Saturday, March 1, 2014

ဘဏ္ဍာနှစ်မကုန်မီ ကုမ္ပဏီအခွန် ရာနှုန်းပြည့် ကောက်ခံပြီးစီး

၂၀၁၃-၁၄ ဘဏ္ဍာနှစ် မကုန်ဆုံးမီ (မတ်လ ၃၁ ရက်နေ့မတိုင်မီ) ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ကုမ္ပဏီများထံမှ အခွန်ရာနှုန်းပြည့် ကောက်ခံပြီးစီးပြီ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးထံမှ သိရှိရသည်။


ယခုဘဏ္ဍာနှစ်၏ ကုမ္ပဏီများထံမှ ကောက်ခံရန် လျာထားချက် ကျပ် ၁၂၆၄ ဘီလီယံကို ကောက်ခံနိုင်ခဲ့ခြင်း ဖြစ်ပြီး အခွန်မဆောင်သေးသည့် ကုမ္ပဏီများ ထံမှလည်း ဆက်လက်ကောက်ခံမည် ဖြစ်ကြောင်း အဆိုပါဌာန ဌာနမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။ “ဒီလိုဘဏ္ဍာနှစ် မကုန်မီ လျာထားချက် ပြည့်မီအောင် ကောက်ခံ ရရှိတာ အခွန်ထမ်းတွေ များလာလို့ပါ” ဟု ၎င်းက ပြောဆိုသည်။

ကုမ္ပဏီများထံမှ ကောက်ခံရရှိမှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကထက် ကျပ် ၃၀၀ ဘီလီယံကျော် ပိုများကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများ ရုံးတွင် မြန်မာတစ်နိုင်ငံလုံးရှိ အခွန်ထမ်းဦးရေ ၁၆၀၀၀ ကျော် ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment