မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana ဟာ မြန် မာနိုင်ငံအတွက် သူ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ် လေ့လာသုံးသပ်ချက်တွေနဲ့ ပါတ်သက်လို့ Switzerland နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှာသတင်းစာရှင်းလင်းပွဲအခုပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိစ္စ၊ ရခိုင်ပြည်နယ်ဖက်က အခြေအနေ၊ နယ်စပ်တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာရှိတဲ့ ကိစ္စတွေနဲ့ သတင်းထောက်ေ တွ၊ အခွင့်အရေး တောင်းဆိုနေတဲ့ သူတွေအပေါ်မှာ ဆက်လက်ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အဓိကထားပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားနေပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လက နောက်ဆုံးသွားခဲ့အပြီး တွေ့ရှိချက်တွေကိုတင်ပြထားတဲ့ အစီရင်ခံစာကို Mr. Quintana က လူ့အခွင့်အရေးကောင်စီရဲ့ ၂၅ ကြိမ်မြောက် စည်းဝေးပွဲမှာ ဗုဒ္ဓဟူးနေ့ကပဲ တင်ပြခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
No comments:
Post a Comment