Tuesday, February 11, 2014

လူဝကြီးများအတွက်ခုံတန်းများ ကမ္ဘာ့ဖလား ဘောလုံးကွင်းများတွင် တပ်ဆင်

Photo
ကိုယ်အလေးချိန် (၂၅)စတုံအထက် လူဝကြီးများ အနေဖြင့် သာမန် ခုံတန်းများပေါ်တွင် ထိုင်ကြည့်ရန် အဆင်မပြေ ဖြစ်လေ့ရှိသည့်နောက် ဆောက်လုပ်ရေး ကုမ္ပဏီများက ယင်းကဲ့သို့ လူဝခုံတန်းများကို တီထွင် တပ်ဆင် ရန် ဆုံးဖြတ်လိုက်ပါတယ်။


ဘရာဇီးလ် နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ဆောက် လုပ်နေသော ကွင်းများတွင် လူဝများအတွက် ထိုင်ခုံတန်း အစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော် ထည့်သွင်းလိုက်ပြီ ဖြစ်သည်။ အဝလွန်နေသူများ သက်တောင့်သက်သာ ထိုင်နိုင်ရန်အတွက် သာမန်ခုံများ ထက် ပိုမိုကျယ်ပြန့်သော ခုံကို လူဝခုံတန်းများအဖြစ် သတ်မှတ်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်အလေးချိန် (၂၅)စတုံအထက် လူဝကြီးများ အနေဖြင့် သာမန် ခုံတန်းများပေါ်တွင် ထိုင်ကြည့်ရန် အဆင်မပြေ ဖြစ်လေ့ရှိသည့်နောက် ဆောက်လုပ်ရေး ကုမ္ပဏီများက ယင်းကဲ့သို့ လူဝခုံတန်းများကို တီထွင်တပ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ အဆိုပါ ခုံများကို လူဝများအတွက်သာ ရောင်းချပေးမည်ဖြစ်ပြီး လက်မှတ်ဝယ်ယူရာတွင် ဆရာဝန်တစ်ဦးထံမှ ကိုယ်အလေးချိန် လွန်ကဲနေကြောင်း ထောက်ခံစာ ပါရှိရမည် ဖြစ်သည်။ ယင်းခုံများကို တစ်ကျော့ပြန် မွမ်းမံထားသော အားကစားရုံများရော၊ လုံးဝဥဿုံ အသစ်ကျပ်ချွတ် ဆောက်လုပ်သည့် ဘောလုံးကွင်း ပွဲကြည့်စင်များတွင်ပါ ထည့်သွင်း တပ်ဆင် ထားကြောင်း သိရသည်။

ဘရာဇီးလ်တွင် မသန်စွမ်းသူများရော၊ အဝလွန်သူများ အတွက်ပါ သီးခြားစီစဉ်ပေးထားသည့် အထူးခုံတန်း များ ထားရှိသင့်ကြောင်း ဥပဒေတစ်ရပ် အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပြီးနောက် ယခုအစီအစဉ်ကို အကောင် အထည် ဖော်နိုင်ခဲ့သည်။ ခုံများသည် ကပ်လျှက်နေရာရှိ သာမန်ခုံတန်းများနှင့် အရွယ် အစားရော၊ အရောင်ပါ ကွာခြားမည် ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment