Tuesday, March 25, 2014

တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများ အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့တွင် ဆန္ဒပြ

တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီး အချို့၏ အဂတိလိုက်စားမှုများ အတွက် မတ် ၂၄ ရက် နံနက်က ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။  ယင်းကဲ့သို့ ဆန္ဒပြရသည့်အကြောင်းရင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားစီရင်ရေးနယ်ပယ်မှ တရားသူကြီးအချို့၏ မျက်ကွယ်ပြု လာဘ်စားပြီး အဂတိလိုက်စားမှု များကို ပြည်သူများ သိရှိစေရန်အတွက် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုက ပြောကြားသည်။  ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော်က "တိုင်းတရားသူကြီးတွေက မြို့နယ်တရားသူကြီး တွေအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိနေတယ်။ တိုင်းတရားသူကြီး အချို့ရဲ့ အဂတိလိုက်စားမှုတွေက တရားစီရင်ရေး နယ်ပယ်ကို ယိမ်းယိုင်စေတယ်။
တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်းရင် အုပ်ချုပ်ရေးကိုပါ ပျက်ယွင်းတယ်။ အလုပ်မလုပ်တဲ့ တရားသူကြီးတွေကို ဖယ်ရှားပြီး အလုပ်လုပ်တဲ့ တရားသူကြီးတွေကို နေရာပေးရပါမယ်။ အဂတိလိုက်စားတဲ့ တရားသူကြီးတွေကိုဖမ်းပြီး ထောင်ထဲထည့်ရပါမယ်" ဟု ပြောကြားသည်။  ဆန္ဒပြပွဲကို ယင်းနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး လူအင်အား ၃၀ ခန့်မှ"အဂတိ လိုက်စားနေသော တရားသူကြီးများ အလိုမရှိ" စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြပြီး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့မှ ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့သည်။  အလုပ်သမားသမဂ္ဂများ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ ကိုထွန်းထွန်းနိုင်က "မီတာခ တိုးမြှင့်ကောက်ခံတာဟာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မီတာခတွေ တက်တာက ရှုံးလို့ပါဆိုပြီး လျှပ်စစ်ဝန်ကြီးက ပြောတယ်။ ကျွန်တော်တို့ မေးချင်တာက ပြည်သူလူထု အတွက်ကို အရှုံးမခံနိုင်ဘူးလားလို့ မေးချင်တယ်။ လျှပ်စစ်မီတာခ တိုးမြှင့်တာကို ကန့်ကွက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးကို ကျွန်တော်တို့ ကြိုဆိုထောက်ခံပါတယ်" ဟု ပြောကြားသည်။  ကိုထင်ကျော်သည် ပြီးခဲ့သည့် ဇန်န၀ါ ရီ ၂၇ ရက်ကလည်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် တရားရေး ၀န်ထမ်းအချို့၏ အဂတိလိုက်စားမှုများအတွက် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။

Eleven Media Group
တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီး အချို့၏ အဂတိလိုက်စားမှုများ အတွက် မတ် ၂၄ ရက် နံနက်က ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
ယင်းကဲ့သို့ ဆန္ဒပြရသည့်အကြောင်းရင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားစီရင်ရေးနယ်ပယ်မှ တရားသူကြီးအချို့၏ မျက်ကွယ်ပြု လာဘ်စားပြီး အဂတိလိုက်စားမှုများကို ပြည်သူများ သိရှိစေရန်အတွက် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုက ပြောကြားသည်။
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော်က "တိုင်းတရားသူကြီးတွေက မြို့နယ်တရားသူကြီး တွေအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိနေတယ်။ တိုင်းတရားသူကြီး အချို့ရဲ့ အဂတိလိုက်စားမှုတွေက တရားစီရင်ရေး နယ်ပယ်ကို ယိမ်းယိုင်စေတယ်။ တရားစီရင်ရေးမဏ္ဍိုင် ယိုယွင်းရင် အုပ်ချုပ်ရေးကိုပါ ပျက်ယွင်းတယ်။ အလုပ်မလုပ်တဲ့ တရားသူကြီးတွေကို ဖယ်ရှားပြီး အလုပ်လုပ်တဲ့ တရားသူကြီးတွေကို နေရာပေးရပါမယ်။ အဂတိလိုက်စားတဲ့ တရားသူကြီးတွေကိုဖမ်းပြီး ထောင်ထဲထည့်ရပါမယ်" ဟု ပြောကြားသည်။
ဆန္ဒပြပွဲကို ယင်းနေ့ နံနက် ၁၀ နာရီမှ စတင်ပြီး လူအင်အား ၃၀ ခန့်မှ"အဂတိ လိုက်စားနေသော တရားသူကြီးများ အလိုမရှိ" စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြပြီး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့မှ ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့သည်။
အလုပ်သမားသမဂ္ဂများ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့မှ ကိုထွန်းထွန်းနိုင်က "မီတာခ တိုးမြှင့်ကောက်ခံတာဟာ ပြည်သူလူထု အားလုံးနဲ့ သက်ဆိုင်ပါတယ်။ မီတာခတွေ တက်တာက ရှုံးလို့ပါဆိုပြီး လျှပ်စစ်ဝန်ကြီးက ပြောတယ်။ ကျွန်တော်တို့ မေးချင်တာက ပြည်သူလူထု အတွက်ကို အရှုံးမခံနိုင်ဘူးလားလို့ မေးချင်တယ်။ လျှပ်စစ်မီတာခ တိုးမြှင့်တာကို ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကို ကျွန်တော်တို့ ကြိုဆိုထောက်ခံပါတယ်" ဟု ပြောကြားသည်။
ကိုထင်ကျော်သည် ပြီးခဲ့သည့် ဇန်န၀ါ ရီ ၂၇ ရက်ကလည်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးရှေ့တွင် တရားရေး ၀န်ထမ်းအချို့၏ အဂတိလိုက်စားမှုများအတွက် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။
- See more at: http://news-eleven.com/yangon-news/%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%85%E1%80%AE%E1%80%9B%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%99%E1%82%91%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%80%99%E1%80%BD-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%A1%E1%80%81%E1%80%BA%E1%80%AD%E1%80%B3%E1%82%95%E1%81%8F-%E1%80%A1%E1%80%82%E1%80%90%E1%80%AD%E1%80%9C%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%82%80%E1%80%80%E1%80%AE%E1%80%B8#sthash.fs6KbLge.dpuf
တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများအတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့တွင် မတ် ၂၄ ရက်က ဆန္ဒထုတ်ဖော်နေကြစဉ်

No comments:

Post a Comment