Monday, March 24, 2014

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၌ ကားအင်ဂျင် အပူရှိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း၌ ကားအင်ဂျင် အပူရှိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Monday, March 24, 2014

၂၄.၃.၂၀၁၄ ရက်နေ့ ၁၁၄၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပြည်လမ်း
အတိုင်း စော်ဘွားကြီးကုန်း ဘက်မှ လေဆိပ်လမ်းဆုံဘက်သို့ လှိုင်သာယာ
မြို့နယ်၊ စက်မှုဇုန်(၂)၊ ဆရာစံလမ်းရှိ ဦးမောင်စိန်၏ ပဲဂိုဒေါင်၌ တည်းခို
နေထိုင်သူ အိန္ဒိယနိုင်ငံသား ဆန်းဂျေဂျေ၊ (၄၂)နှစ်၊ (ဘ)ဦးကာလေပူရာ
မောင်းနှင်လာသော ၁င/---- Toyata DAMT အနက်ရောင်ယာဉ်သည် မင်းဓမ္မလမ်းမီးပွိုင့်အလွန်အရောက် အင်ဂျင်မှ အပူလွန်ကဲပြီး မီးလောင်မှု
ဖြစ်ပွားခဲ့သဖြင့် စော်ဘွားကြီးကုန်းအဝေးပြေးဝင်း၊ စည်ပင်သာယာကွပ်ကဲမှု
ရုံးမှ မီးသတ်ဗူးဖြင့် ပက်ဖျန်းမီးငြိမ်းသတ်ခဲ့၍ ၁၁၅၀ အချိန် မီးငြိမ်းသွားခဲ့
ပါသည်။

မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ကားမီးလုံး(၂)လုံး၊လေကာမှန်နှင့်ဝါယာကြိုး
များမီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး(၃)သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ပါသည်။

ဖြစ်စဉ်မှယာဉ်အားမီးလောင်ကျွမ်းအောင်အသုံးပြုမောင်းနှင်သူ ဆန်းဂျစ်ဂျေ
အား အင်းစိန်မြို့မရဲစခန်း(ပ)၂၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ၂၄.၃.၂၀၁၄ ရက်နေ့ ၁၁၄၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ပြည်လမ်းအတိုင်း စော်ဘွားကြီးကုန်း ဘက်မှ လေဆိပ်လမ်းဆုံဘက်သို့ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဆရာစံလမ်းရှိ ဦးမောင်စိန်၏ ပဲဂိုဒေါင်၌ တည်းခိုနေထိုင်သူ အိန္ဒိယနိုင်ငံသား ဆန်းဂျေဂျေ၊ (၄၂)နှစ်၊ (ဘ)ဦးကာလေပူရာမောင်းနှင် လာသော ၁င/---- Toyata DAMT အနက်ရောင်ယာဉ်သည် မင်းဓမ္မလမ်းမီးပွိုင့်အလွန်အရောက် အင်ဂျင်မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ သဖြင့် စော်ဘွားကြီးကုန်း အဝေးပြေးဝင်း၊ စည်ပင်သာယာကွပ်ကဲမှုရုံးမှ မီးသတ်ဗူးဖြင့် ပက်ဖျန်းမီးငြိမ်းသတ်ခဲ့၍ ၁၁၅၀ အချိန် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ယာဉ်၏ရှေ့ကားမီးလုံး(၂)လုံး၊လေကာမှန်နှင့်ဝါယာကြိုးများမီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး(၃)သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ပါသည်။

ဖြစ်စဉ်မှယာဉ်အားမီးလောင်ကျွမ်းအောင်အသုံးပြုမောင်းနှင်သူ ဆန်းဂျစ်ဂျေအား အင်းစိန်မြို့မရဲစခန်း (ပ)၂၈၆/ ၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment