Friday, March 28, 2014

စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို

Photo: စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန်  အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို

ရန်ကုန်၊ မတ်လ ၂၇

စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမားများ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်းမသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ နွေစပါးများ စတင်ပေါ်နေပြီ ဖြစ်ရာ ယခုနှစ် တစ်ဧက အထွက်နှုန်းသည် ပျမ်းမျှ တင်း ၆၀ ဝန်းကျင်ခန့်သာ ထွက်ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေစပါး ထွက်နှုန်းအောက် တင်း ၂၀ ခန့် အထွက်နှုန်း လျော့ကျခဲ့ကြောင်း၊ ယင်းသို့ အထွက်နှုန်း ကျဆင်းခဲ့သည့် နှစ်တွင် စပါးဈေးနှုန်းများပါ ကျဆင်းလျက် ရှိခြင်းကြောင့် ဒေသခံ စိုက်ပျိုးရေး တောင်သူများမှာ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန်ပင် အခက်တွေ့လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများက ပြောကြားသည်။

“စပါး စပေါ်တုန်းကတော့ တင်းတစ်ရာ ကျပ်လေးသိန်းလောက် အထိ ဖြစ်လိုက်သေးတယ်။ အခု ဧည့်မထ အုပ်စုတွေက သုံးသိန်းဝန်းကျင်မှာ ရှိတော့တယ်။ ဈေးပြုတ်ကျတာ တစ်လခွဲလောက်ရှိပြီ။ ဝယ်သူတောင် မရှိတော့ဘူး။ ဘဏ်ကြွေးဆပ်ဖို့ အခက်တွေ့နေတယ်။ ဟင်္သာတ လယ်သမားတွေ စုပြီး ပြည်ထောင်စု ဝန်ကြီးဆီ တင်ပြဖို့ လုပ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အခြေစိုက် လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းခိုင်စိုးက ဆိုသည်။

အလားတူ စပါးဈေး နှိမ်ဝယ်ယူမှု ခံနေရခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ လယ်သမားများ စုပေါင်း၍ အခြေခံ စပါးဈေး တင်းတစ်ရာ ကျပ်လေးသိန်းနှုန်း သတ်မှတ်မပေးပါက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများထံမှ သိရသည်။

“အခု ဧည့်မထ အုပ်စုဝင်တွေက အလေးချိန်ပေါ် မူတည်ပြီး လေးသိန်းဝန်းကျင်လောက် ဈေးပေါက်နေပါတယ်။ ဒီဈေးက လယ်သမားတွေအတွက် အဆင်ပြေပါတယ်။ ဒီထက် ဈေးကျသွားမယ် ဆိုရင် လယ်သမားတွေအနေနဲ့ အသင်းချုပ်ကို ဆက်သွယ်ပါ။ သုံးသိန်းခွဲအောက် ကျသွားတယ် ဆိုရင်တော့ အရန်ဆန် ကော်မတီကနေ ဆန်ဝယ်ယူ ပေးသွားမှာပါ” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းရက်များ အတွင်းက တရုတ် ဆန်ဈေးကွက်၏ ဆန်ဝယ်ယူမှုများ ထိုးကျသွားခဲ့ခြင်းကြောင့် ပြည်တွင်းရှိ ဆန်စက်ပိုင်ရှင်များ အနေဖြင့် ဆန်ဝယ်ယူ ကြိတ်ခွဲနိုင်မှု မပြုနိုင်၍ ယင်းသို့ ပြည်တွင်း စပါးဈေးများ ကျသွားခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင် အခြေစိုက် ဆန်လုပ်ငန်းရှင် ဦးကျော်ကျော်က ပြောကြားသည်။

တရုတ်နှစ်သစ်ကူး ကာလမှ စတင်၍ အရောင်းအဝယ် အေးခဲ့သော တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုများ ယခုရက်ပိုင်းအတွင်း ပြန်လည် စတင်လာပြီ ဖြစ်ပြီး ပြည်တွင်းရှိ ကုန်သည် အချို့သည်လည်း ဆန်သိုလှောင်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ယင်းကြောင့် ဆန်ဈေး ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာမည့် အနေအထား ရှိ၍ စပါးဈေးများပါ လိုက်ပါ မြင့်တက်လာနိုင်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း နွေစပါး တင်းတစ်ရာ (ပေါင် ၅၀) လျှင်  ၃၆၀,၀၀၀ ကျပ်မှ ၃၇၀,၀၀၀ ကျပ်ခန့် ဈေးဖြတ် ဝယ်ယူနေခြင်းကြောင့် ဒေသ၌ ပုံမှန် ချိန်တွယ် ရောင်းဝယ်သည့် စပါးတင်း တစ်ရာ ၄၆ ပေါင်ဖြင့် တွက်မည်ဆိုပါက စိုက်ပျိုးတောင်သူများ အမှန်ရရှိနေသည့် စပါးတင်းတစ်ရာ ပေါက်ဈေးသည် ၃၃၀,၀၀၀ ကျပ်ခန့်သာ ဈေးရလျက် ရှိကြောင်း အဆိုပါဒေသ စပါးရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။
စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမားများ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်းမသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ နွေစပါးများ စတင်ပေါ်နေပြီ ဖြစ်ရာ ယခုနှစ် တစ်ဧက အထွက်နှုန်းသည် ပျမ်းမျှ တင်း ၆၀ ဝန်းကျင်ခန့်သာ ထွက်ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေစပါး ထွက်နှုန်းအောက် တင်း ၂၀ ခန့် အထွက်နှုန်း လျော့ကျခဲ့ကြောင်း၊ ယင်းသို့ အထွက်နှုန်း ကျဆင်း ခဲ့သည့် နှစ်တွင် စပါးဈေးနှုန်းများပါ ကျဆင်းလျက် ရှိခြင်းကြောင့် ဒေသခံ စိုက်ပျိုးရေး တောင်သူများမှာ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန်ပင် အခက်တွေ့လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများ က ပြောကြားသည်။

“စပါး စပေါ်တုန်းကတော့ တင်းတစ်ရာ ကျပ်လေးသိန်းလောက် အထိ ဖြစ်လိုက်သေးတယ်။ အခု ဧည့်မထ အုပ်စုတွေက သုံးသိန်းဝန်းကျင်မှာ ရှိတော့တယ်။ ဈေးပြုတ်ကျတာ တစ်လခွဲလောက်ရှိပြီ။ ဝယ်သူတောင် မရှိတော့ဘူး။ ဘဏ်ကြွေးဆပ်ဖို့ အခက်တွေ့နေတယ်။ ဟင်္သာတ လယ်သမားတွေ စုပြီး ပြည်ထောင်စု ဝန်ကြီးဆီ တင်ပြဖို့ လုပ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အခြေစိုက် လယ်သမားအရေး လှုပ်ရှားသူ ဦးဝင်းခိုင်စိုးက ဆိုသည်။

အလားတူ စပါးဈေး နှိမ်ဝယ်ယူမှု ခံနေရခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ လယ်သမားများ စုပေါင်း၍ အခြေခံ စပါးဈေး တင်းတစ်ရာ ကျပ်လေးသိန်းနှုန်း သတ်မှတ်မပေးပါက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများထံမှ သိရသည်။

“အခု ဧည့်မထ အုပ်စုဝင်တွေက အလေးချိန်ပေါ် မူတည်ပြီး လေးသိန်း ဝန်းကျင်လောက် ဈေးပေါက်နေ ပါတယ်။ ဒီဈေးက လယ်သမားတွေအတွက် အဆင်ပြေပါတယ်။ ဒီထက် ဈေးကျသွားမယ် ဆိုရင် လယ်သမားတွေအနေနဲ့ အသင်းချုပ်ကို ဆက်သွယ်ပါ။ သုံးသိန်းခွဲအောက် ကျသွားတယ် ဆိုရင်တော့ အရန်ဆန် ကော်မတီကနေ ဆန်ဝယ်ယူ ပေးသွားမှာပါ” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းရက်များ အတွင်းက တရုတ် ဆန်ဈေးကွက်၏ ဆန်ဝယ်ယူမှုများ ထိုးကျသွား ခဲ့ခြင်းကြောင့် ပြည်တွင်းရှိ ဆန်စက်ပိုင်ရှင်များ အနေဖြင့် ဆန်ဝယ်ယူ ကြိတ်ခွဲနိုင်မှု မပြုနိုင်၍ ယင်းသို့ ပြည်တွင်း စပါးဈေးများ ကျသွားခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင် အခြေစိုက် ဆန်လုပ်ငန်းရှင် ဦးကျော်ကျော်က ပြောကြားသည်။

တရုတ်နှစ်သစ်ကူး ကာလမှ စတင်၍ အရောင်းအဝယ် အေးခဲ့သော တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုများ ယခုရက်ပိုင်းအတွင်း ပြန်လည် စတင်လာပြီ ဖြစ်ပြီး ပြည်တွင်းရှိ ကုန်သည် အချို့သည်လည်း ဆန်သိုလှောင်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ယင်းကြောင့် ဆန်ဈေး ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာမည့် အနေအထား ရှိ၍ စပါးဈေးများပါ လိုက်ပါ မြင့်တက်လာနိုင်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း နွေစပါး တင်းတစ်ရာ (ပေါင် ၅၀) လျှင် ၃၆၀,၀၀၀ ကျပ်မှ ၃၇၀,၀၀၀ ကျပ်ခန့် ဈေးဖြတ် ဝယ်ယူနေခြင်းကြောင့် ဒေသ၌ ပုံမှန် ချိန်တွယ် ရောင်းဝယ်သည့် စပါးတင်း တစ်ရာ ၄၆ ပေါင်ဖြင့် တွက်မည်ဆိုပါက စိုက်ပျိုးတောင်သူများ အမှန်ရရှိနေသည့် စပါးတင်းတစ်ရာ ပေါက်ဈေးသည် ၃၃၀,၀၀၀ ကျပ်ခန့်သာ ဈေးရလျက် ရှိကြောင်း အဆိုပါဒေသ စပါးရောင်းဝယ်ရေး ဈေးကွက်အတွင်းမှ သိရသည်။
 
The Voice

No comments:

Post a Comment