Friday, February 21, 2014

မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု

Photo: မန္တလေး ဘူတာကြီး မြစ်ငယ်ဘက်သို့ ပြောင်းရန် NLD အကြံပြု
Friday, February 21, 2014

မန္တလေးမြို့လယ် အချက်အချာ ရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး ဘူတာရုံကြီးကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD ပါတီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြားသည်။

အမရပူရမြို့နယ် တောင်မင်းကြီး ဘုရားဝင်းအတွင်း ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပသည့် MCDC အကြံပေးအဖွဲ့နှင့် နိုင်ငံရေး ပါတီဝင်များ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ မြို့နယ် လူမှုရေး အသင်းများ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးပွဲတွင် ၎င်းက အထက်ပါအတိုင်း အကြံပြု တင်ပြ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေး ဘူတာကြီးသည် ချမ်းအေးသာစံ မြို့နယ်အတွင်း မြို့လယ်ကောင်တွင် တည်ရှိရာ ချမ်းအေးသာစံ မြို့နယ်သည် မြို့ပေါ် ငါးမြို့နယ်ထက် လူဦးရေ သိပ်သည်းမှုနှုန်းမှာ ၆၉ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသဖြင့် မန္တလေး မြို့ပေါ်ရှိ လူဦးရေ သိပ်သည်းမှု အများဆုံး မြို့နယ်တွင် ပါဝင်သောကြောင့် ရေရှည်တွင် လမ်းပန်းဆက်သွယ်ရေး ပိုမို ခက်ခဲလာနိုင်မည် ဖြစ်သဖြင့် မြစ်ငယ် ကျေးရွာရှိ မီးရထားများကို ပြုပြင် မွမ်းမံ ထိန်းသိမ်းသော အလုပ်ရုံများ ရှိသည့် နေရာသည် ပိုမို သင့်လျော်သည့် နေရာဖြစ်နိုင်သောကြောင့် ပြောင်းရွှေ့ရန် တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

မြို့ပေါ်တွင် နေ့စဉ် ပြေးဆွဲနေသော ယာဉ်အချို့ကို မြို့ပြင်သို့ ထုတ်ခြင်းသည် အကောင်းဆုံးဖြစ်ကာ မြစ်ကြီးနား ရထားလိုင်းကိုမူ ရွာထောင်ဘက်သို့ ပြောင်းရွှေ့သင့်သည်ဟု အကြံပြုခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ခရီးသွားလာမှု ကျပ်တည်းရင် ဖြေရှင်းရမှာက အစိုးရမှာ တာဝန်ရှိတယ်လေ၊ ခုံးကျော် တံတားတွေ ထိုးပြီးတော့ ဖြေရှင်းရင်လည်း ရတာပဲ၊ နိုင်ငံတကာမှာလည်း ဘူတာတွေက မြို့လယ်မှာပဲ ရှိတယ်” ဟု မန္တလေးတိုင်း ဒေသကြီး NLD ပါတီ တိုင်းအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်သန်းက ဆိုသည်။

မန္တလေး ဘူတာကြီးကို မြို့ဟောင်း ဘူတာသို့ ပြောင်းရွှေ့သင့်ကြောင်းကို ၁၉၄၉ ခုနှစ်က မန္တလေး မြူနီစီပယ်က တင်ပြခဲ့ဖူးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် မန္တလေး ဘူတာကြီးနှင့် တရုတ်တန်းဈေး စည်ကားမှုကြောင့် ယာဉ်ကြော ရှုပ်ထွေးခြင်း၊ ဘူတာကြီးနှင့် ဈေးတစ်ဝိုက် သန့်ရှင်းမှု မရှိခြင်း၊ ရေမြောင်း ပိတ်ဆို့ခြင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဈေးဆိုင် တည်ခင်းခြင်း၊ အခြေအနေမဲ့များ ညအိပ် နေထိုင်ခြင်းတို့ကြောင့် တရုတ်တန်းဈေးနှင့် ဘူတာကြီးကို မြို့လယ်မှ ရွှေ့ပြောင်းသင့်ကြောင်းကို မြို့ခံလူထုက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ဘူတာကြီးမှာ မြို့လယ်တွင် ရှိနေဆဲ ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး အကြံပေး အဖွဲ့ဝင် အမရပူရမြို့သား ဦးသန်းမြင့်က ပြောကြားသည်။

“ဘူတာကြီး ပြောင်းရွှေ့မယ်ဆိုရင် မြို့ဟောင်း ဘူတာကို ပြောင်းရင် ပိုသင့်တော်တယ်။ သွားလာရေး လွယ်ကူမယ်။ မြစ်ငယ်က မြို့နဲ့ အလှမ်းဝေးတဲ့ အတွက်ကြောင့် သွားရေးလာရေး ခက်ခဲနိုင်တယ်” ဟု အမရပူရမြို့ခံ ရက်ကန်း လုပ်ငန်းရှင် ဦးသန်းနိုင်ထွန်းက ဆိုသည်။

မန္တလေး ဘူတာကြီး ပြောင်းရွှေ့ရန် လိုအပ်ချက်များကို ၁၉၉၃ ခုနှစ်တွင် ဂျပန်နိုင်ငံသား အတိုင်ပင်ခံ ရေးဆွဲ တင်ပြခဲ့သည့် Star Ruby Project ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲသည့် နှစ် (၃၀) စီမံကိန်း၊ မန္တလေးတိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက စုစည်း တင်ပြထားသည့် မန္တလေးမြို့ မြို့ပြ စီမံကိန်းနှင့် မြို့ဖွဲ့စည်း တည်ဆောက်ပုံ အစီရင်ခံစာများတွင် စီမံကိန်းကို ရေရှည် စဉ်းစားပြီး ဆောင်ရွက်ရန် အကြံပြုချက်များ တင်ပြထားခဲ့သည်ဟု MCDC တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေး ဘူတာကြီးသည် ၇၈ လမ်းနှင့် ၃၀ လမ်းထောင့်တွင် တည်ရှိပြီး မြစ်ငယ် ကျေးရွာရှိ မီးရထား ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံ စခန်းများသည် မန္တလေးနှင့် ၁၂ မိုင် ဝေးသည်ဟု အမရပူရမြို့နယ် မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly
မန္တလေးမြို့လယ် အချက်အချာရှိသည့် နေရာတွင် ကိုလိုနီခေတ်မှစ၍ တည်ရှိခဲ့သော မန္တလေး ဘူတာရုံကြီး ကို မြစ်ငယ် ကျေးရွာဘက်သို့ ပြောင်းရွှေ့ရန် အမရပူရမြို့နယ် NLD ပါတီက မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီ (MCDC) အကြံပေး အဖွဲ့သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ပါတီ တွဲဖက် အတွင်းရေးမှူး ဦးတင်ထွဋ်က The Voice သို့ ပြောကြား သည်။

အမရပူရမြို့နယ် တောင်မင်းကြီး ဘုရားဝင်းအတွင်း ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကျင်းပသည့် MCDC အကြံပေးအဖွဲ့နှင့် နိုင်ငံရေး ပါတီဝင်များ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ မြို့နယ် လူမှုရေး အသင်း များ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးပွဲတွင် ၎င်း က အထက်ပါအတိုင်း အကြံပြု တင်ပြ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေး ဘူတာကြီးသည် ချမ်းအေးသာစံ မြို့နယ်အတွင်း မြို့လယ်ကောင်တွင် တည်ရှိရာ ချမ်းအေးသာစံ မြို့နယ်သည် မြို့ပေါ် ငါးမြို့နယ်ထက် လူဦးရေ သိပ်သည်းမှုနှုန်းမှာ ၆၉ ဒသမ ၃၉ ရာခိုင်နှုန်း ရှိသဖြင့် မန္တလေး မြို့ပေါ်ရှိ လူဦးရေ သိပ်သည်းမှု အများဆုံး မြို့နယ်တွင် ပါဝင်သောကြောင့် ရေရှည်တွင် လမ်းပန်း ဆက် သွယ်ရေး ပိုမို ခက်ခဲလာနိုင်မည် ဖြစ်သဖြင့် မြစ်ငယ် ကျေးရွာရှိ မီးရထားများကို ပြုပြင် မွမ်းမံ ထိန်း သိမ်းသော အလုပ်ရုံများ ရှိသည့် နေရာသည် ပိုမို သင့်လျော်သည့် နေရာဖြစ်နိုင်သောေ ကြာင့် ပြောင်းရွှေ့ ရန် တင်ပြရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

မြို့ပေါ်တွင် နေ့စဉ် ပြေးဆွဲနေသော ယာဉ်အချို့ကို မြို့ပြင်သို့ ထုတ်ခြင်းသည် အကောင်း ဆုံးဖြစ် ကာ မြစ်ကြီး နား ရထားလိုင်းကိုမူ ရွာထောင်ဘက်သို့ ပြောင်းရွှေ့သင့်သည်ဟု အကြံပြု ခဲ့ကြောင်း ၎င်းက ထပ်လော င်း ပြော ကြားသည်။

“ခရီးသွားလာမှု ကျပ်တည်းရင် ဖြေရှင်းရမှာက အစိုးရမှာ တာဝန်ရှိတယ်လေ၊ ခုံးကျော် တံ တားတွေ ထိုးပြီးတော့ ဖြေရှင်းရင်လည်း ရတာပဲ၊ နိုင်ငံတကာမှာလည်း ဘူတာတွေက မြို့လယ် မှာပဲ ရှိတယ်” ဟု မန္တလေးတိုင်း ဒေသကြီး NLD ပါတီ တိုင်းအလုပ်အမှုဆောင် ကော်မတီ ဝင် ဦးခင်မောင်သန်းက ဆိုသည်။ 

မန္တလေး ဘူတာကြီးကို မြို့ဟောင်း ဘူတာသို့ ပြောင်းရွှေ့သင့်ကြောင်းကို ၁၉၄၉ ခုနှစ်က မန္တလေး မြူနီစီပယ် က တင်ပြခဲ့ဖူးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် မန္တလေး ဘူတာကြီးနှင့် တရုတ် တန်းဈေး စည်ကားမှုကြောင့် ယာဉ်ကြော ရှုပ်ထွေးခြင်း၊ ဘူတာကြီးနှင့် ဈေးတစ်ဝိုက် သန့်ရှင်းမှု မရှိခြင်း၊ ရေမြောင်း ပိတ်ဆို့ခြင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဈေးဆိုင် တည်ခင်းခြင်း၊ အခြေအနေ မဲ့များ ညအိပ် နေထိုင်ခြင်း တို့ကြောင့် တရုတ်တန်းဈေးနှင့် ဘူတာကြီးကို မြို့လယ်မှ ရွှေ့ပြောင်း သင့်ကြောင်းကို မြို့ခံလူထု က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ယခုအချိန်ထိ ဘူတာကြီး မှာ မြို့လယ်တွင် ရှိနေဆဲ ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး အကြံပေး အဖွဲ့ဝင် အမရပူရမြို့သား ဦးသန်းမြင့်က ပြောကြားသည်။

“ဘူတာကြီး ပြောင်းရွှေ့မယ်ဆိုရင် မြို့ဟောင်း ဘူတာကို ပြောင်းရင် ပိုသင့်တော်တယ်။ သွားလာရေး လွယ် ကူ မယ်။ မြစ်ငယ်က မြို့နဲ့ အလှမ်းဝေးတဲ့ အတွက်ကြောင့် သွားရေးလာရေး ခက်ခဲနိုင်တယ်” ဟု အမရပူရမြို့ခံ ရက်ကန်း လုပ်ငန်းရှင် ဦးသန်းနိုင်ထွန်းက ဆိုသည်။

မန္တလေး ဘူတာကြီး ပြောင်းရွှေ့ရန် လိုအပ်ချက်များကို ၁၉၉၃ ခုနှစ်တွင် ဂျပန်နိုင်ငံသား အတိုင်ပင်ခံ ရေးဆွဲ တင်ပြခဲ့သည့် Star Ruby Project ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ရေးဆွဲသည့် နှစ် (၃၀) စီမံကိန်း၊ မန္တလေးတိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက စုစည်း တင်ပြထားသည့် မန္တလေးမြို့ မြို့ပြ စီမံကိန်းနှင့် မြို့ဖွဲ့စည်း တည်ဆောက်ပုံ အစီရင်ခံစာများတွင် စီမံကိန်းကို ရေရှည် စဉ်းစားပြီး ဆောင်ရွက်ရန် အကြံပြုချက်များ တင်ပြထားခဲ့သည်ဟု MCDC တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေး ဘူတာကြီးသည် ၇၈ လမ်းနှင့် ၃၀ လမ်းထောင့်တွင် တည်ရှိပြီး မြစ်ငယ် ကျေးရွာရှိ မီးရထား ပြုပြင် ထိန်းသိမ်းရေး အလုပ်ရုံ စခန်းများသည် မန္တလေးနှင့် ၁၂ မိုင် ဝေးသည်ဟု အမရပူရမြို့နယ် မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment