Monday, February 10, 2014

ဆိုင်ကယ်လိုင်စင်ထုတ်ပေးမည်ကို မျှော်လင့်နေခြင်းကြောင့် မန္တလေးမြို့တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေ

Photo: ဆိုင်ကယ်လိုင်စင်ထုတ်ပေးမည်ကို မျှော်လင့်နေခြင်းကြောင့် မန္တလေးမြို့တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေ
Monday, February 10, 2014 

မန္တလေးတွင် ရောင်းအားကောင်း လျက်ရှိသော တရုတ်နိုင်ငံထုတ် လိုင် စင်မဲ့ဆိုင်ကယ်များကို ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ လိုင်စင်ချ ထားပေးမည်ဆိုသည့် သတင်းကြောင့် မန္တလေးမြို့ရှိ လိုင်စင်ရှိဆိုင်ကယ် ဈေးကွက်မှာ ရပ်တန့်လုနီးပါး ဈေးကွက်အေးခဲ့ကြောင်း ဆိုင်ကယ် အရောင်းအဝယ် ပြုလုပ်သူများက ပြောသည်။

“လိုင်စင်ချပေးမယ်ဆိုကတည်းက ကျွန်တော်တို့ အရောင်းရပ်သွားတာ ဝယ်သူကိုမရှိသလောက်ဘဲ၊ ဆိုင်ကယ် ဈေးနှုန်းကို လျှော့ရောင်းတာမျိုးတော့ မရှိပါဘူး။ အရောင်းအဝယ်ရပ်သွားတာမျိုးပဲရှိတာပါ” ဟု ချမ်းအေးသာစံ
မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူ ကိုဇော်ကြီးက ပြောသည်။ လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ချပေးမည်ဆိုသောကြောင့် လိုင်စင်မပါသော ဆိုင်ကယ်များ ကုန်သည်ပွဲစား များ ဝယ်ယူထားကြပြီဖြစ်သည်။
နယ်စပ်ဝင်ပေါက်များတွင် နိုင်ငံတော်သို့ တရားဝင်အခွန်မဆောင်ဘဲနည်းလမ်းမျိုးစုံဖြင့် ပြည်တွင်းသို့ သယ် ယူပြီး လိုင်စင်မဲ့ဆိုင်ကယ်ရောင်းချနေသည့် ဈေးကွက်ရှိနေကြောင်း၊ ဥပဒေနှင့် မညီသော်လည်း စစ်ဆေး အရေးယူမှု အားနည်းခြင်းကြောင့်ထိုဈေးကွက်မှာ ရှင်သန်ဆဲဖြစ်သည်ဟု တရားဝင် အခွန်ဆောင်ရောင်းချသည့်
ဆိုင်ကယ်အရောင်းကုမ္ပဏီများကပြောသည်။ တရားမဝင်ဈေးကွက် ဆက်လက်ရှင်သန်နေခြင်းသည် မန္တလေးမြို့ အတွင်း တရားဝင်ရောင်းချနေသော ဆိုင်ကယ်ကုမ္ပဏီများကို ဈေးကွက်ထိခိုက်ကြောင်း သိရသည်။ 

၂၀၁၂ ခုနှစ်က အကောက်အခွန်မဲ့ တင်သွင်းလာပြီး လိုင်စင်မဲ့စီးနင်းနေ ကြသော ဆိုင်ကယ်၊ ဘက်ထရီဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့ကို မန္တလေး မြို့တွင်တရားဝင်မှတ်ပုံတင်လိုင်စင်လုပ်ပေးခဲ့ကြောင်း၊ ပြည်တွင်းအခွန်၊အကောက်ခွန်၊ ကုန်းလမ်းပို့ဆောင် ရေး(က.ည.န)၊ နယ်မြေခံရဲတပ်ဖွဲ့၊ မြို့တော်စည်ပင် စသည့်အဖွဲ့ငါးဖွဲ့ဖြင့် ရုံးပိတ်ရက်များတွင်ပါ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“မန္တလေးမှာ ၂၀၁၂ ခုနှစ် ဇွန်လ၅ ရက်မှစပြီး လိုင်စင်လုပ်ပေးခဲ့တယ်။ အခွန်နှုန်းထားတွေက ကာလတန်ဖိုးရဲ့ ငါးရာခိုင်နှုန်း ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်း ပေး သွင်းရတယ်။ က.ည.န မှတ်ပုံတင်ခ ကျပ်၂၂၅၀၀၊ အာမခံငွေကျပ်၂၂၀၀၊ ဘဏ်ငွေသွင်းငွေကျပ် ၅၀၀ သတ်မှတ်ခဲ့တာပါ ၊ လိုင်စင်လာ လုပ်တဲ့သူတွေရော ဝန်ထမ်းတွေရော နေပူမိုးရွာထဲမှာ ညမှောင်တဲ့အချိန်ထိ လုပ်ပေးခဲ့တာပါ” ဟု အခွန်ဝန်ထမ်းတစ်ဦးက၂၀၁၂ခုနှစ်အတွေ့အကြုံများကို ပြောသည်။ မန္တလေးမြို့တွင် တရားမဝင် မောင်းနှင် နေသော လိုင်စင်မဲ့ဆိုင်ကယ် အစီးရေမှာ ၂၀၀၀၀ ခန့်ရှိသည်ဟု မန္တလေး က.ည.န ရုံးမှ စာရင်းများ အရ သိရသည်။

