Thursday, March 20, 2014

စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ခြင်းသည် တရားဝင်ကြောင်း တရားရုံးကအမိန့်ချမှတ်

Myawady News's photo.
မိန်းကလေးတွေရဲ့ စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်တာ ဟာ တရားဝင်တယ်လို့ မက်ဆာချူးဆက်ပြည်နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နယ်ရဲ့ မြေအောက်ရထားလိုင်းမှာ ဖုန်းနဲ့ မိန်းကလေးတွေကို ဓာတ်ပုံခိုးရိုက်နေတဲ့ မိုက်ကယ်ရောဘတ်ဆန်ဆိုတဲ့လူကို၂၀၁၀သြဂုတ်လမှာရဲကဖမ်းမိပြီး အောက်တရားရုံးကစွဲချက်တင်ခဲ့ပေမဲ့ အထက်တရားရုံးက ပြန်လည်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

Myawady News's photo. 
လက်ရှိတည်ဆဲဥပဒေက အဝတ်အစားလဲခန်းနဲ့ ရေချိုးခန်းတွေမှာ အဝတ်အစားလုံးဝမပါ၍ဖြစ်စေ၊ အဝတ်အစားအတော်အသင့်ပါ၍ဖြစ်စေ ဓာတ်ပုံရိုက်ခံရပါက ဥပဒေချိုးဖောက်ခြင်း ဖြစ်သော်လည်း အများပြည်သူရှိရာနေရာမှာ အဝတ်အစားဝတ်ထားတဲ့လူတွေကိုတော့ လက်ရှိဥပဒေက ကာကွယ်ထားခြင်း မရှိဘူးလို့ တရားရုံးကပြောကြားခဲ့ပါတယ်။

မက်ဆာချူးဆက်လွှတ်တော်အမတ် ရောဘတ်ဒီလီယိုက ဥပဒေကို ရှင်းရှင်းလင်းလင်းပြုလုပ်ဖို့အတွက် အမတ်များက နည်းလမ်းတစ်ခုကို ရှာဖွေနေကြောင်းပြောကြားခဲ့ပါတယ်။

“အထက်တရားရေးရုံးရဲ့ အမိန့်ချမှတ်မှုဟာ လက်ရှိဥပဒေရဲ့အနှစ်သာရနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ယနေ့နည်းပညာခေတ်နဲ့အညီဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို လွှတ်တော်က အဆင့်မြှင့်တင်မှုတွေ စတင်ဆောင်ရွက်နေပါပြီ” လို့ ဒီလီယိုက ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။
 
Myawady News

No comments:

Post a Comment