Wednesday, March 19, 2014

တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်


(ဘဲလားလေဘာတီ)
ခရီးသည် ၂၃၉ ဦးပါတဲ့ လေယာဉ် MH 370 အစအန ပျောက်ဆုံးနေခဲ့တာ ဒုတိယပတ်ထဲကို ရောက်နေ ပါပြီ။ ပျောက်တဲ့နေ့ကစပြီး ယနေ့အထိ နိုင်ငံပေါင်း၂၀ ကျော် တို့က တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ တစ်ခွင်ကို ပြဲပြဲစင်အောင် ရှာဖွေနေကြဆဲပါ။ ပထမတော့ လေယာဉ်ဟာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကို အကြမ်းဖက် သမားတွေကို ပစ်မှတ်ထားခဲ့ပြီး လေယာဉ် ပျက်ကျသွားပြီလို့ အတည်ပြုလို့ အထက်ပါတိုင်း တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတစ်ခွင် ပြဲပြဲစင်အောင် ရှာဖွေနေခဲ့ကြရာမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့ မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ဟာ
ခုနစ်နာရီခရီးကို ဆက်လက် ပျံသန်းနေခဲ့တယ်လို့လည်း ဆိုပြန်ပါတယ်။ လေကြောင်း ဌာနကလည်း MH 370 မှာ ခုနစ်နာရီ ပျံသန်းဖို့လောက်ပဲ ဆီတွေ ရှိနေတယ်လို့လည်း ဆိုလာပါတယ်။ မှန်ပါတယ်။ မလေးကနေ တရုတ် Beijing အထိကို Flight Hour က ခြောက်နာရီနီးပါး ရှိနေပါတယ်။ ဒီတော့ Beijing ကိုရောက်ရင် MH 370 က ဆီပြန်ဖြည့်ရမှာပါ။ ဒီတော့ မလေးစစ်တပ်က ပြောသလို လေယာဉ်က သူတို့ Radar ရဲ့ Data အရ ခုနစ်နာရီအထိ ဆက်ပျံသန်းနေခဲ့တယ် ဆိုထားပါတယ်။ တကယ်တော့ လေယာဉ်တစ်စင်းမှာ ဆီခုနစ်နာရီစာရှိလို့ အားလုံးခန်းတဲ့အထိ ပျံသန်းလို့ မရပါဘူး။ ဆီခန်းတာနဲ့ ပေါက်ကွဲ ပျက်ကျ သွားနိုင်ပါတယ်။ ဒီတော့ အမေရိကန် သို့မဟုတ် မလေးစစ်တပ်ရဲ့ ဒီ Information က သဘာဝယုတ္တိ မရှိပါဘူး။ ထားပါတော့ သူတို့ပြောတဲ့အတိုင်း ခုနစ်နာရီ ပျံသန်းခဲ့ရင်လည်း အဲဒီ ခုနစ်နာရီ အကြာမှာ လေယာဉ်က ရပ်သွားပါပြီ။ ဒီတော့ လေယာဉ်တစ်စင်း မိုင် ၄၅၀ ကနေ ၅၀၀ နှုန်းအထိ ပျံသန်းပါတယ်။ ဒီတော့ MH 370 က မူလပြန်ကွေ့သွားတဲ့ နေရာကနေ အနီးဆုံး မိုင် ၂၇၀၀ နဲ့ အဝေးဆုံးမိုင် ၃၁၅၀ မှာ ရှိနေမှာ ဖြစ်ပါတယ်။ မလေးစစ်တပ် Radar မှာ ပေါ်တယ်ဆိုခဲ့ရင် အဲဒီလေယာဉ်က Bearing ဘယ်လောက်မှာ ရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒီတော့ Distance နဲ့ Bearing ကိုရမှတော့ လေယာဉ်ရဲ့ Position ကို အနီးစပ်ဆုံး ရနိုင်တာမို့ အခုလို စတုရန်းမိုင် တစ်ထောင်အထိ ရှာပုံတော်ဖွင့်နေစရာ လိုမှမလိုတာပဲလေ။ ဒါကြောင့် မလေးစစ်တပ် Radar ရဲ့ Wrong Signal သို့မဟုတ် Radar Observer ရဲ့ Error လို့တောင် ပြောလို့ ရနေပါပြီ။ နောက်တစ်ခုက မလေးစစ်တပ်က ဘာကိုမှ အတိကျ မပြောနိုင်သေးဘဲ စစ်တပ်က Black Box ကို Manually ပိတ်ပြီး Course ပြောင်းခဲ့တယ်လို့ ဆိုရာကနေ ဒီနေ့ Flight Captain ကို သင်္ကာမကင်းဖြစ်လို့ Captain ရဲ့ နေအိမ်ကိုသွားပြီး စစ်ဆေးနေကြလေရဲ့။ တကယ်တော့ ဒီနေ့ MH 370 ပြဿနာကို Logically စဉ်းစားတွေးခေါ် အဖြေရှာသင့်ပါတယ်။
ဒီနေရာမှာ လေယာဉ် ပေါက်ကွဲသွားတာနဲ့ Hijack လုပ်ခံရတယ်ဆိုတဲ့ အချက်နှစ်ချက်မှာ ဘယ်ဟာဖြစ်နိုင်လဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ Black Box ဆိုတာက Flight Data Box ပဲဖြစ်ပါတယ်။ ဒီ Box က Transmit - Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်။ Block Box ပျက်သွားရင် ယခုလို လေယာဉ်က ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်သွား တတ်ပါတယ်။ သို့သော် Block Box က အလွန်ပျက်ခဲပါတယ်။ သာမန် လေယာဉ် ပျက်ကျတာတောင် Block Box က မပျက်စီးနိုင်သလို လေယာဉ် တစ်စင်း ပျက်ကျရင် သက်ဆိုင်ရာက Block Box ကို အရရှာကြရပါတယ်။ Block Box တွေ့ရင် လေယာဉ် ရဲ့ ဖြစ်ခဲ့တဲ့ ပြဿနာ အားလုံးကို သိနိုင်ပါတယ်။ ဒါကြောင့် Block Box က လေယာဉ် တစ်စင်းလုံးရဲ့ အသက်ပါပဲ။ လေယာဉ်တစ်စင်းမှာ Block Box ပျက်စီးဖို့ ဆိုတာက ကြီးမားတဲ့ ပေါက်ကွဲမှု တစ်ခု ဖြစ်မှသာ ပျက်စီးနိုင်သလို Block Box ကို Flight Captain က တမင်သက်သက် သူ့သဘောနဲ့သူ ပိတ်ပစ်စရာအကြောင်း လုံးဝမရှိပါဘူး။ သင်္ဘော Captain နဲ့ Flight Captainတွေက သူတို့မှာ မိမိ Crew နဲ့ Passenger တွေကို အသက်နဲ့လဲပြီး ကာကွယ်ဖို့ တာဝန်ရှိနေသလို အဲဒီတာဝန်ကိုလည်း လေးစားတတ်ကြ ပါတယ်။ သင်္ဘောတစ်စင်း နစ်တော့မယ်ဆိုရင် Captain က မိမိ Crew အားလုံး Life Boat ပေါ်စုံမှ နောက် ဆုံးမှ သင်္ဘောက ဆင်းရတာမျိုးပါ။
ဒါပေမဲ့ ဒီနေ့ မလေးဝန်ကြီးက MH 370 Captain က လေယာဉ်ကို ပြန်ပေးဆွဲသွားတယ်လို့ သင်္ကာမကင်း ဖြစ်သွားတယ် ဆိုကတည်းက မလေးစစ်တပ်နဲ့ ဝန်ကြီးတို့က အလွန် Confuse ဖြစ်နေ ကြပြီး ပြဿနာတစ်ခုကို Logically မစဉ်းစားကြဘဲ ယုန်ထင်ကြောင်ထင်တွေ လျှောက်ပြောနေ သလို ဖြစ်လာနေပြီး တဖြည်းဖြည်း ဝန်ကြီးလည်း Color Out လာနိုင်ပါတယ်။ ဒီပြဿနာမှာ ပြန်ပေးဆွဲခံရတာနဲ့ ပေါက်ကွဲ ပျက်ကျသွားတယ် ဆိုတဲ့အချက်မှာ ဘယ်ဟာက ဖြစ်နိုင်ခြေရှိလဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ ဒီတော့ လေယာဉ်ကို ပြန်ပေးဆွဲရာမှာ အကြမ်းဖက်သမားတွေသာ ဖြစ်တတ်ကြပြီး အကြမ်းဖက်သမားတွေက Anti American ဖြစ်နေတာများတာမို့ အမေရိကန်နဲ့ အမေရိကန် မဟာမိတ် ဗြိတိသျှ လေယာဉ်မျိုးတွေကိုသာ ဆွဲတတ်ကြတာမျိုး။ အခုလို အစ္စလာမ်နိုင်ငံ မလေးပိုင် လေယာဉ်ကို ပြန်ပေးဆွဲဖို့ အားအလွန်နည်းပါတယ်။ နောက်တစ်ချက် အကြမ်းဖက်သမားတွေမှာ Hijack လုပ်ရတဲ့ အကြောင်းရင်းနှစ်ခုပဲ ရှိပါတယ်။ တစ်အချက်ကတော့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုကြောင့် Hijack လုပ်တဲ့ လေယာဉ်ပျံတွေကို မိမိကိုယ်မိမိပါ စတေးပြီး အားလုံးကို အသားလွတ် ဖောက်ခွဲ ဖျက်ဆီးပစ်တာမျိုးရယ်၊ နှစ်အချက်ကတော့ သူတို့မှာ လေယာဉ်နဲ့ ခရီးသည်တွေကို ဓားစာခံ ခေါ်ထားပြီး တစ်ခုခုကို အစိုးရတွေဆီက တောင်းဆိုဖို့ပဲ ဖြစ်ပါတယ်။ သုံးအချက်ကတော့ အကြမ်းဖက်သမားတွေ ဘယ်တော့မှ Ground Stationတွေနဲ့ အဆက်ပြတ်အောင် Black Box သို့မဟုတ် Communication တွေကို ပြတ်တောက်အောင် မလုပ်တတ်ကြပါဘူး။ ဖောက်ခွဲရင်လည်း လူသိရှင်ကြား လုပ်ပြီးမှ ဖောက်ခွဲပစ်ကြသလို သူတို့မှာ တောင်းဆိုစရာရှိလည်း ခေါင်းဆောင်ကိုယ်တိုင် တာဝန်ရှိသူများနဲ့ တိုက်ရိုက် ဆက်သွယ်လို့ တောင်းဆို တတ်ကြပါတယ်။ ဒီတော့ MH 370 ကို ပြန်ပေးဆွဲ သွားကြတယ်ဆိုရင် ပြန်ပေးက တစ်ခုခုကို တောင်းဆိုရမှာ ဖြစ်သလို တောင်းဆိုမှုအတွက် တစ်ပတ်ကိုးသီတင်း ကြာနေစရာလည်း အကြောင်း မရှိနိုင်ပါဘူး။
နောက်တစ်ချက် ယနေ့ Flight Captain ကို သင်္ကာမကင်းဖြစ်လို့ စစ်ဆေးနေကြရအောင် Captain က မလေးလူမျိုး စစ်စစ်ပါ။ ပြီးတော့ သူ့မှာ မိသားစုတွေနဲ့ နိုင်ငံတိုင်းမှာ Pilot ဆိုတာက အဆင့်အတန်းရှိရှိ နေနိုင်တဲ့ လူတန်းစားထဲ ပါနေသလို ပညာတတ်လည်း ဖြစ်ကြပါတယ်။ မလေးစစ်တပ်က ပြောသလို Captain က Black Box ကိုပိတ်ပြီး လေယာဉ်ကို Andaman Islands အက်ဒမင် ကျွန်းစုဆီကို Cause ပြောင်းသွားတယ်ဆိုတာ ဘာလုပ်ဖို့လဲ။ သူက ပြန်ပေးဆွဲ သွားတယ်ပဲထား။ ဘာကို တောင်းဆိုမှာလဲ။ ယနေ့အထိ ဘာကိုမှ မတောင်းဆိုဘဲ ဘာလို့ငြိမ်နေစရာ ရှိမလဲ။ ပြီးတော့ လေယာဉ်ဆိုတာက Cell Phone လို Sin Card ဖြုတ်လွှတ်ပစ်ပြီး ရောင်းစားလို့ ရတာမျိုးမှ မဟုတ်တာပဲလေ။ နောက်တစ်ချက်က လေယာဉ်တစ်စင်းမှာ ပေါက်ကွဲ ပျက်စီးနိုင်တာက အကြမ်းဖက်သမားတွေ တက်ပြီး ဗုံးဖောက်ခွဲမှ မဟုတ်ပါဘူး။ လေယာဉ်ရဲ့ Fuel System က Leakage or internal crack တစ်ခုခုက လေယာဉ် မတက်ခင်ကတည်းက ရှိနေခဲ့ရင် အဲဒီ လေယာဉ်တက်လို့ တစ်နာရီ နှစ်နာရီအတွင်း Speed တင်လာတာနဲ့ Leakage or Crack တွေကြောင့် လေယာဉ်က ရုတ်တရက် ပေါက်ကွဲ သွားတတ်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ အာကာသယာဉ် ကိုလံဘီယာ ဒီလိုပုံစံအတိုင်းပဲ ပေါက်ကွဲခဲ့ရတာပါပဲ။
