Tuesday, February 18, 2014

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂၀ အား ၀ယ်ယူရန်စီစဉ်

Photo: မန်မာနိုင်ငံက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂၀ အား ၀ယ်ယူရန်စီစဉ်
Tuesday, February 18, 2014

မြန်မာအစိုးရက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂ဝ ဝယ်ယူရန်စီ စဉ်ထားကြောင်း သိရသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယင်းသို့ ဝယ်ယူမှုမှာ နိုင်ငံခြားချေးငွေများဖြင့် အဓိကဝယ်ယူရမည် ဖြစ်သည့်အပြင် လက်ရှိတွင် ဘတ်ဂျက်အနေဖြင့်သာ ထည့်သွင်းတွက်ချက်ထားပြီး တစ်စီးနှုန်း အနေအထားအရမူ ထုတ်ပြန်မှု မပြုလုပ်နိုင်သေးကြောင်း သိရသည်။

အဆိုပါ ရထားတွဲဆိုင်းများမှာ အဲယားကွန်းများနှင့် အဆင့်မြင့်တန်း ထိုင်ခုံများပါရှိသဖြင့် နယ်ဝေးရထား လိုင်းများတွင် အဓိကထားပြေးဆွဲသွားရန် စီစဉ်ထားပြီး ရထားတွဲများ ရောက်ရှိလာပါက စမ်းသပ်မှုများ ပြုလုပ်သွားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရထားကဏ္ဍကတော့ အားလုံးကို ပြုပြင်သင့်သလောက် ပြုပြင်နေပါပြီ။ ပြီးတော့ အခုအိန္ဒိယက ဝယ်ယူမယ့်ရထားတွဲဆိုင်းတွေကို ကြိုကြားစမ်းသပ်မှုတွေ လုပ်ပြီးတော့ ပြေးမယ်။ မြို့ပတ်ရထား အဆင့်တော့ မရနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲယားကွန်းပါတဲ့အတွက် အရှိန်မြှင့်မောင်းရတဲ့ ခရီးတွေအတွက်ပဲ အဆင်ပြေတယ်”ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခင်က ရထားတွဲဆိုင်းများ၊ ရထားနှင့် ဆက်စပ်သော ကိရိယာပစ္စည်းများအတွက် တရုတ်နှင့် အိန္ဒိယထံမှ ချေးငွေများဖြင့် ဝယ်ယူနေရသော မြန်မာနိုင်ငံ၏ ရထားကဏ္ဍအတွက် ဂျပန်နိုင်ငံမှ အရင်းအနှီးငွေများ၊ နည်းပညာများအပြင် ပညာရှင်များဖြင့်  ထောက်ပံ့မှုများ ပြုလုပ်နေသည့်အပြင် ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းအတွက် ဒေါ်လာ သန်း ၅ဝဝ ကို အတိုးနှုန်းလျော့နည်းစွာဖြင့် ချေးယူခွင့် ပေးထားကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ရထားတွဲ ထုတ်လုပ်သည့် မြစ်ငယ်စက်ရုံကိုလည်း အဆင့်မြှင့်တင်ရန် ဂျပန်မှ ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးနေပြီး လက်ရှိတွင် မြစ်ငယ်စက်ရုံမှ ထုတ်လုပ်ခဲ့သည့် ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထား စနစ်တွင် အစားထိုးရန် ပြုလုပ်နေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နှင့် စင်ကာပူနိုင်ငံမှ  ကုမ္ပဏီများက လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားသော ရန်ကုန်ဘူတာဝင်းကြီး တစ်ခုလုံးအတွက် မကြာမီတင်ဒါ ခေါ်ယူနိုင်မည်ဖြစ်သည့်အပြင် ရထားလမ်းပိုင်း စနစ်များကိုပါ ပြုပြင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။                       

Eleven Media Group

ရန်ကုန်မြို့ပတ်၌ ပြေးဆွဲနေသော ရထားတွဲဆိုင်းအား ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့ပတ်၌ ပြေးဆွဲနေသော ရထားတွဲဆိုင်းအား ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်

မြန်မာအစိုးရက အိန္ဒိယနိုင်ငံထုတ် တစ်ပတ်ရစ်ရထားတွဲဆိုင်း ၂ဝ ဝယ်ယူရန်စီ စဉ်ထားကြောင်းသိရသည်။


ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယင်းသို့ ဝယ်ယူမှုမှာ နိုင် ငံခြားချေးငွေများဖြင့် အဓိကဝယ်ယူရမည် ဖြစ်သည့်အပြင် လက်ရှိတွင် ဘတ်ဂျက်အနေဖြင့်သာ ထည့်သွင်း တွက်ချက်ထားပြီး တစ်စီးနှုန်း အနေအထားအရမူ ထုတ်ပြန်မှု မပြုလုပ်နိုင်သေးကြောင်း သိရသည်။

အဆိုပါ ရထားတွဲဆိုင်းများမှာ အဲယားကွန်းများနှင့် အဆင့်မြင့်တန်း ထိုင်ခုံများပါရှိသဖြင့် နယ်ဝေးရထား လိုင်းများတွင် အဓိကထားပြေးဆွဲသွားရန် စီစဉ်ထားပြီး ရထားတွဲများ ရောက်ရှိလာပါက စမ်းသပ်မှုများ ပြုလုပ်သွားကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရထားကဏ္ဍကတော့ အားလုံးကို ပြုပြင်သင့်သလောက် ပြုပြင်နေပါပြီ။ ပြီးတော့ အခုအိန္ဒိယက ဝယ်ယူမယ့် ရထားတွဲဆိုင်းတွေကို ကြိုကြားစမ်းသပ်မှုတွေ လုပ်ပြီးတော့ ပြေးမယ်။ မြို့ပတ်ရထား အဆင့်တော့ မရနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အဲယားကွန်းပါတဲ့အတွက် အရှိန်မြှင့်မောင်းရတဲ့ ခရီးတွေ အတွက်ပဲ အဆင်ပြေတယ်”ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ယခင်က ရထားတွဲဆိုင်းများ၊ ရထားနှင့် ဆက်စပ်သော ကိရိယာပစ္စည်းများအတွက် တရုတ်နှင့် အိန္ဒိယထံမှ ချေးငွေများဖြင့် ဝယ်ယူနေရသော မြန်မာနိုင်ငံ၏ ရထားကဏ္ဍအတွက် ဂျပန်နိုင်ငံမှ အရင်းအနှီးငွေများ၊ နည်းပညာများအပြင် ပညာရှင်များဖြင့်  ထောက်ပံ့မှုများ ပြုလုပ်နေသည့်အပြင် ရန်ကုန် -မန္တလေး ရထားလမ်းပိုင်းအတွက် ဒေါ်လာ သန်း ၅ဝဝ ကို အတိုးနှုန်းလျော့နည်းစွာဖြင့် ချေးယူခွင့် ပေးထားကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ရထားတွဲ ထုတ်လုပ်သည့် မြစ်ငယ်စက်ရုံကိုလည်း အဆင့်မြှင့်တင်ရန် ဂျပန်မှ ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးနေပြီး လက်ရှိတွင် မြစ်ငယ်စက်ရုံမှ ထုတ်လုပ်ခဲ့သည့် ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထား စနစ်တွင် အစားထိုးရန် ပြုလုပ်နေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နှင့် စင်ကာပူနိုင်ငံမှ  ကုမ္ပဏီများက လုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားသော ရန်ကုန်ဘူတာဝင်းကြီး တစ်ခုလုံး အတွက် မကြာမီတင်ဒါ ခေါ်ယူနိုင်မည်ဖြစ်သည့်အပြင် ရထားလမ်းပိုင်း စနစ်များကိုပါ ပြုပြင် လုပ်ဆောင် ရန် စီစဉ်ထားကြောင်း သိရသည်။                       

Eleven Media Group

No comments:

Post a Comment