Thursday, March 6, 2014

ကိုရီးယားသရုပ်ဆောင် ရိန်း တရုတ်ဇာတ်ကားတွင် ပွဲဦးထွက် ပါဝင်မည်

Photo: ကိုရီးယားသရုပ်ဆောင် ရိန်း တရုတ်ဇာတ်ကားတွင် ပွဲဦးထွက် ပါဝင်မည်
Thursday, March 6, 2014 

ကိုရီးယားအဆိုတော်နှင့် သရုပ်ဆောင် ရိန်းသည် တရုတ်ဇာတ်ကားတွင် ပွဲဦးထွက်ပါဝင် သရုပ်ဆောင်မည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သည့် ကူရှီရှီ ရိုက်ကူးမည့် Rosy Cheeks ဇာတ်ကားတွင် ရိန်းသည် အရည်အချင်းရှိသည့် လူငယ်ပန်းချီဆရာ တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု Cube DC အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားတွင် ရိန်း၏ ဇာတ်ကောင်မှာ ယခင်ဇာတ်ကောင်များနှင့် လုံးဝကွဲပြားမည်ဟု သိရသည်။

Rosy Cheeks ဇာတ်ကားတွင် ရိန်းနှင့် အပြိုင် သရုပ်ဆောင်မည့် အမျိုးသမီးဇာတ်ကောင်အတွက် နာမည်ကြီး တရုတ်အမျိုးသမီး သရုပ်ဆောင် လျူယီဖေးကို ရွေးချယ်ထားသည်ဟု သိရသည်။ အဆိုပါဇာတ်ကားကို မတ်လလယ်တွင် ရှန်ဟိုင်း၌စတင် ရိုက်ကူးသွားမည်ဟု သိရသည်။

ရိန်းသည် ကိုရီးယားနိုင်ငံတွင်သာမက အာရှနိုင်ငံများတွင်ပါ လူကြိုက်များသည့် အနုပညာရှင်တစ်ဦးဖြစ်သည်။ ရိန်းသည် Speed Racer နှင့် Ninja Assassin ဇာတ်ကား များဖြင့် ဟောလိဝုဒ်ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သည်ဟု သိရသည်။ရိန်းသည် The Prince အမည်ရ ဟောလိဝုဒ်ဇာတ်ကား၌ ဘရုစ်ဝီလီ၊ ဂျွန်ကူးဆက်၊ ဂျေဆန်ပက်ထရစ်တို့နှင့်  တွဲဖက်သရုပ်ဆောင်မည်ဟုလည်း သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရိန်းသည် စစ်မှုထမ်းခဲ့ပြီးနောက် အနုပညာလုပ်ငန်းများကို တစ်ကျော့ပြန် လုပ်ဆောင်မှုအဖြစ် ဇန်န၀ါရီ ၂ ရက်တွင်Rain Effect အယ်လ်ဘမ် ဖြန့်ချိခဲ့သည်ဟု သိရသည်။ ယင်းအယ်လ်ဘမ်အတွက် တရုတ်နိုင်ငံတွင် မတ် ၂၈ ရက်၌ 2014 Rain Effect Show in BEIJING အမည်ရ ဖျော်ဖြေပွဲတစ်ခုကျင်းပရန် စီစဉ်ထားသည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဖျော်ဖြေပွဲအပြီးတွင် ပရိသတ်များနှင့်တွေ့ဆုံပွဲ ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

Eleven Media Group
ကိုရီးယားအဆိုတော်နှင့် သရုပ်ဆောင် ရိန်းသည် တရုတ်ဇာတ်ကားတွင် ပွဲဦးထွက်ပါဝင် သရုပ်ဆောင်မည် ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။


တရုတ်နိုင်ငံ၏ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သည့် ကူရှီရှီ ရိုက်ကူးမည့် Rosy Cheeks ဇာတ်ကားတွင် ရိန်းသည် အရည်အချင်းရှိသည့် လူငယ်ပန်းချီဆရာ တစ်ဦးအဖြစ် သရုပ်ဆောင်မည်ဟု Cube DC အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားတွင် ရိန်း၏ ဇာတ်ကောင်မှာ ယခင်ဇာတ်ကောင်များနှင့် လုံးဝကွဲပြားမည်ဟု သိရသည်။

Rosy Cheeks ဇာတ်ကားတွင် ရိန်းနှင့် အပြိုင် သရုပ်ဆောင်မည့် အမျိုးသမီးဇာတ်ကောင်အတွက် နာမည်ကြီး တရုတ်အမျိုးသမီး သရုပ်ဆောင် လျူယီဖေးကို ရွေးချယ်ထားသည်ဟု သိရသည်။ အဆိုပါဇာတ်ကားကို မတ်လ လယ်တွင် ရှန်ဟိုင်း၌စတင် ရိုက်ကူးသွားမည်ဟု သိရသည်။

ရိန်းသည် ကိုရီးယားနိုင်ငံတွင်သာမက အာရှနိုင်ငံများတွင်ပါ လူကြိုက်များသည့် အနုပညာရှင်တစ်ဦးဖြစ် သည်။ ရိန်းသည် Speed Racer နှင့် Ninja Assassin ဇာတ်ကား များဖြင့် ဟောလိဝုဒ်ရုပ်ရှင်လောကသို့ ၀င်ရောက်ခဲ့သည်ဟု သိရသည်။ရိန်းသည် The Prince အမည်ရ ဟောလိဝုဒ်ဇာတ်ကား၌ ဘရုစ်ဝီလီ၊ ဂျွန်ကူးဆက်၊ ဂျေဆန်ပက်ထရစ်တို့နှင့်  တွဲဖက်သရုပ်ဆောင်မည်ဟုလည်း သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရိန်းသည် စစ်မှုထမ်းခဲ့ပြီးနောက် အနုပညာလုပ်ငန်းများကို တစ်ကျော့ပြန် လုပ်ဆောင်မှု အဖြစ် ဇန်န၀ါရီ ၂ ရက်တွင်Rain Effect အယ်လ်ဘမ် ဖြန့်ချိခဲ့သည်ဟု သိရသည်။ ယင်းအယ်လ်ဘမ် အတွက် တရုတ်နိုင်ငံတွင် မတ် ၂၈ ရက်၌ 2014 Rain Effect Show in BEIJING အမည်ရ ဖျော်ဖြေပွဲတစ်ခုကျင်းပရန် စီစဉ်ထားသည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဖျော်ဖြေပွဲအပြီးတွင် ပရိသတ်များနှင့်တွေ့ဆုံပွဲ ပြုလုပ်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment