Thursday, February 20, 2014

မြန်မာ့ဆက်သွယ်ရေး၏ ဝန်ဆောင်မှုကို အကျိုးတူကုမ္ပဏီ သက်မှတ်ပြီးမှ ထုတ်ပြန်ပြောဆိုမည်

Photo: မြန်မာ့ဆက်သွယ်ရေး၏ ဝန်ဆောင်မှုကို အကျိုးတူကုမ္ပဏီ သက်မှတ်ပြီးမှ ထုတ်ပြန်ပြောဆိုမည်
Thursday, February 20, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသော အော်ပရေတာများနည်းတူ ၎င်းတို့နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို လက်ရှိအချိန်၌ ရွေးချယ်နေခြင်းဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို ရွေးချယ်ပြီးမှသာ ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဈေးကွက်သဘောအရ အခြားသော အော်ပရေတာ၏ ဝန်ဆောင်မှုအတိုင်း လုပ်ကိုင်ရမည်ဖြစ်သော်လည်း ပူးပေါင်းလုပ်ကိုင်သူ၏ လုပ်ကိုင်နိုင်စွမ်းနှင့် သဘောတူညီချက်များအပေါ် မူတည်၍ ပေးအပ်မည့် ဝန်ဆောင်မှုများကို သက်မှတ်ရမည်ဟု ၎င်းက ပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီမှာ ဂျပန်နိုင်ငံအခြေစိုက် KDDI ကော်ပိုရေးရှင်းဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လာသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဓိက ပြိုင်ဆိုင်ရမည့် အော်ပရေတာများသည် ၎င်းတို့၏ ဝန်ဆောင်မှုများ၊ ပျမ်းမျှဈေးနှုန်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သည့် ကတိများကို အသီးသီး ပြောကြားခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဆိုပါကဲ့သို့ ပြောကြားနိုင်ခြင်းမရှိဘဲ တစ်နှစ်လျှင် မိုဘိုင်းဖုန်းလိုင်း ၅ သန်းခန့် တိုးမြှင့်ချထားပေးမည်ဟုသာ ပြောဆိုနိုင်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ချက်ထားရှိသော်လည်း လက်တလောအနေဖြင့် ပြောင်းလဲနိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း၊ အများအားဖြင့် အဆိုပါကဲ့သို့ အများပိုင်အဖြစ် ပြောင်းလဲရန် အချိန် ၅ နှစ်မှ ၁၀ နှစ်အထိ လိုအပ်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ ဂျပန်၊ ကိုရီးယား အပါအဝင် အခြားသော တိုင်းပြည်များမှ ချေးငွေများရယူနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆွေးနွေးနေသည်ဟု သိရသည်။ အဆိုပါ ချေးငွေများသည် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်ခြင်း အပါအဝင် အခြားသော လုပ်ငန်းအသီးသီးအလိုက် အသုံးပြုနိုင်ရန်အတွက် ချေးယူခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အခြားသော အော်ပရေတာများနည်းတူ ၎င်းတို့နှင့် ပူးပေါင်းလုပ်ကိုင် မည့် ကုမ္ပဏီကို လက်ရှိအချိန်၌ ရွေးချယ်နေခြင်းဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကို ရွေးချယ်ပြီးမှသာ ဝန်ဆောင်မှုပေးမည့် အစီအစဉ်များကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဈေးကွက်သဘောအရ အခြားသော အော်ပရေတာ၏ ဝန်ဆောင်မှုအတိုင်း လုပ်ကိုင်ရမည်ဖြစ်သော်လည်း ပူးပေါင်းလုပ်ကိုင်သူ၏ လုပ်ကိုင်နိုင်စွမ်းနှင့် သဘောတူညီချက်များအပေါ် မူတည်၍ ပေးအပ်မည့် ဝန်ဆောင်မှုများကို သက်မှတ်ရမည်ဟု ၎င်းက ပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီမှာ ဂျပန်နိုင်ငံအခြေစိုက် KDDI ကော်ပိုရေးရှင်းဖြစ်နိုင်ကြောင်း သတင်းများထွက်ပေါ်လာသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဓိက ပြိုင်ဆိုင်ရမည့် အော်ပရေတာများသည် ၎င်းတို့၏ ဝန်ဆောင်မှုများ၊ ပျမ်းမျှဈေးနှုန်းများနှင့် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သည့် ကတိများကို အသီးသီး ပြောကြားခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဆိုပါကဲ့သို့ ပြောကြားနိုင်ခြင်းမရှိဘဲ တစ်နှစ်လျှင် မိုဘိုင်းဖုန်းလိုင်း ၅ သန်းခန့် တိုးမြှင့်ချထားပေးမည်ဟုသာ ပြောဆိုနိုင်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ချက်ထားရှိသော် လည်း လက်တလောအနေဖြင့် ပြောင်းလဲနိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း၊ အများအားဖြင့် အဆိုပါကဲ့သို့ အများပိုင်အဖြစ် ပြောင်းလဲရန် အချိန် ၅ နှစ်မှ ၁၀ နှစ်အထိ လိုအပ်လေ့ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ ဂျပန်၊ ကိုရီးယား အပါအဝင် အခြားသော တိုင်းပြည်များမှ ချေးငွေများရယူနိုင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆွေးနွေးနေသည်ဟု သိရသည်။ အဆိုပါ ချေးငွေများသည် ဖိုက်ဘာ ဆက်ကြောင်း တည်ဆောက်ခြင်း အပါအဝင် အခြားသော လုပ်ငန်းအသီးသီးအလိုက် အသုံးပြုနိုင်ရန် အတွက် ချေးယူခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောဆိုခဲ့သည်။

မြင့်ကျော်လှိုင်
Internet Journal

No comments:

Post a Comment