ဘာပဲဖြစ်ဖြစ် ယနေ့အထိ မလေးဝန်ကြီးတွေရဲ့ သတင်းထောက်များကို ပြောနေတဲ့ ရှင်းလင်းပွဲတိုင်းမှာ MH 370 က ပြန်ပေးဆွဲ ခံထားရတယ်လို့သာ အတည်ယူ ပြောနေကြတာတော့ အမှန်ဖြစ်နေပေမယ့်ံ Hijack လုပ်ရခြင်းရဲ့အကြောင်းတရား အရင်းခံက ဘာဖြစ်နိုင်လဲ၊ ပြန်ပေးသမားတို့ရဲ့ သဘာဝအတိုင်း ဘာကြောင့် အကြမ်းဖက်သမားတွေက ဘာကိုမှ မတောင်းဆိုဘဲ တစ်ပတ်ကိုးသီတင်း ရေငုံနေကြရတာလဲ ဆိုတာကို ဘာမှ မစဉ်းစားကြသလို Pilot ကကော သူ့မိသားစုတွေ ဒီမှာပစ်ထားပြီး ဘယ်လိုအကြောင်းကြောင့် လေယာဉ်ကို ပြန်ပေးဆွဲစရာ ရှိနိုင်မလဲ ဆိုတာတွေကိုတော့ ဘယ်သူကမှ တွေးခေါ် စဉ်းစားကြတာမျိုး မရှိကြပါဘူး။ ယနေ့ ဝန်ကြီးရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲ ကျတော့လည်း ယနေ့အထိ တောင်လား၊ မြောက်လားတောင် မသိသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးလား ဆိုတာကို သိလိုက်ရပါတယ်။
နောက်ဆုံး အားလုံးက Hijack လုပ်ထားသူတွေက ဘာကိုမှ မတောင်းဆိုဘဲ ဘာကြောင့် တစ်ပတ် ကိုးသီတင်း ရေငုံနေစရာ ရှိနိုင်မလဲ ဆိုတာကို တွေးခေါ်စဉ်းစား ယူတတ်ရင် MH 370 ရဲ့ အဖြေက ထွက်သွားနိုင်ပါတယ်။ ပြန်ပေးဆို တစ်ခုစဉ်းစားစရာ ရှိနေတာက တရုတ်က တစ်လောက တရုတ် အစ္စလာမ် ဘာသာဝင်တွေကို အကြီးအကျယ် နှိပ်ကွပ်ခဲ့တာမို့ တရုတ်လူမျိုး အများဆုံးပါတဲ့ ဒီလေယာဉ်ကို ကလဲ့စားချေချင်လို့ လုပ်သွားတာမျိုးလား ဆိုတာလေး တစ်ခုကိုတော့ စဉ်းစားစရာ ရှိပါတယ်။ နောက်တစ်ခုက Pilot က ပြန်လှည့်ပြီး အိန္ဒိယ Andaman ကျွန်းစုဘက်ကို သွားတယ်ဆိုရင် Communication ပြတ်တောက်သွားလို့ သို့မဟုတ် ပြဿနာ တစ်ခုခုကြောင့် ပြန်လှည့်ပြီး Safety Landing Area တစ်ခုကို ရှာဖို့သွားတာမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် လေယာဉ် ပြန်ပေးဆွဲဖို့ ပြန်လှည့် သွားတာမျိုး အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် MH 370 နဲ့ ခရီးသည်အားလုံးနဲ့ Ship Crew အားလုံး ဘေးမသီရန်မခဘဲ ဂမ္ဘီရဆန်ဆန် ပြန်ရောက်လာနိုင် ကြပါစေသော်။
 The Voice Weekly

No comments:

Post a Comment