Tuesday, February 11, 2014

ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်ပေးရန် အောင်လံတွင် လူတစ်ထောင်ကျော် ဆန္ဒပြ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို ရာထူးမှ နုတ်ထွက်ပေးရန် မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့၌ ဒေသခံတစ်ထောင်ကျော်က ဖေ ဖော်ဝါရီ ၁၀ ရက်တွင် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်လိုက်သည်။


ဝန်ကြီးဦးအုန်းမြင့်ကို နုတ်ထွက်ပေးရန် ဆန္ဒဖော်ထုတ်ရခြင်းဖြင့် အစိုးရအဖွဲ့ဝင်များ အာဏာရှင်ဆန် သည့် အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များကို ပြည်သူလူထုက လက်မခံကြောင်း ပြသရာရောက် သည်ဟု ဆန္ဒပြခေါင်းဆောင် ကိုမြတ်ကိုက ပြောသည်။

“အသွင်ကူးပြောင်းရေးကာလမှာ ကျွန်တော်တို့ ပြည်သူတွေက အစိုးရအဖွဲ့ဝင်တွေရဲ့ အာဏာရှင်ဆန် တဲ့ အပြုအမူ အပြောအဆို၊ အလုပ်အကိုင်တွေကို လုံးဝလက်မခံဘူးဆိုတာ အစိုးရအဖွဲ့ကို မက်ဆေ့ပေး ချင်တာပါပဲ”ဟု ၎င်းက ဆိုသည်။

ဆန္ဒထုတ်ဖော်သူ ဒေသခံတစ်ဦးဖြစ်သူ အောင်ထူးမြင့်ကမူ “ဘုန်းကြီးကျောင်းပေါ်နဲ့ ကျေးရွာမှာရှင်းလင်း ချိန် လေးနာရီကြာတယ်။ သူ့ရဲ့ရှင်းလင်းချက်တွေ မူရင်းအသံအတိုင်း ပြန်ကြားရတယ်။ ပြည်သူကို စော် ကားခြင်းမဟုတ်၊ ဆဲဆိုခြင်းမဟုတ်ကြောင်း ငြင်းဆိုတဲ့သဘောပါပဲ။ ၀န်ချတောင်းပန်တာ မဟုတ်ပါဘူး” ဟု ဆိုသည်။

အောင်လံမြို့၊ ပြည်လမ်းရှိ ကုသိနာရုံဘုရားရှေ့မှစတင်ကာ မြို့တွင်းလမ်းများတွင် လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူများသည် “ပြည်ထောင်စုဝန်ကြီး ထွက်ထွက် ချက်ချင်းထွက်”၊“ပြည်သူ ကို ပါးချမည့်ဝန်ကြီး အလိုမရှိ”၊ “ပြည်သူကို သောက်ရေသန့်သောက်ခွင့် မလိုလားသူ ဒို့ရန်သူ” စသည့် လက်ကိုင်ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ“ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် အလိုမရှိ၊ အလိုမရှိ”၊ “ပုဆိုးလှန်ဝန်ကြီးဦးအုန်းမြင့် အလိုမရှိ အလိုမရှိ”၊ “ပြည်သူကို ပါးရိုက်မည့်ဝန်ကြီးဦးအုန်းမြင့် အလိုမရှိ၊ အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

ဝန်ကြီးဦးအုန်းမြင့်သည် ဇန်န၀ါရီ ၂၈ ရက်က မကွေးတိုင်း သစ်ရာကောက်ကျေးရွာသို့ ရောက်ရှိစဉ် ဒေ သခံများက သောက်သုံးရေ ကောင်းမွန်စွာရရှိရေး တောင်းဆိုရာတွင် ၀န်ကြီး၏ တုန့်ပြန်ပြောဆိုချက်များ သည် ရိုင်းပြစွာ ထွက်ပေါ်လာခဲ့ပြီး မီဒီယာများတွင် ပျံ့နှံ့ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ၀န်ကြီးဦးအုန်းမြင့်အပေါ် ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လာရာ ၀န်ကြီးက သစ်ရာကောက် ကျေးရွာသို့ ဖေဖော်ဝါရီ ၄ ရက်တွင် ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး ဒေသခံများနှင့် ရွာဦးဘုန်းကြီး ကျောင်းတွင် တွေ့ဆုံကာ ပြောဆိုခဲ့သည့် စကားများအပေါ် ပြန်လည်ရှင်းလင်းခဲ့သည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ သစ်ရာကောက်ကျေးရွာတွင် ပြောဆိုခဲ့သည့် စကားများနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးအောင်စိုးက လွှတ်တော်တွင်း အရေးကြီးအဆို တင်သွင်းခဲ့အပြီး ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ ရန်ကုန်မြို့တွင် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြသလို ပြည်မြို့တွင်လည်း ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment