Monday, March 17, 2014

တံတားနီ အထိမ်းအမှတ် သမဂ္ဂအလံများ ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့သို့ လွှဲပြောင်းပေးအပ်

Photo: တံတားနီ အထိမ်းအမှတ် သမဂ္ဂအလံများ ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့သို့ လွှဲပြောင်းပေးအပ်
Monday, March 17, 2014

တက္ကသိုလ် ကျောင်းသားများစွာ သေဆုံးခဲ့သော တံတားနီ အရေးအခင်း ၂၆ နှစ်ပြည့် အခမ်းအနားတွင် ကျောင်းသားသမဂ္ဂ အလံများကို တက္ကသိုလ်အသီးသီးမှ တက်ရောက်လာသော ကျောင်းသားသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့သို့ ၈၈ မျိုးဆက် ကျောင်းသားများက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးစိုင်းထင်ကျော်က ပြောကြားသည်။

မတ်လ ၁၆ ရက်နေ့ လှိုင်မြို့နယ် အတွင်းရှိ အင်းလျား ကန်ဘောင်တွင် ပြုလုပ်သော တံတားနီ အထိမ်းအမှတ် အခမ်းအနားတွင် ယင်းကဲ့သို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီသမိုင်းတွင်ခဲ့တဲ့ နေ့မှာ ကျောင်းသားတွေ၊ ပြည်သူပြည်သားတွေရဲ့ အသက် ထောင်ပေါင်းများစွာ ပေးဆပ်ခဲ့ပြီး နိုင်ငံရေး ဖြစ်စဉ်တွေကို ပြောင်းလဲ ပေးခဲ့တာကို အမှတ်တရ အနေနဲ့ ပေးတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောင်းသားသမဂ္ဂ အလံများကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ လှိုင်သာယာ နည်းပညာတက္ကသိုလ်၊ မှော်ဘီ နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်၊ ဗဟန်း ကွန်ပျူတာကောလိပ်၊ သူနာပြုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂများနှင့် တောင်ဒဂုံ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Public Welfare Network၊ Generation Wave ကျောင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တက်ရောက် လက်ခံခဲ့သည်။

ထို့အပြင် အမှောင်ခေတ် သမိုင်းဆိုးများ ထပ်မံ မပေါ်ပေါက်စေရန်နှင့် ခွင့်တူညီမျှ လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်စေရေးအတွက် အမျိုးသား ရင်ကြားစေ့ရေးနှင့် တစ်မျိုးသားလုံး ပါဝင်သော ပြန်လည် တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်ကြောင်း ယင်းအခမ်းအနားတွင် ထုတ်ပြန်လိုက်သည့် တံတားနီ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားသို့ 141 Plus၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။

The Voice Weekly
တက္ကသိုလ် ကျောင်းသားများစွာ သေဆုံးခဲ့သော တံတားနီ အရေးအခင်း ၂၆ နှစ်ပြည့် အခမ်းအနားတွင် ကျောင်းသားသမဂ္ဂ အလံများကို တက္ကသိုလ်အသီးသီးမှ တက်ရောက်လာသော ကျောင်းသားသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့သို့ ၈၈ မျိုးဆက် ကျောင်းသားများက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးစိုင်းထင်ကျော်က ပြောကြားသည်။

မတ်လ ၁၆ ရက်နေ့ လှိုင်မြို့နယ် အတွင်းရှိ အင်းလျား ကန်ဘောင်တွင် ပြုလုပ်သော တံတားနီ အထိမ်းအမှတ် အခမ်းအနားတွင် ယင်းကဲ့သို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီသမိုင်းတွင်ခဲ့တဲ့ နေ့မှာ ကျောင်းသားတွေ၊ ပြည်သူပြည်သားတွေရဲ့ အသက် ထောင်ပေါင်းများစွာ ပေးဆပ် ခဲ့ပြီး နိုင်ငံရေး ဖြစ်စဉ်တွေကို ပြောင်းလဲ ပေးခဲ့တာကို အမှတ်တရ အနေနဲ့ ပေးတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောင်းသားသမဂ္ဂ အလံများကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္က သိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျုတာတက္ကသိုလ်၊ လှိုင်သာယာ နည်းပညာတက္ကသိုလ်၊ မှော်ဘီ နည်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်၊ ဗဟန်း ကွန်ပျူတာကောလိပ်၊ သူနာပြုတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်မှ ကျောင်းသား သမဂ္ဂများနှင့် တောင်ဒဂုံ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Public Welfare Network၊ Generation Wave ကျောင်း သား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တက်ရောက် လက်ခံခဲ့သည်။

ထို့အပြင် အမှောင်ခေတ် သမိုင်းဆိုးများ ထပ်မံ မပေါ်ပေါက်စေရန်နှင့် ခွင့်တူညီမျှ လွတ်လပ်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်စေရေးအတွက် အမျိုးသား ရင်ကြားစေ့ရေးနှင့် တစ်မျိုးသားလုံး ပါဝင်သော ပြန်လည် တည်ဆောက်ရေးသည် မရှိမဖြစ် လိုအပ်ကြောင်း ယင်းအခမ်းအနားတွင် ထုတ်ပြန်လိုက်သည့် တံတားနီ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားသို့ 141 Plus၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်း သားဟောင်းများ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီ စောင့်ရှောက်ရေး အသင်း AAPP နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment