Friday, March 21, 2014

ရခိုင်အမျိုးသား ညီလာခံ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်

Photo: ရခိုင်အမျိုးသား ညီလာခံ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် ရခိုင်နိုင်ငံရေး ပါတီများ၊ ရခိုင် လူမှုအဖွဲ့အစည်း စသည့် ရခိုင်တစ်မျိုးသားလုံး ပါဝင်မည့် ရခိုင်အမျိုးသား ညီလာခံကို ကျောက်ဖြူ မြို့နယ်တွင် ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ ငါးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နာမည်ပျက်စာရင်း အသွင်းခံထားရသူများပါ တက်ရောက်ခွင့် ရရှိရန် အစိုးရနှင့် ညှိနှိုင်းထားကြောင်း ဦးဇော်အေးမောင်က ဆိုသည်။

အဆိုပါ ညီလာခံကို ရခိုင်အမျိုးသား ညီညွတ်ရေး၊ ရခိုင်ပြည်နယ်အတွင်း တန်းတူရေးနှင့် တရားမျှတရေး၊ လုံခြုံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ရခိုင် လူ့ဘောင်သစ်တစ်ရပ် ပေါ်ပေါက်ရေး တို့ကို ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်အမျိုးသား ညီလာခံ ကျင်းပရန်အတွက် စာတမ်းပြုစုရေးနှင့် စိစစ်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဧည့်ခံဆက်ဆံရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စည်းရုံးရေး၊ မှတ်တမ်းပြုစုရေး ကော်မတီတို့ကို ဖွဲ့စည်းထားကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် ရခိုင်နိုင်ငံရေး ပါတီများ၊ ရခိုင် လူမှုအဖွဲ့အစည်း စ သည့် ရခိုင်တစ်မျိုးသားလုံး ပါဝင်မည့် ရခိုင်အမျိုးသား ညီလာခံကို ကျောက်ဖြူ မြို့နယ်တွင် ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ ငါးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နာမည်ပျက်စာရင်း အသွင်းခံထားရသူများပါ တက်ရောက်ခွင့် ရရှိရန် အစိုးရနှင့် ညှိနှိုင်းထားကြောင်း ဦးဇော်အေးမောင်က ဆိုသည်။

အဆိုပါ ညီလာခံကို ရခိုင်အမျိုးသား ညီညွတ်ရေး၊ ရခိုင်ပြည်နယ်အတွင်း တန်းတူရေးနှင့် တရား မျှတရေး၊ လုံခြုံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ရခိုင် လူ့ဘောင်သစ်တစ်ရပ် ပေါ်ပေါက်ရေး တို့ ကို ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်အမျိုးသား ညီလာခံကျင်းပရန်အတွက် စာတမ်းပြုစုရေးနှင့်စိစစ်ရေး၊ သတင်းနှင့်ပြန် ကြားေ ရး၊ ဧည့်ခံဆက်ဆံရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စည်းရုံးရေး၊ မှတ်တမ်းပြု စုရေး ကော်မတီ တို့ကို ဖွဲ့စည်းထားကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment