Tuesday, March 25, 2014

မန်ယူနှင့်ပွဲတွင် ဘိုင်ယန်အိမ်ကွင်း တစ်စိတ်တစ်ပိုင်းပိတ်ပင်ခံရမည်


မန်ယူနှင့် ကစားရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းတစ်စိတ်တစ်ပိုင်း ပိတ်ပင်ခံရမည်ဖြစ်သည်။ ဘိုင်ယန် ပရိသတ်များမှာ အာဆင်နယ်နှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက်အသင်းကို စော်ကားကို စာတန်းများ ကိုင်ဆောင်ဖော်ပြခဲ့ကြပြီး
ယင်းအတွက်ကြောင့် ယူအီးအက်ဖ်အေက ဘိုင်ယန်၏ အလိုင်းယင့်ဇ်အရီနာကွင်း အပိုင်း ၁၂၄ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဘိုင်ယန်မှာ ယူရို ၁၀၀၀၀ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို မန်ယူ အိမ်ကွင်းတွင် ဧပြီလ ၃ရက် နံနက် ၁း၁၅တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒုတိယအကျော့ကို ဧပြီလ ၁၀ရက်တွင် ကစားမည်ဟု သိရသည်။


@z (ရိုးရာလေး)

No comments:

Post a Comment