Friday, February 7, 2014

Facebook ပထမဆုံး အသုံးပြုသူ ၁၀ ဦးကိုဖော်ပြ

Photo: Facebook ပထမဆုံး အသုံးပြုသူ ၁၀ ဦးကိုဖော်ပြ
Friday, February 7, 2014 

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကမ္ဘာ့လူသုံးအများဆုံး နာမည်ကျော် လူမှုကွန်ရက်ဖေ့စ်ဘုတ် တည်ထောင်မှု ဆယ်နှစ်ပြည့် အခမ်းအနားအဖြစ် ဖေ့စ်ဘုတ်မှ ၎င်းတို့၏ ဒစ်ဂျစ်တယ် ပရိုဖိုင်များ၊ ဓာတ်ပုံများ၊ လျှို့ဝှက်ချက်များနှင့် ဖေ့စ်ဘုတ်ကို ကမ္ဘာပေါ်တွင် ပထမဆုံးစတင်သုံးစွဲသူ ဆယ်ယောက်၏ အမည်များကို ဖော်ပြခဲ့သည်။

အဆိုပါ အမည်စာရင်းအရ ဖေ့စ်ဘုတ် တည်ထောင်သူနှင့် CEO ဖြစ်သူ Mark Zuckerberg သည်ပင်လျှင် ၎င်းပြုလုပ်သော အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၏ စတင်အသုံးပြုသူများ အနက်စတုတ္ထမြောက် အသုံးပြုသူ တစ်ဦးသာ ဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ပထမဆုံး စတင် သုံးစွဲရန်အတွက် စမ်းသပ်ဖို့ရန် ပထမဦးဆုံး account သုံးခုကို ချန်လှပ်ထားခဲ့သည့်အတွက် ဖြစ်ကြောင်း သိရသည်။

Facebook အသုံးပြုသူတိုင်းအတွက် အသုံးပြုသူ ID နံပါတ်တစ်ခု သတ်မှတ်ထားကြောင်း ၊ နံပါတ်များကို အစဉ်လိုက် သတ်မှတ်ထားခြင်းမျိုး မဟုတ်ဘဲ ပထမဦးဆုံး အသုံးပြုသူအရေအတွက် သန်းပေါင်း အနည်းငယ်အား တက္ကသိုလ်များအတွက်ပိုင်းခြား သတ်မှတ်ပေးခဲ့ကြောင်း၊ ဟားဗတ်တက္ကသိုလ်မှ အသုံးပြုသူများအတွက် ၀-၉၉၉၉၉ ၊ ကိုလံဘီယာ တက္ကသိုလ်အတွက် ၁၀၀၀၀၀-၁၉၉၉၉၉၊ စတင်းဖို့ဒ် တက္ကသိုလ်အတွက် ၂၀၀၀၀၀-၂၉၉၉၉၉ စသည်ဖြင့် အသီးသီး သတ်မှတ်ပေးထားကြောင်း The Guardian က ဖော်ပြခဲ့သည်။

ပထမဦးဆုံးFacebook အသုံးပြုသူ (၁၀) ဦးမှာ တွဲဖက် တည်ထောင်သူChris Hughes၊ Dustin Moscovitz နှင့် တည်ထောင်သူ မဟုတ်သူ တစ်ဦးနှင့်Zuckerberg ၏ အခန်းဖော်Arie Hasit ၊ ကွန်ပျူတာ အတန်းမှ Andrew McCollum နှင့် Facebook အင်ဂျင်နီယာ Chris Putnam တို့ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment