Sunday, March 16, 2014

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် f-18 ဂျက်လေယာဉ်နှင့် ရက်ဒ်ဘူးလ်အသင်း ၏ပြိုင်ကား တို့ အမောင်းပြိုင်ပွဲပြုလုပ်

Photo: သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် f-18 ဂျက်လေယာဉ်နှင့် ရက်ဒ်ဘူးလ်အသင်း ၏ပြိုင်ကား တို့ အမောင်းပြိုင်ပွဲပြုလုပ်
Sunday , March 16 , 2014

မဲလ်ဘုန်း၊ မတ် ၁၄ ။ ။ ရုပ်ရှင်ထဲတွင်သာ ရံဖန်ရံခါ သာတွေ့မြင်နိုင်သည့် ကားနှင့် လေ ယာဉ်ပြိုင်ပွဲ တစ်ခု အား သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပ ခဲ့သည်။

မဲလ်ဘုန်းမြို့အနီးရှိ လေတပ်စခန်း တစ်ခုတွင် သြစတြေးလျတော်ဝင် လေတပ်၏ f-18 ဂျက်လေယာဉ် နှင့် ဖော်မြူလာ ၀မ်းပြိုင်ပွဲဝင် ရက်ဒ် ဘူးလ်အသင်း၏ ပြိုင်ကားတို့ ယှဉ် ပြိုင်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

ရက်ဒ် ဘူးအသင်း၏ ဒရိုင်ဘာသစ်ဒန်နီရယ် ရီကာဒိုမှ ပြိုင်ကားမောင်းနှင်ကာ f-18 ဂျက်လေယာဉ်နှင့်ယှဉ်ပြိုင်ခဲ့ သည်။ တာထွက်ချိန်တွင် ရက်ဒ်ဘူးလ် ၏ပြိုင်ကား က f-18 လေယာဉ်ရှေ့မှ ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် လေယာဉ်၏ ဂျက်အင်ဂျင်နှစ်လုံး ကိုမယှဉ်နိုင်ဘဲ လေယာဉ်ကအပြတ် အသတ်ဦးဆောင် ကာ လေထဲသို့ပျံ တက်သွားခဲ့သည်။

ယခုပြိုင်ပွဲသည် သြ စတြေးလျနိုင်ငံတွင် မကြာမီကျင်းပ တော့ မည့် ဖော်မြူလာ ၀မ်း ဂရင်း ဖရိုက်ဇ် ပြိုင်ပွဲ၏ အကြိုလှုံ့ဆော်မှု တစ်ခုဖြစ် ပြီး လက်ရှိဖော်မြူလာ ၀မ်းချန်ပီယံ ရက်ဒ်ဘူးလ်အသင်းကလည်း ၎င်းင်းတို့ ၏၂၀၁၄ပြိုင်ပွဲများ အတွက် ပြင် ဆင် ထားမှုများကို ထုတ်ဖော်ပြသကာ ဒရိုင်ဘာသစ်ရီကာဒိုကိုလည်း ပွဲထုတ် ခဲ့သည်။

ရက်ဒ်ဘူးအသင်းသည် လာ မည့် ၂၀၁၄ပြိုင်ပွဲများတွင် အောင်မြင် မှုများထပ်မံရယူရန် အကြီးစားပြင်ဆင် မှုများပြုလုပ်ထားပြီး လွန်ခဲ့သောနှစ် များတွင်အသုံးပြုခဲ့သည့် V8 အင် ဂျင်များအစား ပြိုင်ပွဲဝင်ကားများအ ကောင်းဆုံးစွမ်းဆောင်ရည်အတွက် V6 အင်ဂျင် အသစ်များဖြင့် အစားထိုး ထားသည်။

ရက်ဒ်ဘူးလ်အသင်းသည် ပြိုင်ပွဲဝင်ကားများတွင်သာမက ပြိုင် ကားမောင်း သမားများ ကိုပါ အပြောင်း အလဲပြုလုပ်ထားပြီး ဒရိုင်ဘာဟောင်း မက်ဒ်ဘက်ဘာအစား အသက် ၂၄ နှစ်အရွယ် ရီကာဒိုနှင့်အားဖြည့်ထား သည်။

REF :: Daily Mail

Myanmar News Network
ရုပ်ရှင်ထဲတွင်သာ ရံဖန်ရံခါ သာတွေ့မြင်နိုင်သည့် ကားနှင့် လေ ယာဉ်ပြိုင်ပွဲ တစ်ခု အား သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပ ခဲ့သည်။

မဲလ်ဘုန်းမြို့အနီးရှိ လေတပ်စခန်း တစ်ခုတွင် သြစတြေးလျတော်ဝင် လေတပ်၏ f-18 ဂျက်လေယာဉ် နှင့် ဖော်မြူလာ ၀မ်းပြိုင်ပွဲဝင် ရက်ဒ် ဘူးလ်အသင်း၏ ပြိုင်ကားတို့ ယှဉ် ပြိုင်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။

ရက်ဒ် ဘူးအသင်း၏ ဒရိုင်ဘာသစ်ဒန်နီရယ် ရီကာဒိုမှ ပြိုင်ကားမောင်းနှင်ကာ f-18 ဂျက်လေယာဉ်နှင့် ယှဉ်ပြိုင်ခဲ့ သည်။ တာထွက်ချိန်တွင် ရက်ဒ်ဘူးလ် ၏ပြိုင်ကား က f-18 လေယာဉ်ရှေ့မှ ဦးဆောင်နိုင်ခဲ့သော် လည်း နောက်ပိုင်း တွင် လေယာဉ်၏ ဂျက်အင်ဂျင်နှစ်လုံး ကိုမယှဉ်နိုင်ဘဲ လေယာဉ်ကအပြတ် အသတ်ဦးဆောင် ကာ လေထဲသို့ပျံ တက်သွားခဲ့သည်။

ယခုပြိုင်ပွဲသည် သြ စတြေးလျနိုင်ငံတွင် မကြာမီကျင်းပ တော့ မည့် ဖော်မြူလာ ၀မ်း ဂရင်း ဖရိုက်ဇ် ပြိုင်ပွဲ၏ အကြိုလှုံ့ဆော်မှု တစ်ခုဖြစ် ပြီး လက်ရှိဖော်မြူလာ ၀မ်းချန်ပီယံ ရက်ဒ်ဘူးလ်အသင်းကလည်း ၎င်းင်းတို့ ၏၂၀၁၄ပြိုင်ပွဲများ အတွက် ပြင် ဆင် ထားမှုများကို ထုတ်ဖော်ပြသကာ ဒရိုင်ဘာသစ်ရီကာဒိုကိုလည်း ပွဲထုတ် ခဲ့သည်။

ရက်ဒ်ဘူးအသင်းသည် လာ မည့် ၂၀၁၄ပြိုင်ပွဲများတွင် အောင်မြင် မှုများထပ်မံရယူရန် အကြီးစားပြင်ဆင် မှုများပြုလုပ်ထားပြီး လွန်ခဲ့သောနှစ် များတွင်အသုံးပြုခဲ့သည့် V8 အင် ဂျင်များအစား ပြိုင်ပွဲဝင်ကားများအ ကောင်းဆုံးစွမ်းဆောင်ရည်အတွက် V6 အင်ဂျင် အသစ်များဖြင့် အစားထိုး ထားသည်။

ရက်ဒ်ဘူးလ်အသင်းသည် ပြိုင်ပွဲဝင်ကားများတွင်သာမက ပြိုင် ကားမောင်း သမားများ ကိုပါ အပြောင်း အလဲပြု လုပ် ထားပြီး ဒရိုင်ဘာဟောင်း မက်ဒ်ဘက်ဘာအစား အသက် ၂၄ နှစ်အရွယ် ရီကာဒိုနှင့် အားဖြည့် ထား သည်။

REF :: Daily Mail
Myanmar News Network

No comments:

Post a Comment