Saturday, February 15, 2014

တစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှ အလုပ်လျှောက်ထားနိုင်မည့်စနစ် ဧပြီလတွင် စတင်မည်

Photo: တစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှ အလုပ်လျှောက်ထားနိုင်မည့်စနစ် ဧပြီလတွင် စတင်မည်
Saturday, February 15, 2014

မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားနိုင်မည့် Labour Exchange Mangement စနစ်ကို လာမည့်ဧပြီလတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် Labour Exchange Mangement စနစ်ထူထောင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာန၏ website အပြင် အခြားဝက်ဘ်ဆိုက်အသစ်တစ်ခုအား အသုံးပြုသွားမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန website www.mol.gov.mm နှင့် ချိတ်ဆက်ထားမည်ဟု သိရသည်။

"website အသစ်တစ်ခု လုပ်မှာဖြစ်တဲ့အတွက် ပရိုဂရမ်အကုန်လုံးကို အစကနေ ပြန်ဆွဲနေရတယ်။ လာမယ့် ဧပြီ၊ မေလမှာ စတင်နိုင်မယ်။ ဒီစနစ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်ဒေသကပဲဖြစ်ဖြစ် အလုပ်ရှာဖွေတဲ့သူတွေအနေနဲ့ သူတို့ရဲ့ CV ကို တိုက်ရိုက်တင်ပြီး အလုပ်လျှောက်ထားနိုင်တယ်။ ကုမ္ပဏီတွေက အလုပ်ခေါ်ရင် ဘယ်ဒေသ၊ ဘယ်သူက ကျွမ်းကျင်မှုဘယ်လောက်ရှိတယ်။ ဒီလိုမျိုး ငါတို့ဘက်က တင်ပေးမယ်။ အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေ၊ အလုပ်ရုံတွေနဲ့လည်း ချိတ်ဆက်ထားတယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးတွင် လာရောက်တင်ထားသည့် အလုပ်လျှောက်လွှာများကိုလည်း အဆိုပါဝက်ဘ်ဆိုက်တွင် တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ Labour Exchange Mangement စနစ် ထူထောင်ရန်အတွက်  သက်ဆိုင်ရာဝန်ထမ်းများကို ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။   

Eleven Media Group

ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် သုခစုစံ အလုပ်အကိုင်ပြပွဲတွင် အလုပ်လျှောက်ထားသူတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - နန်းစုနှင်းထွေး)
မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနှင့် ချိတ်ဆက်ထားပြီး အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားနိုင်မည့် Labour Exchange Mangement စနစ်ကို လာမည့်ဧပြီလတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် Labour Exchange Mangement စနစ်ထူထောင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာန၏ website အပြင် အခြားဝက်ဘ်ဆိုက်အသစ် တစ်ခုအား အသုံးပြုသွားမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာန website www.mol.gov.mm နှင့် ချိတ်ဆက်ထားမည်ဟု သိရသည်။

"website အသစ်တစ်ခု လုပ်မှာဖြစ်တဲ့အတွက် ပရိုဂရမ်အကုန်လုံးကို အစကနေ ပြန်ဆွဲနေရတယ်။ လာမယ့် ဧပြီ၊ မေလမှာ စတင်နိုင်မယ်။ ဒီစနစ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘယ်ဒေသကပဲဖြစ်ဖြစ် အလုပ်ရှာဖွေတဲ့သူတွေအနေနဲ့ သူတို့ရဲ့ CV ကို တိုက်ရိုက်တင်ပြီး အလုပ်လျှောက်ထားနိုင်တယ်။ ကုမ္ပဏီတွေက အလုပ်ခေါ်ရင် ဘယ်ဒေသ၊ ဘယ်သူက ကျွမ်းကျင်မှုဘယ်လောက်ရှိတယ်။ ဒီလိုမျိုး ငါတို့ဘက်က တင်ပေးမယ်။ အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေ၊ အလုပ်ရုံတွေနဲ့လည်း ချိတ်ဆက်ထားတယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးတွင် လာရောက်တင်ထားသည့် အလုပ်လျှောက်လွှာ များကိုလည်း အဆိုပါဝက်ဘ်ဆိုက်တွင် တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ Labour Exchange Mangement စနစ် ထူထောင်ရန်အတွက် သက်ဆိုင်ရာဝန်ထမ်းများကို ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group

ဖေဖော်ဝါရီလဆန်းပိုင်းက ပြုလုပ်ခဲ့သည့် သုခစုစံ အလုပ်အကိုင်ပြပွဲတွင် အလုပ်လျှောက်ထားသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - နန်းစုနှင်းထွေး)

No comments:

Post a Comment