Friday, February 28, 2014

သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည်

Photo: သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည် 
Friday, February 28, 2014

သီရိလင်္ကာ နိုင်ငံ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ဖူးသည့် ခြောက်ဆက်မြောက် သမ္မတ မဟင်ဒရာ ရာဂျာပက်စကာသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရီလင်္ကနိုင်ငံ အခြေစိုက် သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် သီရိလင်္ကာ သမ္မတက လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

သီရိလင်္ကာ သမ္မတသည် ၎င်း၏ ခရီးစဉ်တွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သီရိလင်္ကာ သမ္မတရုံးက ထုတ်ပြန်ထားသည်။ 

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းကြီးက ထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်း နိုင်ငံ ခုနစ်နိုင်ငံ အကြား ၂၀၁၇ ခုနှစ်အတွင်း ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ဒေသ ဖော်ဆောင်နိုင်ရေး အတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သီရိလင်္ကာ သမ္မတက ပြောကြားသည်ဟု သီရိလင်္ကာ သတင်းမီဒီယာ အချို့က ဆိုသည်။

The Voice Weekly

No comments:

Post a Comment