Tuesday, February 18, 2014

လက်ပံတောင်းတောင်အရေး ဒေသခံ ၁၁ ဦးနှင့် မစ္စတာ ကန်တားနားတို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေက မုံရွာမြို့တွင် တွေ့ဆုံ

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ လက်ပံတောင်းဒေသ ခံ ၁၁ ဦးနှင့် မစ္စတာကန်တားနားတို့ ဖေဖော်ဝါရီ ၁၇ ညနေပိုင်း က မုံရွာမြို့ဝင်း ယူနတီဟိုတယ်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား မုံရွာနှင့် လက်ပံတောင်း ခရီးစဉ်များ လာရောက် ခြင်းနှင့် ပတ်သတ်၍ ဒေသအာဏာပိုင်တစ်ဦးက “မနက်ပိုင်းမှာ မစ္စတာ ကင်တားနားက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး နဲ့ မိနစ်ပိုင်းလေးပဲတွေ့တယ်။ မစ္စတာ ကင်တားနား က လက်ပံတောင်းအရေး လာတာဖြစ်ပြီး မီးလောင်ဗုံးနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့တွေ့ဖို့ လာရောက် တာ ဖြစ်ကြောင်း ပြောပြီးတော့ ဝန်ကြီးချုပ်ပြန်ပြောတာကတော့ အဲဒါနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီအရင်ခံစာမှာပါပြီး ဖြစ်တယ်လို့ ပြောတယ်။ နောက်တော့ လက်ပံတောင်းတောင်မှာ မြေစာပုံပေါ်ကနေ လှည့်ပတ်ကြည့်ရှုပြီး မြန်မာ-ယန်စီဘက်ကို သွားကြည့်တယ်။ ကြေးစင်တောင်နဲ့ စံပယ်တောင်ဘက်မှာ မြေအစားထိုးမယ့် နေရာတွေ၊ ကြေးနီပြား ထုတ်လုပ်တဲ့နေရာတွေ အက်ဆစ်ဖျန်း တာ တွေကိုကြည့်ရှုပြီး ညနေမှာ မုံရွာက ဝင်းယူနတီဟိုတယ်မှာ စီစဉ်ထားတဲ့သူတွေနဲ့ တွေ့တာပဲ”ဟူ၍ ပြောပြသည်။

မစ္စတာ ကင်တားနားသည် လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင် အရေးတို့နှင့် ပတ် သက်ပြီး ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်း၊ ကံကုန်းကျေးရွာမှ ကိုတင့်အောင်စိုး၊ မနန်းခင်ခင်ဦး၊ မျိုးသူဝင်း၊ ဦးခင်မောင်ထွန်း၊ ဆည်တည်းရွာမှ မရီရီဝင်း၊ အလယ်တော ရွာမှ မစန္ဒာ၊ တုံရွာမှ ကိုအောင်သန်းမျိုး၊ သတင်းထောက်တစ်ဦး ဖြစ်သူ ကိုကောင်းမြတ်၊ လက်ပံတော င်းတောင် အကြမ်းဖက်နှိမ်နင်းမှုတွင် မီးလောင်ဗုံးဒဏ် ရာရခဲ့သူ ဦးတိက္ခဥာဏ၊ မီးလောင်ဗုံးဒဏ်ရာ ရရှိခဲ့သူ ဦးဝိသုဒ္ဓတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဦးဇင်းကတော့ လယ်တီသိမ်လို့ပြောနေကြတဲ့ သိမ်နဲ့စေတီကို ရွှေ့ပြောင်းဖို့ သဘောမတူကြောင်းနဲ့ မီးလောင် ဗုံးနဲ့ပတ်သက်ပြီး ကင်တားနားကမေးတော့ မီးလောင်ဗုံးသာဖြစ်ကြောင်း ပြောခဲ့တယ်”ဟူ၍ ဆရာတော် ဦးတိက္ခဥာဏက မိန့်ကြားသည်။

“မစ္စတာ ကင်တားနားကို ၁၉၈ဝ ဂျီနီ ဗာကွန်ဗန်းရှင်းအရ ရှေ့တန်းမှာတောင် ဒီလိုရက်စက်တဲ့ မီးလောင် ဗုံးမသုံးရဘူး ဆိုတာပြောပြခဲ့တယ်။ အခုလည်း ဦးဇင်းရခဲ့တဲ့ ဒဏ်ရာဟောင်းက ပြန်ပြန်ပေါ်ပြီး နာတတ်ပါ တယ်။ သမ္မတရုံးဝန်ကြီး ဦးလှထွန်းတို့နဲ့ ဦး ဇင်းတွေ့တိုင်းလည်း ဒီလိုရက်စက်တဲလက်နက်မျိုး မသုံးဖို့ပြော ဖူး ပါတယ်”ဟူ၍ မစ္စတာကင်တားနားနှင့် တွေ့ဆုံခဲ့သူ ဦးဝိသုဒ္ဓက မိန့်ကြားခဲ့သည်။

လက်ပံတောင်းဒေသတွင် လာရောက် သတင်းရယူနေသူ DVB တင်းထောက် ကိုကောင်းမြတ်က “လက်ပံတောင်းဒေသမှာ သတင်းသမားတစ်ယောက်အနေနဲ့ သတင်း လာယူရင်း သတင်းသမားတွေကို အခွင့်အ ရေးချိုးဖောက်ခံရတာတွေကို တင်ပြခဲ့ပါ တယ်။ လယ်တီသိမ်နဲ့ အင်ကြင်းတောင် သပိတ်စခန်းအရေးနဲ့ပတ်သက်ပြီး မိုးကြိုး ပြင်ရွာထိပ်မှာ သတင်းသမားနှစ်ယောက်ရဲ့ သတင်းယူထားတဲ့ ဗီဒီယိုဖိုင်တွေကို ဆဲဆို ဖျက်ဆီးခံရတာတွေ၊ ဒေသခံသတင်းသမား တွေလာယူတဲ့သတင်းသမားတွေကို နှောင့် ယှက်ဖို့ကြံစည်တာ၊ လူစုကွဲရင်ကွဲသလို အနိုင်ကျင့်ဖို့ကြိုးစားတာတွေ ကျွန်တော်ကိုယ် တိုင် ခြံစည်းရိုးပြဿနာတုန်းက ကင်မရာနဲ့ သတင်းယူဖို့လုပ်တော့ လက်ပံတောင်း အာဏာပိုင်ရဲတစ်ဦးက ကင်မရာသမား....ကျည်ဆန်မှန်ရင် တာဝန်မယူဘူးလို့ ခြိမ်း ခြောက်ခံရဖူးတာတွေကို တင်ပြခဲ့ပါတယ်”ဟူ၍ ပြောကြားသည်။

လာရောက်တွေ့ဆုံသူများက လူ့အခွင့် အရေးနှင့်ပတ်သက်ပြီး လက်ပံတောင်းဒေသ မှာချိုးဖောက်ခံရမှု များ၊ လက်ပံတောင်းဒေသ နှင့် ကြေးစင်တောင်၊ စံပယ်တောင်ဒေသများတွင် လယ်မြေဆုံးရှုံးမှုများ၊ တရား ဥပဒေမဲ့ ဖိနှိပ်ခံရမှုများကို အသီးသီးတင်ပြခဲ့ကြောင်း သိရသည်။    

Eleven Media Group

No comments:

Post a Comment