MOI Webportal Myanmar
မန္တလေးတွင် ရောင်းအားကောင်း လျက်ရှိသော တရုတ်နိုင်ငံထုတ် လိုင် စင်မဲ့ဆိုင်ကယ်များကို ဖေဖော် ဝါရီလ ပထမအပတ်အတွင်း၌ လိုင်စင်ချ ထားပေးမည်ဆိုသည့် သတင်းကြောင့် မန္တလေးမြို့ရှိ လိုင်စင် ရှိဆိုင်ကယ် ဈေးကွက်မှာ ရပ်တန့်လုနီးပါး ဈေးကွက်အေးခဲ့ကြောင်း ဆိုင်ကယ် အရောင်းအဝယ် ပြုလုပ်သူ များက ပြောသည်။


“လိုင်စင်ချပေးမယ်ဆိုကတည်းက ကျွန်တော်တို့ အရောင်းရပ်သွားတာ ဝယ်သူကိုမရှိသလောက်ဘဲ၊ ဆိုင်ကယ် ဈေးနှုန်းကို လျှော့ရောင်းတာမျိုးတော့ မရှိပါဘူး။ အရောင်းအဝယ်ရပ်သွားတာမျိုးပဲရှိတာပါ” ဟု ချမ်းအေးသာစံ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူ ကိုဇော်ကြီးက ပြောသည်။ လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ချပေးမည်ဆိုသောကြောင့် လိုင်စင်မပါသော ဆိုင်ကယ်များ ကုန်သည်ပွဲစား များ ဝယ်ယူထားကြပြီဖြစ်သည်။

နယ်စပ်ဝင်ပေါက်များတွင် နိုင်ငံတော်သို့ တရားဝင်အခွန်မဆောင်ဘဲနည်းလမ်းမျိုးစုံဖြင့် ပြည်တွင်းသို့ သယ် ယူပြီး လိုင်စင်မဲ့ဆိုင်ကယ်ရောင်းချနေသည့် ဈေးကွက်ရှိနေကြောင်း၊ ဥပဒေနှင့် မညီသော်လည်း စစ်ဆေး အရေးယူမှု အားနည်းခြင်းကြောင့်ထိုဈေးကွက်မှာ ရှင်သန်ဆဲဖြစ်သည်ဟု တရားဝင် အခွန်ဆောင်ရောင်း ချသည့် ဆိုင်ကယ်အရောင်းကုမ္ပဏီများကပြောသည်။ တရားမဝင်ဈေးကွက် ဆက်လက်ရှင်သန်နေခြင်း သည် မန္တလေးမြို့ အတွင်း တရားဝင်ရောင်းချနေသော ဆိုင်ကယ်ကုမ္ပဏီများကို ဈေးကွက်ထိခိုက်ကြောင်း သိရ သည်။ 

၂၀၁၂ ခုနှစ်က အကောက်အခွန်မဲ့ တင်သွင်းလာပြီး လိုင်စင်မဲ့စီးနင်းနေ ကြသော ဆိုင်ကယ်၊ ဘက်ထရီဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တို့ကို မန္တလေး မြို့တွင်တရားဝင်မှတ်ပုံတင်လိုင်စင် လုပ်ပေး ခဲ့ကြောင်း၊ ပြည်တွင်းအခွန်၊အကောက်ခွန်၊ ကုန်းလမ်းပို့ဆောင် ရေး(က.ည.န)၊ နယ်မြေခံရဲတပ်ဖွဲ့၊ မြို့တော်စည်ပင် စသည့်အဖွဲ့ငါးဖွဲ့ဖြင့် ရုံးပိတ်ရက်များတွင်ပါ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“မန္တလေးမှာ ၂၀၁၂ ခုနှစ် ဇွန်လ၅ ရက်မှစပြီး လိုင်စင်လုပ်ပေးခဲ့တယ်။ အခွန်နှုန်းထားတွေက ကာလတန်ဖိုး ရဲ့ ငါးရာခိုင်နှုန်း ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း စုစုပေါင်း ၁၀ ရာခိုင်နှုန်း ပေး သွင်းရတယ်။ က.ည.န မှတ်ပုံတင်ခ ကျပ်၂၂၅၀၀၊ အာမခံငွေကျပ်၂၂၀၀၊ ဘဏ်ငွေသွင်းငွေကျပ် ၅၀၀ သတ်မှတ်ခဲ့တာပါ ၊ လိုင်စင် လာ လုပ်တဲ့သူတွေရော ဝန်ထမ်းတွေရော နေပူမိုးရွာထဲမှာ ညမှောင်တဲ့အချိန်ထိ လုပ်ပေးခဲ့တာပါ” ဟု အခွန်ဝန်ထမ်းတစ်ဦးက၂၀၁၂ခုနှစ်အတွေ့အကြုံများကို ပြောသည်။ မန္တလေးမြို့တွင် တရားမဝင် မောင်းနှင် နေသော လိုင်စင်မဲ့ဆိုင်ကယ် အစီးရေမှာ ၂၀၀၀၀ ခန့်ရှိသည်ဟု မန္တလေး က.ည.န ရုံးမှ စာရင်း များ အရ သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment