သော်လည်း ယခုနှစ်တွင် ပိုမိုများပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပျမ်းမျှလာရောက်သူ ဦးရေမှာ တစ်နေ့လျှင် ၁၅၀ ခန့်ရှိကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် အာဇာနည်နေ့များတွင်မူ လာရောက်သူ ပိုမိုများပြားလေ့ရှိပြီး နိုင်ငံခြားခရီးသွားများလည်း နေ့စဉ်ဝင်ရောက်မှုရှိကြောင်း ဦးကျော်အေး၏ ပြောကြားချက်အရ သိရသည်။

“ဗိုလ်ချုပ်မွေးနေ့ဆိုတော့ ခါတိုင်းထက်တော့ လာတဲ့သူ များတာပေါ့။ ပြတိုက်အနေနဲ့တော့ မွေးနေ့ဆိုပြီး ထူးထူးခြားခြား ပြသထားတာမရှိပါဘူး။ ၀င်ကြေးက ပြည်တွင်းနဲ့ ပြည်ပအတူတူ ကျပ် ၃၀၀ ပဲ ကောက်ခံတာပါ။ နိုင်ငံခြားသားက ပုံမှန် တစ်ရက်ကို ၃၀ ကနေ ၉၀ အထိဝင်တယ်။ ပြည်တွင်းက ပုံမှန် ၅၀ ကနေ ၁၅၀ လောက်အထိ ၀င်တယ်”ဟု ဗိုလ်ချုပ်ပြတိုက်မှ ဦးစီးအရာရှိ ဦးကျော်အေးက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်လေ့လာခြင်းနှင့် ပတ်သက်၍ “အစ်မတို့ရဲ့ တောင်ဒဂုံပညာဒါနကျောင်းက ကျောင်းသားတွေကို ဗဟုသုတရအောင် လိုက်ပို့ပေးတာပါ။ ဒီနေ့က လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဆို့တော့ ထူးထူးခြားခြားနဲ့ အမှတ်တရဖြစ်သွားအောင် ဒီနေ့ကို လိုက်ပို့ပေးဖြစ်တာပါ”ဟု တောင်ဒဂုံရှိ ပညာဒါနကျောင်း တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“ဗိုလ်ချုပ်ပြတိုက်ကို အခုမှ ပထမဦးဆုံး ရောက်ဖူးတာပါ။ ဒီမှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အရာလေးတွေ တွေ့တော့ စိတ်ထဲမှာနည်းနည်းတော့ ၀မ်းနည်းမိတယ်။ နောက်နှစ်တွေလည်း လာဖြစ်နိုင်အောင် ကြိုးစားပြီးလာမှာပါ”ဟု လာရောက်လေ့လာသူ တစ်ဦးဖြစ်သူ ကိုအောင်ကျော်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူထိန်းသိမ်းပြုပြင်မှုများ ပြုလုပ်ထားခြင်းဖြစ်ပြီး နှစ်စဉ် အာဇာနည်နေ့နီးတိုင်း ဆေးပြန်သုတ်ခြင်း၊ အမိုးကို ရေနံချေးသုတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းနှင့် ၁၉၉၉ ခုနှစ်တွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဆေးအသစ်တွေ ပြန်သုတ်ထားတာကို သိပ်မကြိုက်သလိုဘဲ။ မူလအရောင်တွေ မဟုတ်ဖူးလို့လည်း သိရတယ်။ ဒီလိုမျိုး သမိုင်းဝင်နေရာတစ်ခုကို ပုံစံမပျက်ဘဲ ထိန်းသိမ်းထားနိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ဥပမာ ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမကြီးလိုမျိုးပေါ့။ ကြည့်လိုက်ရင် သက်တမ်းရင့် အရသာကို ခံစားရတယ်။ သမိုင်းတွေကို ဖတ်ဖူးထားရင် အဲဒါကိုမြင်လိုက်တာနဲ့ မျက်လုံးထဲမှာ မြင်ယောင်စေတယ်။
ပုဂံမှာဆိုရင်လည်း ရှေးမူမပျက် ထိန်းသိမ်းတာမျိုးတွေ မလုပ်ခဲ့လို့ ကမ္ဘာ့အမွေအနှစ်စာရင်း မ၀င်ခဲ့တာလို့ သိရတယ်။ ဒီလိုမျိုးနေရာတွေကို စနစ်တကျနဲ့ ရှေးမူမပျက် ထိန်းသိမ်းစေချင်တယ်” ဟု ကျောက်တန်းမြို့နယ်မှ ပြတိုက်သို့ လာရောက်လေ့လာသူ တစ်ဦးဖြစ်သူ ကိုဘိုဘိုက ပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အဆိုပါ နေအိမ်တွင် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ကျဆုံးချိန် အထိ နေထိုင်ခဲ့ပြီး ခြံအကျယ်အ၀န်းမှာ ၂ ဒသမ ၄၃၂ ဧက ရှိပြီး ငှားရမ်းနေထိုင်ခြင်း ဖြစ်ကြောင်း သိရ သည်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် အဆိုပါနေအိမ်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ထူထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရန်ပုံငွေအဖွဲ့က ၁၉၄၈ ခုနှစ်တွင် ၀ယ်ယူကာ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ကို တရားဝင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၁၉၅၃ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် သားအလတ် ဖြစ်သူ အောင်ဆန်းလင်းသည် အဆိုပါခြံဝင်း အတွင်းရှိ ရေကန်တွင် ရေနစ်သေဆုံးခဲ့ပြီးနောက်  ဒေါ်ခင်ကြည်က ဆက်လက်နေထိုင်ခြင်း မပြုတော့ဘဲ ၁၉၅၇ ခုနှစ်တွင် ပြတိုက်ဖွင့်ရန် စတင်ပြင်ဆင်ခဲ့ကာ ၁၉၆၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် ၁၉၉၉ ခုနှစ် အကြီးစားပြင်ဆင်မှုလုပ်ရန် အတွက်ဟု ဆိုကာ ခေတ္တပိတ်ထားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဇူလိုင် ၁၉ အာဇာနည်နေ့တွင် ပြန်လည်ဖွင့်လှစ် ခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်တွင် ပြန်လည်ပိတ်ထားခဲ့ပြီး ၂၀၁၂ ခုနှစ်ကျမှသာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment