Friday, March 21, 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

ရန်ကုန်၊ မတ် ၂၀

သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက်လူမျိုး တိုင်းရင်းသားများ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ M3 စားသောက်ဆိုင်တွင် လက်မှတ်ရေးထိုး၍ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၉ ကို ဆန့်ကျင် ချိုးဖောက်ရာ ရောက်နေကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။

ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် ဥပဒေ၏ ပြတ်သားမှု မရှိသောကြောင့် ဖြစ်ကြောင်း ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခြင်းကို ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးသည့် ကမန်အမျိုးသား သာရေး၊ နာရေးအဖွဲ့ (ရန်ကုန်) က ဦးတင်ငွေက ဆိုသည်။

“အစိုးရရဲ့ ပြတ်သားမှု မရှိတဲ့အတွက် သန်းခေါင်စာရင်း ဥပဒေက ရှေ့နောက် မညီညွတ်ဘူး။ မညီညွတ်မှု အပေါ်မှာ ဖြစ်လာတဲ့ အကျိုးဆက်” ဟု ၎င်းက သုံးသပ်သည်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းအရ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ပြောဆိုချက်အရ လည်းကောင်း တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ကျော်တွင် မတ်လ ၁၆ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ကို ရုပ်သိမ်းကြောင်းကို မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ကြေညာထားသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်း ရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘော ထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက် လူမျိုး တိုင်းရင်းသားများ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ M3 စားသောက်ဆိုင် တွင် လက်မှတ်ရေးထိုး၍ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက် လာနိုင် သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်း သည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၉ ကို ဆန့်ကျင် ချိုးဖောက် ရာ ရောက်နေကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။

ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် ဥပဒေ၏ ပြတ်သားမှု မရှိသောကြောင့် ဖြစ်ကြောင်း ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခြင်းကို ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးသည့် ကမန်အမျိုးသား သာရေး၊ နာရေးအဖွဲ့ (ရန်ကုန်) က ဦးတင်ငွေက ဆိုသည်။

“အစိုးရရဲ့ ပြတ်သားမှု မရှိတဲ့အတွက် သန်းခေါင်စာရင်း ဥပဒေက ရှေ့နောက် မညီညွတ်ဘူး။ မညီညွတ်မှု အပေါ်မှာ ဖြစ်လာတဲ့ အကျိုးဆက်” ဟု ၎င်းက သုံးသပ်သည်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းအရ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ပြောဆိုချက်အရ လည်းကောင်း တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဟု ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုး တက်ရေး ပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ကျော်တွင် မတ်လ ၁၆ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ကို ရုပ်သိမ်းကြောင်းကို မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက် ဖျက်ရေး ကော်မတီက ကြေညာထားသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူ မည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment