Tuesday, February 18, 2014

မြန်မာနိုင်ငံတွင် လက်ရှိ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈၀၀ ရှိပြီး ဘိန်းထွက်တန်ချိန် ၈၇၀ အထိ တိုးလာ

Photo: မန်မာနိုင်ငံတွင် လက်ရှိ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈၀၀ ရှိပြီး ဘိန်းထွက်တန်ချိန် ၈၇၀ အထိ တိုးလာ
Tuesday, February 18, 2014

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ ရှိပြီး ဘိန်းထွက်တန်ချိန်ပေါင်း ၈၇ဝ ထိတိုးလာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မူးယစ်ဗဟို၊ UNODC နှင့် အလှူရှင်နိုင်ငံ ကိုယ်စားလှယ်များပြုလုပ်မည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၁ဝဝဝ ရှိပြီး ဘိန်း ထွက်တန်ချိန်ပေါင်း ၆၉ဝ ထွက်ရှိရာမှ ၂ဝ၁၄ ခုနှစ် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ စိုက်ပျိုးခဲ့ပြီး ထွက်ရှိသည့် ဘိန်း တန် ချိန်ပေါင်း ၈၇ဝ အထိ တိုးလာကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ မဟာဗျူဟာ နှစ်ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါတွေကတော့ မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းကို ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများရဲ့ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက် ရေးတို့ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးထုတ် လုပ်ရာမှာ အဓိကလိုအပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်း Precursors ပြည်တွင်းသို့ မဝင်ရောက်စေရေးအတွက် တားဆီးနှိမ်နင်းရေး ကဏ္ဍအပြင် အိမ်နီးနားချင်း နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက် လျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခင်ကထက် ကျယ်ပြန့်စွာ ဆောင်ရွက်သွားပြီး အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် UNODC နှင့် ပူးပေါင်း၍ မိုးနဲ၊ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ လင်းခေး၊ မိုင်းတုံ အစရှိသည့် မြို့နယ်များတွင် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆက်လက်ပြောကြားရာတွင်“မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခဲ့ပြီး အစားထိုးဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများကို UNODCမှ အမေရိကန်ဒေါ်လာ ခုနစ်သန်း ကျခံသုံးစွဲ ဆောင်ရွက်ပေးလျက် ရှိသော်လည်း ဘိန်းစိုက်ပျိုးမှုဒေသ  အားလုံးကို ကာမိအောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံတကာမှ ပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဗဟိုအဖွဲ့က တာဝန်ယူပြီး ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး၊ အသစ်ပေါ်ထွက်လာတဲ့ စိတ်ကြွဆေးပြားနဲ့ အခြားစိတ်ပြောင်း ဆေးဝါးသစ်များ အန္တရာယ်လျှော့ချရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ်စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့တဲ့အပြင် စီမံကိန်းကာလကို ၂ဝ၁၄ခုနှစ် ကစပြီး ၂ဝ၁၉ ခုနှစ်အထိ နောက်ထပ် ငါးနှစ်သက်တမ်း တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များနဲ့ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

Eleven Media Group

ဖေဖော်ဝါရီ ၁၇ ရက် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးအား တွေ့ရစဉ်
ဖေဖော်ဝါရီ ၁၇ ရက် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ ရှိပြီး ဘိန်းထွက်တန်ချိန်ပေါင်း ၈၇ဝ ထိတိုး လာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က သင်္ဂဟဟိုတယ်၌ ပြုလုပ်သည့် မူးယစ်ဗဟို၊ UNODC နှင့် အလှူ ရှင်နိုင်ငံ ကိုယ်စားလှယ်များပြုလုပ်မည့် အစားထိုး ဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေးမှ သိရသည်။


မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၁ဝဝဝ ရှိပြီး ဘိန်း ထွက်တန်ချိန်ပေါင်း ၆၉ဝ ထွက်ရှိ ရာမှ ၂ဝ၁၄ ခုနှစ် ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ စိုက်ပျိုးခဲ့ပြီး ထွက်ရှိသည့် ဘိန်း တန် ချိန်ပေါင်း ၈၇ဝ အထိ တိုးလာကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူး ယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ မဟာဗျူဟာ နှစ်ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါတွေ ကတော့ မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းကို ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေ သနှင့်တိုင်းရင်းသား လူမျိုးများရဲ့ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဘိန်းစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းပပျောက် ရေးတို့ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးထုတ် လုပ်ရာမှာ အဓိကလိုအပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်း Precursors ပြည်တွင်းသို့ မဝင်ရောက်စေရေးအတွက် တားဆီးနှိမ်နင်းရေး ကဏ္ဍအပြင် အိမ်နီးနားချင်း နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက် လျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခင်ကထက် ကျယ်ပြန့်စွာ ဆောင် ရွက်သွားပြီး အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် UNODC နှင့် ပူးပေါင်း၍ မိုးနဲ၊ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ လင်းခေး၊ မိုင်းတုံ အစရှိသည့် မြို့နယ်များတွင် တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆက်လက်ပြောကြားရာတွင်“မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခဲ့ပြီး အစားထိုးဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများကို UNODCမှ အမေရိကန်ဒေါ်လာ ခုနစ်သန်း ကျခံသုံးစွဲ ဆောင်ရွက်ပေးလျက် ရှိသော်လည်း ဘိန်းစိုက်ပျိုးမှုဒေသ  အားလုံးကို ကာမိအောင် ထောက်ပံ့ပေးနိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံတကာမှ ပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဗဟိုအဖွဲ့က တာဝန်ယူပြီး ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး၊ အသစ်ပေါ်ထွက်လာတဲ့ စိတ်ကြွဆေးပြားနဲ့ အခြားစိတ်ပြောင်း ဆေးဝါးသစ်များ အန္တရာယ်လျှော့ချရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ်စီမံ ကိန်းရေးဆွဲ ဆောင်ရွက်ခဲ့တဲ့အပြင် စီမံကိန်းကာလကို ၂ဝ၁၄ခုနှစ် ကစပြီး ၂ဝ၁၉ ခုနှစ်အထိ နောက် ထပ် ငါးနှစ်သက်တမ်း တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များနဲ့ ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment