Friday, February 21, 2014

သာကေတမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

 
 ၂၀.၂.၂၀၁၄ရက်နေ့ ၁၆၄၀အချိန် သာကေတမြို့နယ်၊ ယမုံနာလမ်းအတိုင်း သာကေတဘက်မှ သန်လျင် ဘက်သို့ ယာဉ်မောင်း စိုးရန်နောင်(ဘ)ဦးလှညွန့်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-----တိုယိုတာပရာဒို ခဲရောင်ယာဉ်သည် မြင်တော်သာလမ်းထိပ် ဂိတ်ဟောင်းမှတ်တိုင် အနီး အရောက် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ် ကိုငယ်လေးချို (ဘ)ဦးသိန်းမောင်၊ သာကေတမြို့နယ်နေ သူ စီးနင်းလာသော ဆိုက္ကားနှင့် ကိုကြည်ဝင်း (ဘ)ဦးအေးလွင် သာကေတမြို့နယ်နေသူ စီးနင်းလာသော စက်ဘီးတို့အားတိုက်မိခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကိုငယ်လေးချိုနှင့် ဆိုက္ကားပေါ်ပါ ဒေါ်ရီရီထွန်း၊ ဒေါပုံမြို့နယ်နေသူ တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးဆိုက္ကားပေါ်ပါ မနွေးယွန်းဖြူ (ဒေါ်ရီရီထွန်း၏ သမီး)နှင့် စက်ဘီးစီးနင်းလာသူ ကိုကြည်ဝင်းတို့တွင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီး တွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးရန်နောင် အား သာကေတမြို့မရဲစခန်းယာဉ်(ပ) ၁၀/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment