Friday, March 28, 2014

စစ်တွေမြို့ပဋိပက္ခ တကျော့ပြန်ဖြစ်

သန်းခေါင်စာရင်း_ရခိုင်_2014325
ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​ဗုဒ္ဓဘာသာဝင် ​အုပ်စုတစုက ​နိုင်ငံတကာ ​အဖွဲ့အစည်းများ ​အခြေစိုက်တဲ့ ​ရုံးတွေနဲ့ ​အဆောက်အဦး ​ခုနှစ်လုံးကို ​၀င်ရောက်ဖျက်ဆီးခဲ့တဲ့အတွက် ​အခြေအနေတွေ ​တင်းမာနေပြီး ​အခုဆိုရင် ​ညမထွက်ရအမိန့်ကို ​ထုတ်ပြန်လိုက်ရပါတယ်။
ဖျက်ဆီး ​ခံလိုက်ရတဲ့ ​နေအိမ်နဲ့ ​အဆောက် ​အဦးတွေ ​ထဲမှာ ​ကုလသမဂ္ဂ ​လူသားချင်း ​စာနာထောက် ​ထားမှု ​အကူညီ ​ပေးတဲ့ရုံး၊ ​နိုင်ငံတကာ ​ကြက်ခြေနီအဖွဲ့ရုံး၊ ​ကုလသမဂ္ဂ ​ကလေးသူငယ်များ ​ရန်ပုံငွေ ​အဖွဲ့ရုံးနဲ့ ​အဆိုပါ ​အဖွဲ့အစည်းက ​အမှုထမ်းတွေရဲ့ ​ငှားနေတဲ့ ​နေအိမ်တွေ ​ဖြစ်တယ်လို့ ​Bridge ​Asia 
Japan ​အဖွဲ့အစည်းက ​အကြီးအကဲ ​တစ်ဦးဖြစ်တဲ့ ​ကိုတိုးလှိုင်အောင်က ​ပြောပါတယ်။
အခုလို ​အကြမ်းဖက်မှုတွေ ​ဖြစ်ပွား ​ရတာဟာ ​ဂျာမဏီနိုင်ငံ ​အခြေစိုက် ​INGO ​အဖွဲ့အစည်း ​တခုဖြစ်တဲ့ ​Malteser ​International ​အဖွဲ့က ​နိုင်ငံခြားသူ ​အမျိုးသမီးတဦးဟာ ​ဗုဒ္ဓဘာသာ ​သာနာ့ ​အလံကို ​မဖွယ်မရာ ​ပြုခဲ့တဲ့အတွက် ​အခုလို ​ပြဿနာဖြစ်ပွား ​ခဲ့ရတာဖြစ် ​တယ်လို့ ​နာမည် ​မဖော်လိုတဲ့ ​ဒေသခံ ​ရဲတစ်ဦးက ​ကျိုဒိုးသတင်းဌာန ​ပြောပါတယ်။
ရခိုင် ​ပြည်နယ်အတွင်းမှာ ​မတ်လ ​၃၀ရက်နေ့ကနေ ​ဧပြီလ ​၁၀ရက်နေ့ ​အထိ ​သန်းခေါင် စာရင်း ​ကောက်ခံမယ့် ​အစီအစဉ်ကို ​ကန့်ကွက်တဲ့ ​အနေနဲ့ ​ဒေသခံ ​ရခိုင်လူမျိုးတွေက ​သာသနာ့ ​အလံကို ​အိမ်တိုင်းမှာလွင့်ထူခဲ့ ​ကြတာဖြစ်ပါတယ်။
အဆိုပါ ​ဒေါသထွက်နေတဲ့ ​အကြမ်းဖက် ​လူအုပ်ကြီးဟာ ​တနေရာကနေ ​နောက်ထပ် ​တနေရာကို ​သွားရောက်ပြီး ​နိုင်ငံတကာ ​အဖွဲ့စည်းတွေရဲ့ ​အသုံးအဆောင် ​ပစ္စည်းတွေကို ​ဖျက်ဆီးကြသလို ​တံခါးပေါက် ​တွေကိုလည်း ​လေးဂွတွေ ​ဒုတ်တွေနဲ့ ​ရိုက်နက် ​ပစ်ပေါက်ခဲ့ ​ကြတဲ့အတွက် ​ရဲတွေက ​သေနတ် ​ပစ်ဖေါက်ပြီး ​လူအုပ်စု ​ကြီးကို ​ခွဲခဲ့ရတယ်လို့ ​ဆိုပါတယ်။
 အကြမ်းဖက် ​မှုလုပ်ရပ် ​တွေကြောင့် ​လူပေါင်း ​အယောက် ​၂၀ကိုလည်း ​ရဲတွေက ​ဖမ်းဆီး ​ထိန်းသိမ်း ​ထားတယ်လို့ ​အဆိုပါရဲက ​ပြောပါတယ်။
အကြမ်းဖက်မှု ​တွေကြောင့် ​နိုင်ငံခြားသား ​၀န်ထမ်း ​အယောက်ပေါင်း ​၇၀ ​လောက်ဟာ ​လုံခြုံရေး ​အတွက် ​ရဲဌာန ​နားနေဆောင်မှာ ​သွားနေကြပြီးတော့ ​သူတို့တွေကို ​ဒီနေ့မှာ ​လေယာဉ်နဲ့ ​ရန်ကုန်ကို ​ပြန်ပို့ပေးဖို့ ​စီစဉ်နေကြ ​တယ်လို့ ​ကိုတိုးလှိုင်အောင်က ​ပြောပါတယ်။
မတ်လ ​၂၆ရက်နေ့ကစတင်ဖြစ်ပွားခဲ့ ​ပြဿနာတွေဟာ ​မတ်လ ​၂၇ရက်နေ့ထိ ​ဆက်လက်ဖြစ်ပွား ​ခဲ့တဲ့ ​အတွက် ​စစ်တွေမြို့မှာ ​ညမထွက်ရတဲ့ ​အမိန့်ကို ​အချိန်တိုးပြီးထုတ်ပြန်ခဲ့ရတယ်လို့ ​သိရပါ ​တယ်။
စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ပတ်သက်ပြီး ​ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ရတဲ့အကြောင်း ​အသေးစိတ်ကို ​စစ်တွေမြို့ခံ ​မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ​ဦးသန်းထွန်းကို ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​ဆက်သွယ်မေးမြန်းထားပြီး ​အသံဖိုင် ​(နားဆင်ရန်) ​မှာလဲ ​ဖွင့်ကြည့်နားဆင်နိုင်ပါတယ်။

ABC Radio Australia

No comments:

Post a Comment