Monday, February 24, 2014

ဒဂုံမြို့နယ်ရှိ စစ်ထောက်ချုပ်ရုံးပိုင် မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) မြေခုနစ်ဧကပေါ်တွင် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံများ တည်ဆောက်သွားမည် Monday,February 24, 2014

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေ သကြီး ဒဂုံမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း (နေရာဟောင်း) ရှိ မြေ ၂၉ ဒသမ ၇၂၇ ဧက အနက် ၇ ဒသမ ၆၉၅ ဧကအား BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Office Building & Commercial Building များ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


နေပြည်တော်တွင် ဖေဖော်ဝါရီ တတိယပတ်အတွင်းက ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် အဆိုပါလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ကို Thu Kha Yadanar Co.,Ltd အား ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီးရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားပိုင် မန္တလေးဘူတာ ကြီး ၏ စတုတ္ထထပ်မှ သတ္တမထပ် (ခေါင်မိုးပြင်) အထိ စုစုပေါင်း လေးလွှာကိုလည်း Adventure Myanmar Tour and Incentives Co.,Ltd  သို့ လုပ်ကိုင်ခွင့်ပြုခဲ့သည်။

ယင်းလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြ§ုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံပြီး ခွင့်ပြုပေးခဲ့သည်။

 ၂ဝ၁၄ ခုနစ် ဇန်နဝါရီ ၃ဝ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၄/၂ဝ၁၄) အစည်းအဝေးတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း မြေတိုင်းရပ်ကွက် အမှတ် (၆၃)နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (ဝင်းဟောင်း) နယ်မြေရှိ မြေ ၇ ဒသမ ၄၂၇ ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်၊ Shopping Mall၊ စီးပွားရေး အဆောက် အအုံနှင့် Service Apartment လုပ်ငန်းများ လုပ်ကိုင်ရန် Adventure Myanmar Tour & Incentives Co.,Ltd က လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်းလည်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ဆောက် လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စိုက် ပျိုးရေး အစရှိသည့် လုပ်ငန်းများတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၃၉၅၂ ဘီလျံကျော်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment