Monday, March 17, 2014

သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာအမည် ထည့်သွင်းရေးသားသည့်ကိစ္စ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အနှံ့အပြားတွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်

Photo: သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာအမည် ထည့်သွင်းရေးသားသည့်ကိစ္စ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အနှံ့အပြားတွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်
Monday, March 17, 2014

မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာအမည် ထည့်သွင်းရေးသားသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့နယ်အနှံ့အပြားတွင် မတ်လ ၁၆ ရက်နေ့က ကန့်ကွက်ဆန္ဒထုတ်ဖော်မှု များကို ပြုလုပ်ကြကြောင်း သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ အစရှိသည့် လူမှုနယ်ပယ်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပြည်သူတစ်ရပ်လုံး ပါဝင်ခဲ့ကြောင်းနှင့် စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား အစရှိသော မြို့များအပါအ၀င် မြို့ ၁၃ မြို့တွင် မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒထုတ်ဖော်သူ အများအပြားသည် ဆိုင်းဘိုးများ ကိုင်ဆောင်ထားခဲ့ကြကြောင်း ယင်းဆိုင်းဘိုးများတွင် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာနာမည်လိမ် အလိုမရှိ၊ သန်းခေါင်စာရင်းသည် ဘင်္ဂလီဝင်ပေါက်မဟုတ်၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါ၊ ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ(လုံးဝ) လက်မခံ၊ ရခိုင်ပြည်ကို ကာကွယ်ရေးသည် ရခိုင့်လူ့အခွင့်အရေး၊ အနောက်ဖက်နယ်စပ် လုံခြုံရေးသည် ပြည်ထောင်စုလုံခြုံရေး၊ ထို့အပြင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုလျှင် သန်းခေါင်စာရင်းကို ရခိုင်တစ်မျိုးသားလုံး သပိတ်မှောက်မည် အစရှိသော စာသားများကို ရေးသားထားကြပြီး ဟစ်ကြွေးခြင်းများကိုလည်း ယင်းစာသားများအတိုင်း ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။

စစ်တွေ၌ ထုတ်ဖော်သော ကန့်ကွက်ဆန္ဒပြရာတွင် ဒေသခံတိုင်းရင်းသား လူ ၄၅၀၀၀ ခန့် ပါဝင်ခဲ့ကြောင်းနှင့် အခြားမြို့နယ်များတွင်လည်း ထောင်နှင့်ချီသော လူထုများက ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါသည်။

“မကြာခင်ကောက်မယ့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ရေးသားထည့်သွင်းမှာကို လက်မခံဘူး။ ထည့်ချင်သလို ထည့်လို့ရတယ်ဆိုတဲ့ သဘောဆောင်နေတယ်။ ရိုဟင်ဂျာဆိုတာကို ထည့်ရေးတာကို လက်မခံဘူး။ ဘင်္ဂလီဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့လူလို့ အဓိပ္ပါယ်ရတယ်။ ရိုဟင်ဂျာဆိုတာက သူတို့ဟာ ဒီဒေသက ပေါက်ပွားလာတယ်လို့ သမိုင်းကို အထပ်ထပ်လိမ်ထားတဲ့ နာမည်ဖြစ်တယ်။ သူတို့ဟာ ရိုဟင်ဂျာနာမည်ရသွားရင် ဘင်္ဂလားဒေ့ရှ်ကလာတဲ့လူ မဟုတ်သလို ဖြစ်သွားမယ်။ ရခိုင်ပြည်ထဲမှာ နဂိုကတည်း နေထိုင်သလို ဖန်တီးတော့မှာဖြစ်တယ်။ ဒါကြောင့် သမိုင်းလိမ်တွေဖြစ်တဲ့ နာမည်လိမ် ရိုဟင်ဂျာနာမည်ကို လုံးဝထည့်မရေးဖို့ ကန့်ကွက်တာဖြစ်တယ်။ သန်းခေါင်စာရင်းမှာ ထည့်လိုက်ရင် မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာဦးရေ အနည်းဆုံး ၈ သိန်းအထက် ရှိတယ်ဆိုတာ လိုရင်းပေါက်သွားတော့မယ်။ ဒါဆို ခိုးဝင်တဲ့လူ မဟုတ်ဘူးလို့ အဓိပ္ပါယ် သက်ရောက်သွားပြီ။ အဲဒါကြောင့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းထဲမှာ ၉၁၄ ဆိုတဲ့ ကုတ်နံပါတ်ကိုပဲ ရေးပါ။ တကယ်လို့ မဖြစ်မနေ ရေးရမယ်ဆိုရင် ဘင်္ဂလီလို့ရေးပါလို့ ပြောချင်တယ်။ ရိုဟင်ဂျာလို့ ရေးလိုက်ခြင်းအားဖြင့် နောက်တချိန်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို အကြီးအကျယ် ထိပါးလာနိုင်ပါတယ်။ အခုကောက်မယ့် သန်းခေါင်စာရင်းကလည်း ရခိုင်တွေအတွက်ကတော့ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ မြင်တယ်။ ဘာလို့ ထည့်ရေးမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ မပြတ်သားသမျှတော့ သန်းခေါင်စာရင်းကို ကန့်ကွက်ဆန္ဒ ပြနေကြမှာပဲ။ နောက်တစ်ခုက တိုင်းရင်းသားနဲ့ တိုင်းသားမဟုတ်သူအရေးမှာ တိုင်းရင်းသားဘက်က ပြတ်သားစွာ ရပ်တည်ပေးဖို့ လိုတယ်လို့ ပြောချင်တယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂလီ သန်းခေါင်စာရင်းလိမ် တိုက်ဖျက်ရေးကော်မတီ၊ စစ်တွေ၏ သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးသန်းထွန်းက မီဒီယာများသို့ ပြောကြားခဲ့ပါသည်။

မောင်တောမြို့တွင်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဆိုသည့်အမည် ထည့်သွင်းကောက်ခံမည်ဆိုသည်ကို ကန့်ကွက်ကြောင်း ဒေသခံ ၂၅၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရသေ့တောင်မြို့တွင်လည်း လူဦးရေတစ်ထောင်ကျော်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

မတ် ၁၆ ရက်က ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာအမည် ထည့်သွင်းရေးသားမှုအပေါ် ဆန္ဒထုတ်ဖော်ကြစဉ်
မတ် ၁၆ ရက်က ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာအမည် ထည့်သွင်းရေးသားမှုအပေါ် ဆန္ဒ ထုတ်ဖော်ကြစဉ်

မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာအမည် ထည့်သွင်းရေးသားသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့နယ်အနှံ့အပြားတွင် မတ်လ ၁၆ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်မှု များကို ပြုလုပ်ကြကြောင်း သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရာတွင် သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ အစရှိသည့် လူမှုနယ်ပယ်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပြည်သူတစ်ရပ်လုံး ပါဝင် ခဲ့ကြောင်းနှင့် စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား အစရှိသော မြို့များအပါအ၀င် မြို့ ၁၃ မြို့တွင် မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဆန္ဒထုတ်ဖော်ပွဲတွင် ဆန္ဒထုတ်ဖော်သူ အများအပြားသည် ဆိုင်းဘိုးများ ကိုင်ဆောင်ထားခဲ့ကြကြောင်း ယင်းဆိုင်းဘိုးများတွင် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာနာမည်လိမ် အလိုမရှိ၊ သန်းခေါင်စာရင်းသည် ဘင်္ဂလီဝင်ပေါက်မဟုတ်၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါ၊ ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ(လုံးဝ) လက်မခံ၊ ရခိုင်ပြည်ကို ကာကွယ်ရေးသည် ရခိုင့်လူ့အခွင့်အရေး၊ အနောက်ဖက်နယ်စပ် လုံခြုံရေးသည် ပြည်ထောင်စုလုံခြုံရေး၊ ထို့အပြင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုလျှင် သန်းခေါင်စာရင်းကို ရခိုင်တစ်မျိုးသားလုံး သပိတ်မှောက်မည် အစရှိသော စာသား များကို ရေးသားထားကြပြီး ဟစ်ကြွေးခြင်းများကိုလည်း ယင်းစာသားများအတိုင်း ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။

စစ်တွေ၌ ထုတ်ဖော်သော ကန့်ကွက်ဆန္ဒပြရာတွင် ဒေသခံတိုင်းရင်းသား လူ ၄၅၀၀၀ ခန့် ပါဝင်ခဲ့ကြောင်းနှင့် အခြားမြို့နယ်များတွင်လည်း ထောင်နှင့်ချီသော လူထုများက ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါသည်။

“မကြာခင်ကောက်မယ့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ရေးသားထည့်သွင်းမှာကို လက်မခံ ဘူး။ ထည့်ချင်သလို ထည့်လို့ရတယ်ဆိုတဲ့ သဘောဆောင်နေတယ်။ ရိုဟင်ဂျာဆိုတာကို ထည့်ရေးတာကို လက်မခံဘူး။ ဘင်္ဂလီဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့လူလို့ အဓိပ္ပါယ်ရတယ်။ ရိုဟင်ဂျာ ဆိုတာက သူတို့ဟာ ဒီဒေသက ပေါက်ပွားလာတယ်လို့ သမိုင်းကို အထပ်ထပ်လိမ်ထားတဲ့ နာမည်ဖြစ်တယ်။ သူတို့ဟာ ရိုဟင်ဂျာနာမည်ရသွားရင် ဘင်္ဂလားဒေ့ရှ်ကလာတဲ့လူ မဟုတ်သလို ဖြစ်သွားမယ်။ ရခိုင်ပြည်ထဲမှာ နဂိုက တည်း နေထိုင်သလို ဖန်တီးတော့မှာဖြစ်တယ်။ ဒါကြောင့် သမိုင်းလိမ်တွေဖြစ်တဲ့ နာမည်လိမ် ရိုဟင်ဂျာ နာမည်ကို လုံးဝထည့်မရေးဖို့ ကန့်ကွက်တာဖြစ်တယ်။ သန်းခေါင်စာရင်းမှာ ထည့်လိုက်ရင် မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာဦးရေ အနည်းဆုံး ၈ သိန်းအထက် ရှိတယ်ဆိုတာ လိုရင်းပေါက်သွားတော့မယ်။ ဒါဆို ခိုးဝင်တဲ့လူ မဟုတ်ဘူးလို့ အဓိပ္ပါယ် သက်ရောက်သွားပြီ။ အဲဒါကြောင့် မြန်မာနိုင်ငံ သန်းခေါင်စာရင်းထဲမှာ ၉၁၄ ဆိုတဲ့ ကုတ်နံပါတ်ကိုပဲ ရေးပါ။ တကယ်လို့ မဖြစ်မနေ ရေးရမယ်ဆိုရင် ဘင်္ဂလီလို့ရေးပါလို့ ပြောချင်တယ်။ ရိုဟင်ဂျာလို့ ရေးလိုက်ခြင်းအားဖြင့် နောက်တချိန်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို အကြီးအကျယ် ထိပါးလာနိုင်ပါတယ်။ အခုကောက်မယ့် သန်းခေါင်စာရင်းကလည်း ရခိုင်တွေအတွက်ကတော့ ပွင့်လင်းမြင် သာမှု အားနည်းနေတယ်လို့ မြင်တယ်။ ဘာလို့ ထည့်ရေးမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါ တယ်။ မပြတ်သားသမျှတော့ သန်းခေါင်စာရင်းကို ကန့်ကွက်ဆန္ဒ ပြနေကြမှာပဲ။ နောက်တစ်ခုက တိုင်းရင်းသားနဲ့ တိုင်းသားမဟုတ်သူအရေးမှာ တိုင်းရင်းသားဘက်က ပြတ်သားစွာ ရပ်တည်ပေးဖို့ လိုတယ်လို့ ပြောချင်တယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂလီ သန်းခေါင်စာရင်းလိမ် တိုက် ဖျက်ရေးကော် မတီ၊ စစ်တွေ၏ သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးသန်းထွန်းက မီဒီယာများသို့ ပြောကြားခဲ့ပါသည်။

မောင်တောမြို့တွင်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဆိုသည့်အမည် ထည့်သွင်းကောက်ခံမည် ဆိုသည် ကို ကန့်ကွက်ကြောင်း ဒေသခံ ၂၅၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရသေ့တောင်မြို့တွင်လည်း လူဦးရေ တစ်ထောင်ကျော်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment