Saturday, February 15, 2014

ယာဉ်တိုက်ခံရ ဟန်ဆောင်၍ ငွေကြေးတောင်းခံသူများ မန္တလေးခရိုင် အထူးအဖွဲ့မှ ဖမ်းဆီးရမိ

မန္တလေးမြို့ပေါ် ရှိ သားကောင်အဖြစ် သတ်မှတ် ထားသော မော်တော်ယာဉ် များ အတိုက်ခံရပုံ ဟန်ဆောင်၍ ငွေကြေး လိမ်လည် ခြောက်လှန့် တောင်းယူမှုများ အကြိမ်ကြိမ် ဖြစ်ပွား နေကြောင်း သတင်းအရ မန္တလေးခရိုင် အထူး ရဲတပ်ဖွဲ့ သည် ဖေဖော်ဝါရီ ၄ ရက်က အဆိုပါ ပြစ်မှု ကျူးလွန်သူများကို စုံစမ်းရာ ပြည်ကြီးတံခွန် တံခွန်တိုင် ရပ်ကွက်နေသူ အောင်စိုးလင်း (ခ) ရေစင် နှင့် ချမ်းအေးသာစံ မြို့နယ် ဘီးဝန်းရပ် နေ အောင်ကျော်ထွန်း (ခ) မဲကြီး တို့မှာ ကျူးလွန်လေ့ ရှိကြောင်း သတင်းအရ ခေါ်ယူ စစ်ဆေးရာမှ ၄င်းတို့သည် မန္တလေးမြို့ပေါ် တွင် တရုတ် အမျိုးသမီး များ မောင်းနှင်သည့် အိမ်စီးကား
များကို လိုက်လံ ရှာဖွေ၍ အဆိုပါ ကားနှင့် အတိုက်ခံရ ဟန်ဆောင်၍ ငွေကြေးများ လိမ်လည် ခြိမ်းခြောက် တောင်းယူ ခဲ့မှုများ အကြိမ်ကြိမ် ကျူးလွန် ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုများ နှင့် ပတ်သက်၍ အောင်ဆန်းလင်း (ခ) ရေစင် (ဘ) ဦးစိန်လွင်ဦး ကို ပြည်ကြီးတံခွန် မြို့မရဲစခန်း သို့ လည်းကောင်း ၊ အောင်ကျော်ထွန်း (ခ) မဲကြီး (ဘ) ဦးတင်ကြည် ကို အမှတ်(၈) မြို့မ ရဲစခန်း သို့ လည်းကောင်း ဖေဖော်ဝါရီ ၄ ရက်နေ့က (ပ) ၈၈/၂၀၁၄ ပုဒ်မ၅(၁) (စ) (ဆ) ဖြင့် ဆက်လက် အရေးယူ ဆောင်ရွက် နိုင်ရန် လွှဲပြောင်း ပေးအပ်ပြီး ထိုသို့ ကျူးလွန် သူများကို မန္တလေး ခရိုင် အထူး ရဲတပ်ဖွဲ့ မှ ဆက်လက် ရှာဖွေ စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

( ရဲကျော် - နေပြည်တော် )

The Myawady Daily

No comments:

Post a Comment