Saturday, March 15, 2014

မဟာရန်ကုန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဆောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုမည်

Photo: မဟာရန်ကုန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဆောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုမည် 

March 15, 2014 

ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ခွင့်ပြုမည်ဖြစ်ရာ ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုကြောင်းနှင့် မဏ္ဍပ်အကြီးများအား ယခင်နှစ်ကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ် နေရာချထားပေးရေး ကော်မတီ၏ မတ် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွက် ရန်ကုန်တစ်မြို့လုံးတွင် ရေကစားမဏ္ဍပ်အကြီး ၅၇ ခု၊ မဏ္ဍပ် အလတ် ၃၆ ခုခွင့်ပြုပေးမည်ဖြစ်ပြီး မဏ္ဍပ်အကြီးများအား ပြည်လမ်းတွင် လေးခု၊ ကမ္ဘာအေး စေတီလမ်းတွင် ၁၀ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၆ ခု ၊ ဆရာစံလမ်းတွင် သုံးခုခွင့်ပြုမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်က ရန်ကုန်မြို့၌ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅ ခု၊ ပြည်လမ်းတွင် သုံးခုနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ၁၀ ခုအပါအ၀င် သင်္ကြန်မဏ္ဍပ် အရေအတွက် ၅၀ ကျော်သာ ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင်မူ မဏ္ဍပ်ဆောက်လုပ်ခွင့်များကို နှစ်ဆနီးပါးပိုမိုခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်သည်။ ရှေးယခင်နှစ်များက မဟာရန်ကုန် သင်္ကြန်တွင် မဏ္ဍပ်များဖြင့် စည်ကားခဲ့သော အင်းလျားလမ်းကိုမူ ယခုနှစ်တွင်လည်း မဏ္ဍပ်များဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း၊ အင်းလျားလမ်းတွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှစတင်၍ မဏ္ဍပ်ဆောက်ခွင့် မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များအတွက် စည်းကမ်းချက်များကိုလည်း ပြီးခဲ့သည့် နှစ်များအတိုင်း ထုတ်ပြန်ထားပြီး ရေကစားမဏ္ဍပ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရမည်ဟု သိရသည်။

မဏ္ဍပ်ဆောက်လုပ်မည် ဆိုပါက မဏ္ဍပ်အကြီး တစ်ခုလျှင် အာမခံ စပေါ်ငွေအဖြစ် ယခင်နှစ်က ပေးသွင်းခဲ့ရသည့် နှုန်းထားဖြစ်သော ကျပ် ၇၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး မဏ္ဍပ်အလတ် တစ်လုံးလျှင် ကျပ် ၄၅ သိန်းပေးသွင်း ထားရမည်ဟု မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ် ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားမှု ဆိုးရွားစွာ မရှိခဲ့သော်လည်း ရေကစားမဏ္ဍပ်  အကြီးများ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ ကောက်ခံခဲ့မှုများရှိခဲ့ပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များ အများဆုံးဖြစ်ခဲ့ကာ အချို့မဏ္ဍပ်များမှာ ဒဏ်ကြေးငွေကျပ်သိန်း ၅၅  အထိ ပေးဆောင်ခဲ့ရမှုများပင်ရှိခဲ့ပြီး ယင်းသို့ စည်းကမ်းဖောက်ဖျက်မှု များပြားသည့် မဏ္ဍပ်များကို ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ချထားပေးတော့မည် မဟုတ်ကြောင်း မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group
ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ခွင့်ပြုမည်ဖြစ်ရာ ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုကြောင်းနှင့် မဏ္ဍပ်အကြီးများအား ယခင်နှစ်ကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ် နေရာချ ထားပေးရေး ကော်မတီ၏ မတ် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွက် ရန်ကုန်တစ်မြို့လုံးတွင် ရေကစားမဏ္ဍပ်အကြီး ၅၇ ခု၊ မဏ္ဍပ် အလတ် ၃၆ ခုခွင့်ပြုပေးမည်ဖြစ်ပြီး မဏ္ဍပ်အကြီးများအား ပြည်လမ်းတွင် လေးခု၊ ကမ္ဘာအေး စေတီလမ်းတွင် ၁၀ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၆ ခု ၊ ဆရာစံလမ်းတွင် သုံးခုခွင့်ပြုမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်က ရန်ကုန်မြို့၌ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅ ခု၊ ပြည်လမ်းတွင် သုံးခုနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ၁၀ ခုအပါအ၀င် သင်္ကြန်မဏ္ဍပ် အရေအတွက် ၅၀ ကျော်သာ ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင်မူ မဏ္ဍပ်ဆောက်လုပ်ခွင့်များကို နှစ်ဆနီးပါးပိုမိုခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်သည်။ ရှေးယခင်နှစ်များက မဟာရန်ကုန် သင်္ကြန်တွင် မဏ္ဍပ်များဖြင့် စည်ကားခဲ့သော အင်းလျားလမ်းကိုမူ ယခုနှစ်တွင်လည်း မဏ္ဍပ်များဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း၊ အင်းလျားလမ်းတွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှစတင်၍ မဏ္ဍပ်ဆောက်ခွင့် မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များအတွက် စည်းကမ်းချက်များကိုလည်း ပြီးခဲ့သည့် နှစ်များအတိုင်း ထုတ်ပြန်ထားပြီး ရေကစားမဏ္ဍပ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရမည်ဟု သိရသည်။

မဏ္ဍပ်ဆောက်လုပ်မည် ဆိုပါက မဏ္ဍပ်အကြီး တစ်ခုလျှင် အာမခံ စပေါ်ငွေအဖြစ် ယခင်နှစ်က ပေးသွင်းခဲ့ရသည့် နှုန်းထားဖြစ်သော ကျပ် ၇၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး မဏ္ဍပ်အလတ် တစ်လုံးလျှင် ကျပ် ၄၅ သိန်းပေးသွင်း ထားရမည်ဟု မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ် ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားမှု ဆိုးရွားစွာ မရှိခဲ့သော်လည်း ရေကစားမဏ္ဍပ် အကြီးများ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ ကောက်ခံခဲ့မှုများရှိခဲ့ပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များ အများဆုံးဖြစ်ခဲ့ကာ အချို့မဏ္ဍပ်များမှာ ဒဏ်ကြေးငွေကျပ်သိန်း ၅၅ အထိ ပေးဆောင်ခဲ့ရမှုများပင်ရှိခဲ့ပြီး ယင်းသို့ စည်းကမ်းဖောက်ဖျက်မှု များပြားသည့် မဏ္ဍပ်များကို ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ချထားပေးတော့မည် မဟုတ်ကြောင်း မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment