Friday, March 28, 2014

လျှပ်စစ်မီတာခ ပြန်လျော့ချပေးဖို့ ဆန္ဒပြ တောင်းဆို

myanmar electricty protest
အရင်တုန်းကပြုလုပ်ခဲ့တဲ့ ဖယောင်းတိုင်တွန်း ဆန္ဒပြမှု (Credit: ABC) 
ပြီးခဲ့တဲ့ ​ရက်ပိုင်းတုန်းက ​လွှတ်တော်ကနေ ​အတည်ပြုခဲ့တဲ့ ​လျှပ်စစ်မီတာခတိုးမြှင့် ​ကောက်ခံဖို့ ​အပေါ်ကို ​အခြေခံလူတန်းစားတွေအနေနဲ့ ​လက်မခံနိုင်တဲ့အတွက် ​ရန်ကုန်မြို့ ​ဆူးလေဘုရား ​တစ်ဝိုက်မှာ ​မနေ့တုန်းက ​ဖယောင်းတိုင်ထွန်း ​ဆန္ဒပြခဲ့ကြပါတယ်။
အိမ်သုံး ​၁ ​ယူနစ်ကို ​ယူနစ် ​၁၀၀ ​အထက် ​သုံးစွဲရင် ​ပိုလျှံတဲ့ ​ယူနစ်ကို ​၅၀ ​နှုန်းထားနဲ့ ​ကောက်ခံမှာ ​ဖြစ်ပြီး ​လုပ်ငန်းသုံးမီတာတွေကိုလည်း ​တိုးမြှင့်လိုက်တဲ့အတွက် ​ကုန်ဈေးနှုန်းမြင့်တက်လာတဲ့အပေါ် ​အခုလို 
ဆန္ဒပြတောင်းဆိုတာပါ။
မနေ့တုန်းက ​ဖယောင်းတိုင်ထွန်းဆန္ဒပြခဲ့တာနဲ့ ​ပက်သက်ပြီး ​ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ​Generation ​Youth ​က ​ကိုတင်ထွဋ်ပိုင်က ​အခုလို ​ပြောပါတယ်။
ဒီနေ့ ​ဆန္ဒပြတာတော့ ​လူအင်အား ​၂၀၀ ​ကျော်လောက်ရှိမယ်ခင်ဗျ။ ​ဒီနေ့ပြတဲ့ ​ရည်ရွယ်ချက်ကတော့ ​တစ်အချက်ကတော့ ​ကျွန်တော်တို့ ​၂၀၁၃ ​အစပိုင်းမှာ ​ပြခဲ့တဲ့ ​လူထုဆန္ဒကို ​အလေးမထားတဲ့ ​အစိုးရကို ​အလိုမရှိကြောင်း၊ ​တိုးမြှင့်တဲ့အပေါ်မှာ ​ကျွန်တော်တို့ ​လုံးဝ ​လက်မခံနိုင်ကြောင်း ​သက်သေပြ တာ ​နှစ်ခုဖြစ်ပါတယ်ခင်ဗျ။
မနေ့က ​ဖယောင်းတိုင်ထွန်းဆန္ဒပြခဲ့တဲ့ ​ဦးဆောင်သူ ​နှစ်ဦးကို ​ကျောက်တံတားမြို့နယ် ​ရဲစခန်းက ​ပုဒ်မ ​၁၈ ​နဲ့ ​အရေးယူထားကြောင်း ​ကိုတင်ထွဋ်ပိုင်က ​ဆက်ပြောပါတယ်။
ကျွန်တော်တို့ ​ဒီဆန္ဒပြတဲ့ ​သူတွေထဲကပေါ့နော်။ ​နှစ်ယောက်ပေါ့နော်။ ​ဦးဝင်းချိုရယ်၊ ​ကိုဝေဠုရယ်ကို ​ပုဒ်မ ​၁၈ ​နဲ့ ​တရားစွဲဆို ​လိုက်ပါတယ်။ ​ပြောရမယ်ဆိုရင် ​ကျွန်တော်တို့က ​ပြည်သူတွေကနေပြီးတော့ ​ဒီမိုကရေစီနည်းအရ ​ကျွန်တော်တို့ ​ကျင့်သုံးတာပါ ​အဲဒီဟာကို ​ကျွန်တော်တို့ကို ​ဒီမိုကရေစီနည်းအရ ​မဟုတ်ပဲနဲ့ ​ကျွန်တော်တို့ကို ​ဖမ်းဆီးဖို့ ​ချုပ်နှောင်ဖို့ ​တရားစွဲတဲ့ဟာကို ​လုံးဝ ​မဖြစ်သင့်တဲ့ ​အရာတစ်ခုလို့ ​ကျွန်တော်မြင်ပါတယ်။
အခုလို ​အစိုးရဘက်က ​ဆန္ဒပြမှုတွေကို ​ပုဒ်မ ​၁၈ ​နဲ့ ​အရေးယူတဲ့အပေါ်လည်း ​တုန့်ပြန်မှုတွေ ​ပြုလုပ် သွားမယ်လို့ ​ဆိုပါတယ်။
ရန်ကုန်မြို့မှာ ​ဖယောင်းတိုင်ထွန်းဆန္ဒပြတာဟာ ​ပြီးခဲ့တဲ့ ​နှစ်တုန်းက ​ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ​အခုချိန် မှာလည်း ​တိုးမြှင့်ကောက်ခံမှုကို ​လွှတ်တော်က ​အတည်ပြုခဲ့တဲ့အတွက် ​ပြန် လည် ​ပြင် ဆင်ပေးဖို့ ​တောင်း ဆိုတာဖြစ်တယ်လို့ ​သိရပါတယ်။
ဒီကနေ့မှာလည်း ​စမ်းချောင်းမြို့နယ်ကနေ ​အလုံမြို့နယ်မှာ ​ရှိတဲ့ ​လျှပ်စစ်ဝန်ကြီးဌာနရုံးထိကို ​ဖယောင်း တိုင်ထွန်း ​ချီတက်ဆန္ဒပြဖို့ ​ရှိတယ်ဆိုတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment