Monday, March 17, 2014

မြန်မာနိုင်ငံမှ ဆန်၊ ပြောင်း အပါအ၀င် နှံစားသီးနှံများ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အခွန်ကင်းလွတ်ခွင့် ရရှိရေး ညှိနှိုင်းလျက်ရှိပြီး မကြာမီ လပိုင်းအတွင်း ရရှိမည်

Photo: မြန်မာနိုင်ငံမှ ဆန်၊ ပြောင်း အပါအ၀င် နှံစားသီးနှံများ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အခွန်ကင်းလွတ်ခွင့် ရရှိရေး ညှိနှိုင်းလျက်ရှိပြီး မကြာမီ လပိုင်းအတွင်း ရရှိမည်
Monday, March 17, 2014

မြန်မာနိုင်ငံမှ ဆန်၊ ပြောင်း အပါအ၀င် နှံစားသီးနှံများ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အကောက်ခွန်ကင်းလွတ်ခွင့် ရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများ ညှိနှိုင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ် ၁၆ ရက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်များအသင်း၊ အကြိမ် (၂၀) မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အခမ်းအနားတွင် ပြောကြားခဲ့သည်။

“လက်ရှိမှာ တရုတ်နဲ့ဆွေးနွေးတာက Duty free နဲ့ပတ်သက်ပြီး ဆွေးနွေးတာပေါ့။ နှံစားသီးနှံတွေပေါ့။ အဲဒီမှာ ဆန်လည်းမပါသေးတော့ အဲဒါကို ညှိနေတယ်။ အရေးကြီးတာ အများဆုံးပို့တာက ဆန်နှင့်ပြောင်းပေါ့။ အခုက ညှိနေတယ်ဆိုတော့ လပိုင်းအတွင်း ရတော့မယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြောင်းထုတ်လုပ်သောနိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုများ နိုင်ငံထဲတွင် ပါဝင်ပြီး နှစ်စဉ်တန်ချိန် သုံးသိန်းမှ လေးသိန်းအထိ တင်ပို့လေ့ရှိကြောင်း၊ မြန်မာ့ပြောင်းအား တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် အဓိကတင်ပို့နေကြောင်း၊ မြန်မာ့ပြောင်းအား တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ဘူဂေးရီးယား၊ စပိန် အစရှိသော နိုင်ငံများသို့ မက်ထရစ်တန်ချိန် ၂၈၀၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပြုရာတွင် အဓိကဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ နယ်စပ်ကုန်သွယ်မှု စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းကျော်ဖြစ်သည့် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ဖိုး ကုန်သွယ်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

Eleven Media Group

တရုတ်သို့တင်ပို့မည့် လယ်ယာထွက်ကုန်များအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တွေ့ရစဉ်
တရုတ်သို့တင်ပို့မည့် လယ်ယာထွက်ကုန်များအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တွေ့ရစဉ်

မြန်မာနိုင်ငံမှ ဆန်၊ ပြောင်း အပါအ၀င် နှံစားသီးနှံများ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အကောက်ခွန် ကင်းလွတ်ခွင့် ရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တာဝန်ရှိသူများ ညှိနှိုင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ် ၁၆ ရက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်များ အသင်း၊ အကြိမ် (၂၀) မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အခမ်းအနားတွင် ပြောကြားခဲ့သည်။

“လက်ရှိမှာ တရုတ်နဲ့ဆွေးနွေးတာက Duty free နဲ့ပတ်သက်ပြီး ဆွေးနွေးတာပေါ့။ နှံစားသီးနှံတွေပေါ့။ အဲဒီမှာ ဆန်လည်းမပါသေးတော့ အဲဒါကို ညှိနေတယ်။ အရေးကြီးတာ အများဆုံးပို့တာက ဆန်နှင့်ပြောင်းပေါ့။ အခုက ညှိနေတယ်ဆိုတော့ လပိုင်းအတွင်း ရတော့မယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြောင်းထုတ်လုပ်သောနိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် ပြောင်းစိုက်ပျိုး ထုတ်လုပ်မှုများ နိုင်ငံထဲတွင် ပါဝင်ပြီး နှစ်စဉ်တန်ချိန် သုံးသိန်းမှ လေးသိန်းအထိ တင်ပို့လေ့ရှိကြောင်း၊ မြန်မာ့ပြောင်းအား တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် အဓိကတင်ပို့နေကြောင်း၊ မြန်မာ့ပြောင်းအား တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ဘူဂေးရီးယား၊ စပိန် အစရှိသော နိုင်ငံများသို့ မက်ထရစ်တန်ချိန် ၂၈၀၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပြုရာတွင် အဓိကဖြစ်သည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ နယ်စပ် ကုန်သွယ်မှု စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းကျော်ဖြစ်သည့် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ဖိုး ကုန်သွယ် မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment