Sunday, March 16, 2014

အိန္ဒိယနိုင်ငံမှ အမျိုးသမီးတစ်ဦး ဦးခေါင်းနှစ်လုံးပါး ကလေးငယ်တစ်ဦးကို မွေးဖွား

Photo: အိန္ဒိယနိုင်ငံမှ အမျိုးသမီးတစ်ဦး ဦးခေါင်းနှစ်လုံးပါး ကလေးငယ်တစ်ဦးကို မွေးဖွား
Sunday , March 16 , 2014

အိန္ဒိယနိုင်ငံ မှ အမျိုးသမီး တစ်ဦးသည် ယခု သီတင်းပတ် အတွင်း ဦးခေါင်း နှစ်လုံး ပါရှိသည့် ကလေးငယ် တစ်ဦးကို မွေးဖွား ခဲ့ကြောင်း ဗြိတိန်နိုင်ငံ ထုတ် သတင်းစာကြီး တစ်စောင် က မတ်လ ၁၃ ရက်တွင် ဖော်ပြ ခဲ့သည်။

ဟာယာန ပြည်နယ်မှ အသက် ၂၈ ၊နှစ်အရွယ် အာမီလာရှာမာ အမည်ရှိ အမျိုးသမီး သည် ငွေကြေး ချို့တဲ့မှုကြောင့် ကိုယ်ဝန်ဆောင် ကာစ အချိန်တွင် ၄င်း လွယ်ထား ရသည့် ကလေးငယ် ကို အာထရာဆောင်း ရိုက်ရန် တတ်စွမ်းနိုင်ခြင်း မရှိဟု သိရသည်။ သူမသည် ထူးခြားသည့် ကလေးငယ် တစ်ဦးကို ကိုယ်ဝန်ဆောင် ထားရကြောင်းကို ကလေး မမွေးဖွားမီ သီတင်းပတ် နှစ်ပတ် အလိုမှသာ သိရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်းရှိ မီဒီယာ များက ဖော်ပြ ခဲ့သည်။ သူမသည် ယင်းကလေးငယ် ကို မတ်လ ၁၂ ရက် နံနက်ပိုင်းက မွေးဖွား ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် မှာ ဦးခေါင်းနှစ်လုံး ပါရှိသော်လည်း ကျောရိုး ၊ လည်ပင်း နှင့် အခြား အင်္ဂါများမှာ တစ်စုံစီသာ ပါလာခဲ့ သောကြောင့် ဆရာဝန်များ အနေဖြင့် ခွဲစိတ် ကုသရန် အခက်အခဲ ကြုံနေရကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ကိုယ်အင်္ဂါ တစ်ခုတည်းသာ ပါရှိသောကြောင့် ခွဲစိတ် ကုသရန် ခက်ခဲလှကြောင်း ဂျေကေဟင်ဒူ ဆေးရုံမှ ဆရာဝန် များက ပြောကြား ထားသည်။ ရှာမာသည် ပုံမှန် မဟုတ်သည့် သန္ဓေသားလောင်း ကို ကိုယ်ဝန်ဆောင် ထားရကြောင်း ကို အချိန်နှောင်းမှ သိရှိရခြင်းကြောင့် ယခုအခါ မည်သို့မျှ တတ်နိုင်ခြင်း မရှိကြောင်း ၊ မိမိတို့ အနေဖြင့် ကလေးငယ်ကို ကယ်တင်နိုင်ရန် အတွက် အစွမ်းကုန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ဆရာဝန် တစ်ဦး ဖြစ်သူ ဒေါက်တာ မာလစ် က ပြောကြား ခဲ့သည်။

ယခုကဲ့သို့ ကိုယ်အင်္ဂါချင်း ဆက်နေသည့် ကလေးငယ် မျိုးသည် ဖြစ်ထောင့် ဖြစ်ခဲလှပြီး ကလေးငယ် ၂၀၀၀၀၀ တွင် တစ်ဦးမျှသာ ဖြစ်ပွားလေ့ ရှိကြောင်း သုတေသီ များ၏ ပြောကြားချက် အရ သိရှိရသည်။

 (YGT)
PyiChitThar

‪‎PyiChitThar‬

No comments:

Post a Comment