Friday, February 28, 2014

ရန်ကုန်လေဆိပ် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ပြောင်းရွှေ့


ပြည်တွင်းခရီးစဉ်များ သွားလာမည့် လေယာဉ်စီး ခရီးသည်များ အတွက် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ဖေဖော်ဝါရီလ၂၇ ရက်နေ့က ပြောင်းရွှေခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

ယင်းသို့ ပြောင်းရွှေ့ ရခြင်းမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဂုဏ်ပြုဆောင်သည် နေပြည်တော် သို့ ရွှေ့ပြောင်းသွားပြီး လက်ရှိထွက်ခွာဆောင်တွင် ခရီးသည်များအတွက် နေရာ မလုံလောက်၍ ရန်ကုန် လေဆိပ်၏ ဂုဏ်ပြုဆောင်သို့ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း လေကြောင်း လိုင်းများထံမှ စုံစမ်း သိရ သည်။

“Departure မလောက်လို့ ရွှေ့တာ ဂုဏ်ပြုဆောင် အပေါ်ထပ်မှာ လေကြောင်းလိုင်း ရုံးခန်းတွေ ဖွင့်ထား တယ်။ အောက်ထပ်ကတော့ Departure အတွက်ပေါ့။ အချို့ Flight Department တွေလည်း ဂုဏ်ပြုဆောင် ပြောင်း ကုန်ပြီ” ဟု EVA လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသဖြင့် လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန လေဆိပ် အထွေထွေ မန်နေဂျာကို မေးမြန်းရာတွင် အစည်းအဝေး တက်နေသဖြင့် မေးမြန်း၍ မရပေ။

ရန်ကုန်လေဆိပ် တင်ဒါ အောင်ထားသည့် Pioneer Aerodrome Services ကုမ္ပဏီကို ထပ်မံ ဆက် သွယ် မေးမြန်းရာတွင်လည်း ယခင်က ဂုဏ်ပြုဆောင်ဟု ခေါ်သော ယင်းအဆောင်သို့ ယနေ့ နံနက် က ပြောင်းရွှေ့ခြင်း ဖြစ်ရာ သိရှိလိုပါက လေဆိပ်သို့ လာရောက် စုံစမ်း မေးမြန်းနိုင်ပြီး ၎င်းတို့ အနေနှင့် ဖြေကြား ခွင့် မရှိကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်းလိုင်း ကိုးလိုင်းက လေယာဉ် ၄၃ စင်းဖြင့် ပြည်တွင်းတွင် လာရော က် လည် ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ၊ ပြည်တွင်း ခရီးသွားများ၊ အစိုးရအရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် အခြေပြု ပြေးဆွဲပေးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment