Monday, February 10, 2014

ပြည်ပကုမ္ပဏီများမှ ရောင်းချမည့် ဆင်းကတ်များကို ၎င်းတို့၏ ကွန်ရက်ရှိသည့် နိုင်ငံများအထိ သယ်ဆောင် အသုံးပြုနိုင်မည်

Photo: ပြည်ပကုမ္ပဏီများမှ ရောင်းချမည့် ဆင်းကတ်များကို ၎င်းတို့၏ ကွန်ရက်ရှိသည့် နိုင်ငံများအထိ သယ်ဆောင် အသုံးပြုနိုင်မည်
=================

ရန်ကုန် ဖေဖော်ဝါရီ  ၉

ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်ပအခြေစိုက် ကုမ္ပဏီများက ရောင်းချမည့် ဆင်းကတ်များကို ပြည်တွင်းနိုင်ငံတွင်သာမကဘဲ ၎င်းတို့၏ ကွန်ရက်ရှိနေသည့် ပြည်ပနိုင်ငံ များအထိ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီမှ သိရသည်။ ပြည်ပ နိုင်ငံများတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုမည်ဆိုပါက မိမိတို့၏ ကုမ္ပဏီကွန်ရက် ဖြန့်ကြက်ထားသည့် နိုင်ငံများမှ ကွန်ရက်တူ မိုဘိုင်းဖုန်းများကိုသာ သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တယ်လီနော မြန်မာအမှုဆောင် အရာရှိချုပ် Mr.Petter Furberg  က ပြောကြားခဲ့သည်။ 

“မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို သယ်ဆောင်အသုံးပြုလို့တော့ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွန်ရက် ဖြန့်ကြက်ထားတဲ့နေရာတွေကိုပဲ ယူဆောင်သွားလို့ရမှာပါ။ အလားတူပဲ ပြည်ပနိုင်ငံ တွေကနေမြန်မာနိုင်ငံကို မိုဘိုင်းဆင်းကတ်ယူလာမယ်ဆိုရင် တယ်လီနော ဆင်းကတ်တွေကို ယူဆောင် လာမှသာ အဆင်ပြေပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ကွန်ရက်မရှိ သေးတဲ့နိုင်ငံ တွေမှာလည်း ကွန်ရက်ရရှိအောင် သူတို့နိုင်ငံတွေကဆက်သွယ်ရေး အော်ပရေတာတွေနဲ့ သဘောတူညီမှုယူပြီးတော့ လုပ်ဆောင်ပေးသွားမှာပါ”  ဟု ၎င်းက ပြောကြားသည်။ 

အဆိုပါ ကုမ္ပဏီများမှာ ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့် ရရှိသွားခဲ့ပြီး ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် ဈေးကွက်ယှဉ် ပြိုင်မှုပြုလုပ်ရတော့မည် ဖြစ်ကြောင်း သိရသည်။ “အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဈေးကွက်မှာ ပြိုင်ဆိုင်မှုက အရှိန်အဟုန် ပြင်းသထက် ပြင်းလာပါပြီ။

 ပြည်သူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီကသာ အောင်မြင်မှုရရှိနိုင်မှာပါ။ ပြည်ပကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်လိုင်စင်ရရှိဖို့ အတွက် ယှဉ်ပြိုင်ခဲ့ရသလို လုပ်ငန်း လိုင်စင်ရရှိပြီးတော့ လည်း ဈေးကွက်ထဲမှာ ဆက်လက်ယှဉ်ပြိုင်နေရဦး မှာပါ”  ဟု တယ်လီနောအမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။ မိုဘိုင်းဖုန်းဘေလ်များအနေ ဖြင့်လည်း ကုမ္ပဏီတစ်ခုနှင့် တစ်ခုတူညီမှုမရှိဘဲ အပြိုင် အဆိုင်ဈေးနှုန်း လျှော့ချမှုများဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အတွက် ပြည်ပကုမ္ပဏီများအနေဖြင့် စတင်ကာ ပြင်ဆင်နေ ကြသကဲ့သို့ မြန်မာနိုင်ငံ အခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့်လည်း ပြည်ပကုမ္ပဏီများနှင့် ဈေးကွက် ယှဉ်ပြိုင် နိုင်ရန်အတွက် အကောင်းဆုံးပြင်ဆင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်ပအခြေစိုက် ကုမ္ပဏီများက ရောင်းချမည့် ဆင်းကတ် များကို ပြည်တွင်းနိုင်ငံတွင်သာမကဘဲ ၎င်းတို့၏ ကွန်ရက်ရှိနေသည့် ပြည်ပနိုင်ငံ များအထိ သယ်ဆောင် အသုံးပြုနိုင် မည်ဖြစ်ကြောင်း တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီမှ သိရသည်။ ပြည်ပ နိုင်ငံများတွင် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုမည်ဆိုပါက မိမိတို့၏ ကုမ္ပဏီကွန်ရက် ဖြန့်ကြက်ထားသည့် နိုင်ငံများမှ ကွန်ရက်တူ မိုဘိုင်းဖုန်းများကိုသာ သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တယ်လီနော မြန်မာအမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားခဲ့သည်။ 

“မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို သယ်ဆောင်အသုံးပြုလို့တော့ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွန်ရက် ဖြန့်ကြက်ထားတဲ့နေ ရာတွေကိုပဲ ယူဆောင်သွားလို့ရမှာပါ။ အလားတူပဲ ပြည်ပနိုင်ငံ တွေကနေမြန်မာနိုင်ငံကို မိုဘိုင်းဆင်းကတ်ယူလာမယ်ဆိုရင် တယ်လီနော ဆင်းကတ်တွေကို ယူဆောင် လာမှသာ အဆင်ပြေပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ကွန်ရက်မရှိ သေးတဲ့နိုင်ငံ တွေမှာလည်း ကွန်ရက်ရရှိအောင် သူတို့နိုင်ငံတွေကဆက်သွယ်ရေး အော်ပရေတာတွေနဲ့ သဘောတူညီမှုယူပြီးတော့ လုပ်ဆောင်ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။ 

အဆိုပါ ကုမ္ပဏီများမှာ ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် တရားဝင်လုပ်ကိုင်ခွင့် ရရှိသွားခဲ့ပြီး ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီများနှင့်အပြိုင် ဈေးကွက်ယှဉ် ပြိုင်မှုပြုလုပ်ရတော့မည် ဖြစ်ကြောင်း သိရသည်။ “အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဈေးကွက်မှာ ပြိုင်ဆိုင်မှုက အရှိန်အဟုန် ပြင်းသထက် ပြင်းလာပါပြီ။

ပြည်သူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီကသာ အောင်မြင်မှုရရှိနိုင်မှာပါ။ ပြည်ပကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့်လိုင်စင်ရရှိဖို့ အတွက် ယှဉ်ပြိုင်ခဲ့ရသလို လုပ်ငန်း လိုင်စင်ရရှိပြီးတော့ လည်း ဈေးကွက်ထဲမှာ ဆက်လက်ယှဉ်ပြိုင်နေရဦး မှာပါ” ဟု တယ်လီနောအမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။ မိုဘိုင်းဖုန်းဘေလ်များ အနေ ဖြင့်လည်း ကုမ္ပဏီတစ်ခုနှင့် တစ်ခုတူညီမှုမရှိဘဲ အပြိုင် အဆိုင်ဈေးနှုန်း လျှော့ချမှုများဖြစ်လာနိုင် သည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အတွက် ပြည်ပကုမ္ပဏီများအနေဖြင့် စတင်ကာ ပြင်ဆင်နေ ကြသကဲ့သို့ မြန်မာနိုင်ငံ အခြေစိုက်ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့်လည်း ပြည်ပကုမ္ပဏီများနှင့် ဈေးကွက် ယှဉ်ပြိုင် နိုင်ရန်အတွက် အကောင်းဆုံးပြင်ဆင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment