Sunday, March 2, 2014

တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် မှော်ဘီမြို့နေ ဒေါ်နွယ်နွယ်သင်းမှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်ပါခရီးသည်များတွင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန် ဆေးရုံကြီး၌ ကျား (၂)ယောက်၊မ(၅)ယောက်မှာ အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ်လည်းကောင်း၊ တိုက်ကြီးဆေရုံ၌ ကျား (၁၀)ယောက်၊ မ(၂)ယောက်မှာ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိ ပါသည်။

ယင်းကဲ့သို့ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးမင်းထိုက် ကို တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ) ၁၄/၂၀၁၄၊ ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment