Friday, February 28, 2014

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ

Photo: အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ
Friday, February 28, 2014

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Rajiv Shah မှာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။

မစ္စတာ Rajiv Shah သည် ၎င်း၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့နှင့် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး မြန်မာ့ အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့စေရန် အတွက် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီက ပေးအပ်သည့် အထောက်အပံ့များ၊ ဖွံ့ဖြိုးရေး အစီအစဉ်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရနှင့် အခြား လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မစ္စတာ Rajiv Shah သည် ရန်ကုန် ခရီးစဉ်အတွင်း “ကျန်းမာသော မြန်မာနိုင်ငံ ဖြစ်လာရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု” အစီအစဉ်ဖြင့် မြန်မာနိုင်ငံအနှံ့ မသန့်ရှင်းသော သောက်သုံးရေကြောင့် ဖြစ်ပွားနေသည့် ဝမ်းပျက် ဝမ်းလျှောနှင့် သေဆုံးမှုများကို ကာကွယ်ရန် အမေရိကန် ပြည်ထောင်စု အခြေစိုက် Procter & Gamble ကုမ္ပဏီက သောက်သုံးရေ လီတာ သန်း ၁၀၀ ကျော်ကို လှူဒါန်းမည့် အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေး၊ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အစားအစာ လုံခြုံရေးဆိုင်ရာ တို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မစ္စတာ Rajiv Shah က မိန့်ခွန်းတစ်ရပ် ပြောကြားသွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ Rajiv Shah သည် အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ အဖြစ် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ပထမဦးဆုံး အကြိမ် ရောက်ရှိ လာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ခဲ့သည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ပြုနိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၁၇၀ ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီမှ တစ်ဆင့် ထောက်ပံ့ ပေးခဲ့သည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီသည် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိလာခဲ့ပြီး ယင်းအဖွဲ့အစည်းမှ တစ်ဆင့် နည်းပညာ ဝန်ဆောင်မှု၊ စိုက်ပျိုးရေးကဏ္ဍသုံး ပစ္စည်းများနှင့် အခြားသော အထောက်အပံ့များ ပေးအပ်ခဲ့သည်။

သို့သော် တပ်မတော်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာ သွားခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးမှ ကျန်းမာရေးဆိုင်ရာ အစီအစဉ် အချို့ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သော ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စဟီလာရီ ကလင်တန်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီကို မြန်မာနိုင်ငံတွင် တရားဝင် ပြန်လည် ဖွင့်လှစ်၍ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Rajiv Shah မှာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။

မစ္စတာ Rajiv Shah သည် ၎င်း၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့နှင့် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး မြန်မာ့ အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့စေရန် အတွက် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီက ပေးအပ်သည့် အထောက်အပံ့များ၊ ဖွံ့ဖြိုးရေး အစီအစဉ်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရနှင့် အခြား လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မစ္စတာ Rajiv Shah သည် ရန်ကုန် ခရီးစဉ်အတွင်း “ကျန်းမာသော မြန်မာနိုင်ငံ ဖြစ်လာရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု” အစီအစဉ်ဖြင့် မြန်မာနိုင်ငံအနှံ့ မသန့်ရှင်းသော သောက်သုံးရေကြောင့် ဖြစ်ပွားနေသည့် ဝမ်းပျက် ဝမ်းလျှောနှင့် သေဆုံးမှုများကို ကာကွယ်ရန် အမေရိကန် ပြည်ထောင်စု အခြေစိုက် Procter & Gamble ကုမ္ပဏီက သောက်သုံးရေ လီတာ သန်း ၁၀၀ ကျော်ကို လှူဒါန်းမည့် အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေး၊ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အစားအစာ လုံခြုံရေးဆိုင်ရာ တို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မစ္စတာ Rajiv Shah က မိန့်ခွန်းတစ်ရပ် ပြောကြားသွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ Rajiv Shah သည် အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ အဖြစ် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ပထမဦးဆုံး အကြိမ် ရောက်ရှိ လာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ခဲ့သည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ပြုနိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၁၇၀ ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီမှ တစ်ဆင့် ထောက်ပံ့ ပေးခဲ့သည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီသည် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိလာခဲ့ပြီး ယင်းအဖွဲ့အစည်းမှ တစ်ဆင့် နည်းပညာ ဝန်ဆောင်မှု၊ စိုက်ပျိုးရေးကဏ္ဍသုံး ပစ္စည်းများနှင့် အခြားသော အထောက်အပံ့များ ပေးအပ်ခဲ့သည်။

သို့သော် တပ်မတော်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၁၉၉၈ ခုနှစ် နောက်ပိုင်း တွင် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာ သွားခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးမှ ကျန်းမာရေးဆိုင်ရာ အစီအစဉ် အချို့ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သော ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စဟီလာရီ ကလင်တန်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီကို မြန်မာနိုင်ငံတွင် တရားဝင် ပြန်လည် ဖွင့်လှစ်၍ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ သည်။

The Voice Weekly

No comments:

Post a Comment