Monday, February 24, 2014

ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်

Photo: ဆီးရီးယားအား လူသားချင်းစာနာအကူအညီပေးရန် လုံခြူံရေးကောင်စီ တညီတညွတ်တည်းဆုံးဖြတ်
Monday, February 24, 2014

ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။

ဆီးရီးယားအစိုးရနှင့် အတိုက် အခံတပ်များအနေဖြင့် နိုင်ငံတစ်ဝန်း အရပ်သားများဆီသို့ အကူအညီ ပေးရေးယာဉ်တန်းများ ရောက်ရှိ အောင် ခွင့်ပြုပေးရမည်ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင်ဖော်ပြသည်။

ယခင် အလားတူဆုံးဖြတ်ချက် များကို ဗီတိုအာဏာသုံးခဲ့သော ရုရှားနှင့် တရုတ်တို့ကလည်း သဘောတူညီပေးခဲ့သည်။ ရုရှားနိုင်ငံ သည် သမ္မတဘာရှာအယ်လ် အာဆတ်၏ အစိုးရကိုထောက်ခံ နေဆဲဖြစ်သည်။ သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်း စည်ပိုင်းဗုံးများ အသုံးပြုတိုက်ခိုက် ခြင်းကို ရှုတ်ချလိုက်ပြီး နယ်စပ် တစ်လျှောက် အကူအညီပေးရေး ယာဉ်တန်းများကို ဝင်ခွင့်ပေးရန် တောင်းဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ကြိုဆိုလိုက်သည်။ ယင်း ဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ကြောင်း ၄င်းက ပြောကြားလိုက်သည်။ 

ဘီဘီစီ
ဆီးရီးယားနိုင်ငံအား ပထမဆုံး အကြိမ်အဖြစ် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွတ်တည်း သဘောတူလိုက်သည်။


ဆီးရီးယားအစိုးရနှင့် အတိုက် အခံတပ်များအနေဖြင့် နိုင်ငံတစ်ဝန်း အရပ်သားများဆီသို့ အကူအညီ ပေးရေး ယာဉ်တန်းများ ရောက်ရှိ အောင် ခွင့်ပြုပေးရမည်ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင်ဖော်ပြသည်။

ယခင် အလားတူဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးခဲ့သော ရုရှားနှင့် တရုတ်တို့ကလည်း သဘော တူညီပေးခဲ့သည်။ ရုရှားနိုင်ငံ သည် သမ္မတဘာရှာအယ်လ် အာဆတ်၏ အစိုးရကိုထောက်ခံ နေဆဲဖြစ် သည်။ သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်း စည်ပိုင်းဗုံးများ အသုံးပြုတိုက်ခိုက် ခြင်းကို ရှုတ်ချလိုက်ပြီး နယ်စပ် တစ်လျှောက် အကူအညီပေးရေး ယာဉ်တန်းများကို ဝင်ခွင့်ပေးရန် တောင်းဆိုသည်။

ယင်းဆုံးဖြတ်ချက်ကို ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ကြိုဆိုလိုက်သည်။ ယင်း ဆုံးဖြတ်ချက်ကို အမြန်ဆုံးအကောင် အထည်ဖော်သင့်ကြောင်း ၄င်းက ပြောကြားလိုက်သည်။ 

ဘီဘီစီ

No comments:

Post a Comment