Friday, February 14, 2014

ဆိပ်ကမ်းရှိ ရက်လွန်ကားများအတွက် မူဝါဒရေးဆွဲဆောင်ရွက်မည်

တစ်နှစ်ကျော်ကြာမြင့်သည့်တိုင် လာရောက်ထုတ်ယူခြင်းမရှိသေးသော ရန်ကုန်ဆိပ်ကမ်းရှိ လေလံ စာရင်းဝင် မော်တော်ကားများအတွက် မူဝါဒတစ်ရပ်ချမှတ်ကာ ဖြေရှင်းဆောင်ရွက်ပေးမည်ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမသို့ပြောသည်။


ပြည်ပမှ တင်သွင်းလာသည့် မော်တော်ကားများကို ရက်ပေါင်း ၆၀ အတွင်း လာရောက်ထုတ်ယူခြင်း မရှိပါ က ရန်ကုန်ဆိပ်ကမ်းဥပဒေအရသိမ်းဆည်း၍ လေလံပစ်ခွင့်ရှိသော်လည်း ရက်ပေါင်း ၆၀ ပြည့်ပြီး ဆိပ် ကမ်းမှ ထုတ်ယူခြင်းမရှိသည့် ကားများကို အထောက်အထားအပြည့်အစုံဖြင့်တင်ပြပါက ထုတ်ပေးနေ သည်ဟု အထက်ပါအရာရှိက ဆိုသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အကြီးတန်းအရာရှိတစ်ဦးက “ရက် ၆၀ ပြည့်တာနဲ့ ဥပဒေအရ လေလံပစ် လို့ရပေမဲ့ ပိုင်ရှင်တွေဘက်ကလည်း ထုတ်ယူဖို့အခက်အခဲတွေရှိနိုင်တဲ့အတွက် လေလံမပစ်ဘဲထားပေး ထားပါတယ်။ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံနဲ့ လာတင်ပြတယ်ဆိုရင် ထုတ်ပေးနေပါတယ်။ ဒါပေမဲ့ တစ်နှစ်ကျော်ပြီး လာမထုတ်တဲ့ကားတွေကျတော့ ဆိပ်ကမ်းထဲမှာထားရတာအခက်အခဲရှိလာတယ်။ ပိုင် ရှင်တွေကိုဆက်သွယ်လည်း လာမထုတ်ကြတော့ဘူး” ဟု ပြောသည်။

တစ်နှစ်ကျော်သည်အထိ လာရောက်ထုတ်ယူခြင်းမရှိသည့် မော်တော်ကားများကို ဥပဒေအရ လေလံ တင်ရောင်းချခွင့်ရှိသော်လည်း လေလံတင်ခြင်းမရှိသေးဘဲ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန် ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က လာမည့်ရက်သတ္တပတ်အတွင်း ညှိနှိုင်း အစည်းအဝေးတစ်ရပ်ပြုလုပ်၍ မူဝါဒတစ်ရပ်ချမှတ်ဆောင်ရွက်ရန်ရှိသည်ဟု ၎င်းအရာရှိက ဆက်ပြော သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အကြီးတန်းအရာရှိတစ်ဦးကလည်း “တစ်နှစ်ကျော်လောက်မထုတ်ခဲ့ပေ မယ့် ခုချိန်မှာ ထုတ်ယူချင်ကြတာလည်းရှိတယ်။ အဲဒါကြောင့် သက်ဆိုင်ရာဌာနာတွေနဲ့ အစည်းအဝေး ထိုင်ပြီး ဒီကားတွေကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို မူဝါဒတစ်ရပ်ချမှတ်ပြီး ဆောင်ရွက်ဖို့ရှိတယ်” ဟု ပြောသည်။

၂၀၁၁ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ရက်ပေါင်း ၆၀ ပြည့်ပြီး လာရောက်ထုတ်ယူခြင်းမရှိသည့် မော်တော် ယာဉ် ၂,၁၂၃ စီးရှိကြောင်းနှင့် ယခုအချိန်တွင် အထောက်အထားအပြည့်အစုံဖြင့် လာရောက်တင်ပြမှု ကြောင့် နေ့စဉ်ကားစီးရေ ၃၀ ခန့်ကိုထုတ်ပေးနေသည်ဟုလည်း အထက်ပါအရာရှိက ဆိုသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တစ်နှစ်ကျော်အကြာအထိ ဆိပ်ကမ်းမှ ထုတ်ယူခြင်းမရှိသေးသော မော်တော် ယာဉ်အရေအတွက်မှာ ၄၀၆ စီးရှိသည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ထုတ်ပြန်ထားသည်။

ကားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမိုးကျော်က “ကားတွေကို ပြည်ပကနေ မြန်မာပြည်ထဲသွင်းလာပေမယ့် ဒီရောက်လို့ အခွန်တွေဘာတွေဆောင်ပြီး ပြန်ရောင်းမယ်လို့လုပ်တဲ့အခါမှာ လက်ရှိပေါက်ဈေးနဲ့မကိုက် တော့တဲ့အတွက် ဆိပ်ကမ်းမှာရှိတဲ့ကားတွေကို အရှုံးခံပြီးသွားမထုတ်ကြတော့တာပါ။ ဂျပန်ကနေလေလံ ဆွဲခဲ့တဲ့ ဈေးကိုပဲ အရှုံးခံလိုက်တဲ့သဘောပါပဲ” ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment