Monday, March 24, 2014

၂ဝဝ၈ ဖွဲ့စည်းပုံဟာ ကျိန်စာလို့ ဗဟန်းကဆန္ဒပြသူတွေ ဘာ့ကြောင့်ပြောတာလဲ

ဗဟန်းမြို့နယ်က ဒေသခံပြည်သူနဲ့ NLD ပါတီဝင် ၅ဝဝလောက်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့ မတ်လ ၂၃ရက်နေ့မှာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ မတော်မတရားတဲ့နည်းနဲ့ပေါ်ပေါက်လာတဲ့ ဖွဲ့စည်းပုံဟာ ကျိန်စာဖြစ်တယ်လို့ ဘာကြောင့် ပြောနေကြတာလဲ။
ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့မဟုတ်ဘဲ တိုင်းပြည်ကောင်း စာဖို့ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် ထိထိရောက်ရောက် မပြင်နိုင်ရင် ဒီထက်မကတဲ့ ပြည်သူတွေရဲ့
ဆန္ဒပြနဲ့ ရင်ဆိုင်ရမယ်လို့ ဆန္ဒပြသူတစ်ယောက်က ဆိုပါတယ်။
၂ဝဝ၈ ကျိန်စာကို ပြင်ဆင်ဖို့ကြိုးစားနေတာဟာ ကျိန်စာကိုဖြေနေတာလို့လည်း ဆိုပါတယ်။ တိုင်းပြည်ကို ချစ်တဲ့ သူတိုင်း ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရေးအတွက် ဆန္ဒပြသင့်တယ်လို့ ဆရာစံတောင် ရပ်ကွက်မှာ နေထိုင်တဲ့သူတစ်ယောက်က ဆိုပါတယ်။
ဆန္ဒပြသူတွေဟာ ဆရာစံတောင်ရပ်ကွက်ကနေ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်ထိ လမ်းလျှောက် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြမှုတွေ တစ်ပြိုင်တည်းလိုလို ပေါ်ပေါက်နေပြီး ဆန္ဒပြသူတွေ တစထက်တစ များပြားလာနေပါတယ်။

Kayamut Media

No comments:

Post a Comment