Sunday, March 2, 2014

ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်

Photo: ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်
Sunday, March 2, 2014

မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချသွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များမှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာတစ်ခုဖြစ်လာသော Lumpini  ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက ဆန္ဒပြသူများကို မောင်းထုတ်ရန် ကြိုးပမ်းလာခြင်းကြောင့်မဟုတ်ဘဲ ဘန်ကောက်ဒေသခံများ၏ အဆင်မပြေမှုကို သိရသဖြင့် ၎င်းတို့ကို  ပြန်ပေးရန်အတွက် မိမိတို့၏ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီက ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဆူသက်က ပြောကြားခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ မိသားစုက ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများကို နှောင့်ယှက်ရန်နှင့် အစိုးရရုံးများကို ပိတ်ပစ်ရန် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ညစဉ်နီးပါး လက်ပစ်ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ နှင့် ဆန္ဒပြသည့်နေရာများတွင် တိုက်ခိုက်မှုများကြောင့် ကလေးလေးဦး သေဆုံးခဲ့သည်။ ထိုင်းတွင် ယင်လက်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းသော ဆန္ဒပြမှုများနှင့် ဆက်နွယ်သော နိုင်ငံရေးပဋိပက္ခအတွင်း လူ ၂၃ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်းတွင် ယင်လက်အစိုးရ ထောက်ခံသူများကလည်း လမ်းပေါ်ထွက်ဆန္ဒပြမည်ဟု ခြိမ်းခြောက်ခဲ့ပြီး အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုများအား  လက်နက်ကိုင်ခုခံမည်ဟုပင် ခြိမ်းခြောက်လာခဲ့သည်။

ထိုင်းမြောက်ပိုင်းတွင် ရောက်ရှိနေသော ယင်လက်က အစိုးရအဖွဲ့သည် ဆွေးနွေးညှိနှိုင်းမှုများကို လိုလားကြောင်း၊ သို့သော် ဆန္ဒပြသူများသည် ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို ပိတ်ဆို့ခြင်းအား ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ကာကွယ်ရန်မှာ ၎င်း၏တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆန္ဒပြမှုများ အားကောင်းလာခဲ့ပြီးနောက် ယင်လက်ကကြားဖြတ်ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့သည်။ သို့သော် ဆန္ဒပြသူများ၏ နှောင့်ယှက်မှု ကြုံတွေ့ခဲ့ရပြီး ခရိုင်အများအပြား၌ မတ် ၂ ရက်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။         

Ref:AP
Eleven Media Group

မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်
မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်

မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချ သွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များ မှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာ တစ်ခုဖြစ် လာသော Lumpini  ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။


အစိုးရက ဆန္ဒပြသူများကို မောင်းထုတ်ရန် ကြိုးပမ်းလာခြင်းကြောင့်မဟုတ်ဘဲ ဘန်ကောက်ဒေသခံများ၏ အဆင်မပြေမှုကို သိရသဖြင့် ၎င်းတို့ကို  ပြန်ပေးရန်အတွက် မိမိတို့၏ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်း လဲရေးကော်မတီက ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဆူသက်က ပြောကြားခဲ့သည်။ သို့သော် ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ မိသားစုက ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများကို နှောင့်ယှက်ရန်နှင့် အစိုးရရုံး များကို ပိတ်ပစ်ရန် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း၎င်းက ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ညစဉ်နီးပါး လက်ပစ်ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ နှင့် ဆန္ဒပြသည့်နေရာ များတွင် တိုက်ခိုက်မှုများကြောင့် ကလေးလေးဦး သေဆုံးခဲ့သည်။ ထိုင်းတွင် ယင်လက်အစိုးရကို ဖြုတ်ချရန်ကြိုးပမ်းသော ဆန္ဒပြမှုများနှင့် ဆက်နွယ်သော နိုင်ငံရေးပဋိပက္ခအတွင်း လူ ၂၃ ဦး သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်းတွင် ယင်လက်အစိုးရ ထောက်ခံသူများကလည်း လမ်းပေါ်ထွက် ဆန္ဒပြမည်ဟု ခြိမ်းခြောက်ခဲ့ပြီး အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုများအား  လက်နက်ကိုင်ခုခံမည်ဟုပင် ခြိမ်းခြောက်လာခဲ့သည်။

ထိုင်းမြောက်ပိုင်းတွင် ရောက်ရှိနေသော ယင်လက်က အစိုးရအဖွဲ့သည် ဆွေးနွေးညှိနှိုင်းမှုများကို လို လားကြောင်း၊ သို့သော် ဆန္ဒပြသူများသည် ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ် များကို ပိတ်ဆို့ခြင်းအား ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ကာကွယ်ရန်မှာ ၎င်း၏တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆန္ဒပြမှုများ အားကောင်းလာခဲ့ပြီးနောက် ယင်လက်ကကြားဖြတ်ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့သည်။ သို့သော် ဆန္ဒပြသူများ၏ နှောင့်ယှက်မှု ကြုံတွေ့ခဲ့ရပြီး ခရိုင်အများအပြား၌ မတ် ၂ ရက်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။         

Ref:AP
Eleven Media Group

No comments:

Post a Comment