Tuesday, February 11, 2014

အ၀တ်အစားမပါ ကိုယ်နေဟန် ပန်းချီကားများ ပါဝင်သည့် အနုပညာရသများ ပန်းချီဆရာသုံးဦး ပြသမည်

အကြောင်းအရာကွဲပြားပြီး အနုပညာရသများကိုသာ ပြသချင်သည့် ပန်းချီဆရာသုံးဦး၏ ရေဆေးသီးသန့် ပန်းချီပြပွဲ Water Colour 2014 ကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယင်းပြပွဲကို ဒဂုံမြို့ နယ်၊ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ကျင်းပမည်ဖြစ်ကြောင်း ပန်းချီဆရာ ခင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။


“ဒီပွဲမှာ ပြသမယ့် ပန်းချီဆရာသုံးဦးက ရေးဆေးကို အဓိကထားပြီး ရေးသားကြတဲ့ ပန်းချီဆရာတွေကြီးပါပဲ။ ဒါကြောင့် ကျွန်တော်တို့ သုံးယောက်ပေါင်းပြီးတော့ ပြပွဲလုပ်ဖြစ်သွားတာပါ။ ဒီပွဲမှာက ပန်းချီကိုမြင့်နိုင်က Nude ကားတွေကို ပြသမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပရိသတ်တွေကို အနုပညာရသ တစ်ခုတည်း ကိုပဲ ပေးချင်တာပါ။ ဒီပြပွဲမှာ အမျိုးသမီးတွေရဲ့ အ၀တ်အစားမပါဘဲ ပြသထားခြင်းကို တစ်မျိုးမထင်စေချင် ပါ” ဟု ယင်းက ပြောသည်။

ယင်းပန်းချီကားများသည် မြန်မာနိုင်ငံရှိ ဘာသာရေး နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အမျိုးသမီး များ အ၀တ်အစားမပါသည့် ကိုယ်နေဟန် ပန်းချီကား ၅၀ ကျော်ကို ပြသမည် ဖြစ်သည်။ အဆိုပါ ပန်းချီ ကားများကို ဒေါ်လာ ၂၇၀ မှ ဒေါ်လာ ၁,၆၀၀ အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment