Monday, February 24, 2014

နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်

Photo: နီပေါနိုင်ငံ ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာမည်
Monday, February 24, 2014

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် ယင်းသို့ လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

နီပေါ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ်၏ အကြံပေး အရာရှိ Dinesh Bhattarai က ဆိုသည်။

ထို့အပြင် နီပေါ ဝန်ကြီးချုပ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံမည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး ထုတ်ပြန် ထားချက်အရ သိရှိရသည်။

နီပေါ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၆၀ ခုနှစ်က စ၍ သံတမန် ဆက်ဆံရေး တစ်ရပ် စတင်ခဲ့ပြီး၊ နီပေါ နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် Sujata Koirala သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် အတွင်းက ရောက်ရှိခဲ့သည်။

The Voice Weekly
နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းကပင် ရွေးကောက် တင်မြှောက်ခံ ရသည့် ဝန်ကြီးချုပ် Sushil Koirala သည် ၎င်း၏ ပထမဦးဆုံး ပြည်ပ ခရီးအဖြစ် မြန်မာနိုင်ငံသို့ မတ်လ ၁ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း နီပေါ အစိုးရက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် ယင်းသို့ လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

နီပေါ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ်၏ အကြံပေး အရာရှိ Dinesh Bhattarai က ဆိုသည်။

ထို့အပြင် နီပေါ ဝန်ကြီးချုပ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံမည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေး ထုတ်ပြန် ထားချက်အရ သိရှိရသည်။

နီပေါ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၆၀ ခုနှစ်က စ၍ သံတမန် ဆက်ဆံရေး တစ်ရပ် စတင်ခဲ့ပြီး၊ နီပေါ နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် Sujata Koirala သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် အတွင်းက ရောက်ရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment