Wednesday, March 26, 2014

လက်ရှိ စည်ပင်သာယာမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းများကို ၂၀၁၅ တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းမည်

လက်ရှိ စည်ပင်သာယာမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းများကို ၂၀၁၅ တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းမည်
Wednesday, March 26, 2014

လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းအတွက် အသုံးပြုရငွေမှာ ပြန်ရငွေထက် သုံးဆကျော် ပိုမိုများပြားခြင်းကြောင့် အရှုံးခံ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

သို့ဖြစ်၍ အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များကို နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ သယ်ယူပို့ဆောင် စွန့်ပစ်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် လွှဲပြောင်းဆောင်ရွက်ရန် တင်ဒါများ စတင်ခေါ်ယူနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။

ယင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ၁၀ နှစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ကိုင်လိုသည့် ပြည်တွင်းနှင့်ပြည်ပ ပူးပေါင်း၊ ပြည်ပကုမ္ပဏီများ အနေဖြင့် လိုအပ်သည့် အချက်အလက်များနှင့်အတူ ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကာ အမှိုက်သိမ်းလုပ်ငန်းများကိုမူ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေ၊ နည်းဥပဒေများတွင် အမှိုက်သိမ်းလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးနိုင်သည်ဟု ပါရှိပြီး လက်ရှိစည်ပင်က အမှိုက်သိမ်းဆည်းရာတွင် အမှိုက် ၁ တန်လျှင် သန့်ရှင်းရေးဆောင်ရွက်ခ တစ်ကျပ်ရလျှင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအထိ အမှိုက်စွန့်ပစ်ရသည့် ကုန်ကျစရိတ်မှာ သုံးကျပ်ခန့်ရှိကြောင်း၊ ထို့အတွက်ကြောင့် လက်ရှိစည်ပင်မှ ကောက်ခံနေသည့် နှုန်းထားများအတိုင်း ကောက်ခံမည်ဆိုပါက ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဟု ၂၀၁၃ ခုနှစ်အတွင်းက ထုတ်ပြန်ထားခဲ့သည်။ ယင်းသို့ လွှဲပြောင်းပေးခြင်းဖြင့် ရန်ကုန်မြို့တော်အတွင်း နိုင်ငံတကာအဆင့်မီ သန့်ရှင်းရေးလုပ်ငန်းများ ပေါ်ပေါက်လာနိုင်မည်ဟု ဆိုသည်။

ထိုသို့ လွှဲပြောင်းပေးလိုက်ခြင်းကြောင့် ပုဂ္ဂလိကအနေဖြင့် စည်ပင်ထက်များပြားသော နှုန်းထားများဖြင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံမည်ဆိုပါက ပြည်သူများပင် ၀န်ထုပ်ဝန်ပိုး ဖြစ်စေနိုင်မည်ဖြစ်ရာ ယင်းသို့မဖြစ်စေရန် စည်းကမ်းချက်များ ရှိမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဆိုပါက လက်ရှိစည်ပင်သာယာက ခန့်အပ်ထားသည့် အမှိုက်သိမ်းဝန်ထမ်းများ အလုပ်လက်မဲ့များလည်း ရှိနိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိက ရယူပြီးသည့် အချိန်တွင် စည်ပင်သာယာ ၀န်ထမ်းများကို ခန့်အပ်နိုင်ရန်လည်း စီစဉ်ပေးသွားမည်ဟု ဦးခင်ဝင်းက ဆိုသည်။

လက်ရှိစည်ပင်မှ ကောက်ခံနေသော သန့်ရှင်းရေးဆောင်ရွက်ခ နှုန်းထားများမှာ မြို့တွင်း ဆက်စပ်ကိုးမြို့နယ်ဖြစ်သော မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့တွင် သုံးလတစ်ကြိမ်လျှင် ၁၈၀၀ ကျပ်၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ်အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ်တို့တွင် သုံးလတစ်ကြိမ် ၁၃၅၀ ကျပ်၊ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် သုံးလတစ်ကြိမ် ကျပ် ၉၀၀ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် သုံးလတစ်ကြိမ် ကျပ် ၁၈၀၀ နှုန်းဖြင့် ကောက်ခံနေကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်မြို့ ယုဇနပလာဇာရှေ့တွင် ညအချိန် အမှိုက်သိမ်းဆည်းနေသည့် ၀န်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လုပ်ကိုင်နေသော အရှုံးပေါ်နေသည်ဟုဆိုသည့် ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်၏ အမှိုက်သိမ်းလုပ်ငန်းအတွက် အသုံးပြုရငွေမှာ ပြန်ရငွေထက် သုံးဆကျော် ပိုမို များပြားခြင်းကြောင့် အရှုံးခံ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော် မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားသည်။

သို့ဖြစ်၍ အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များကို နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ သယ်ယူ ပို့ဆောင် စွန့်ပစ်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် လွှဲပြောင်းဆောင်ရွက်ရန် တင်ဒါများ စတင်ခေါ်ယူနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။
ယင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ၁၀ နှစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ကိုင် လိုသည့် ပြည်တွင်းနှင့်ပြည်ပ ပူးပေါင်း၊ ပြည်ပကုမ္ပဏီများ အနေဖြင့် လိုအပ်သည့် အချက်အလက်များနှင့် အတူ ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကာ အမှိုက်သိမ်းလုပ်ငန်းများကိုမူ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဥပဒေ၊ နည်းဥပဒေများတွင် အမှိုက်သိမ်းလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးနိုင်သည်ဟု ပါရှိပြီး လက်ရှိစည်ပင်က အမှိုက်သိမ်းဆည်းရာတွင် အမှိုက် ၁ တန်လျှင် သန့်ရှင်းရေးဆောင်ရွက်ခ တစ်ကျပ်ရလျှင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအထိ အမှိုက်စွန့်ပစ်ရသည့် ကုန်ကျစရိတ်မှာ သုံးကျပ်ခန့်ရှိကြောင်း၊ ထို့အတွက်ကြောင့် လက်ရှိစည်ပင်မှ ကောက် ခံနေသည့် နှုန်းထား များအတိုင်း ကောက်ခံမည်ဆိုပါက ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်ဟု ၂၀၁၃ ခုနှစ်အတွင်းက ထုတ်ပြန်ထားခဲ့သည်။ ယင်းသို့ လွှဲပြောင်းပေးခြင်းဖြင့် ရန်ကုန်မြို့တော်အတွင်း နိုင်ငံတကာအဆင့်မီ သန့်ရှင်းရေးလုပ်ငန်းများ ပေါ်ပေါက်လာနိုင်မည်ဟု ဆိုသည်။
ထိုသို့ လွှဲပြောင်းပေးလိုက်ခြင်းကြောင့် ပုဂ္ဂလိကအနေဖြင့် စည်ပင်ထက်များပြားသော နှုန်းထားများဖြင့် သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံမည်ဆိုပါက ပြည်သူများပင် ၀န်ထုပ်ဝန်ပိုး ဖြစ်စေနိုင်မည်ဖြစ်ရာ ယင်းသို့မဖြစ်စေရန် စည်းကမ်းချက်များ ရှိမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဆိုပါက လက်ရှိ စည်ပင်သာယာက ခန့်အပ်ထားသည့် အမှိုက်သိမ်းဝန်ထမ်းများ အလုပ်လက်မဲ့များလည်း ရှိနိုင်မည် မဟုတ်ဘဲ ပုဂ္ဂလိက ရယူပြီးသည့် အချိန်တွင် စည်ပင်သာယာ ၀န်ထမ်းများကို ခန့်အပ်နိုင်ရန်လည်း စီစဉ်ပေးသွားမည်ဟု ဦးခင်ဝင်းက ဆိုသည်။
လက်ရှိစည်ပင်မှ ကောက်ခံနေသော သန့်ရှင်းရေးဆောင်ရွက်ခ နှုန်းထားများမှာ မြို့တွင်း ဆက်စပ်ကိုးမြို့နယ်ဖြစ်သော မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့တွင် သုံးလတစ်ကြိမ်လျှင် ၁၈၀၀ ကျပ်၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ်အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ်တို့တွင် သုံးလတစ်ကြိမ် ၁၃၅၀ ကျပ်၊ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် သုံးလတစ်ကြိမ် ကျပ် ၉၀၀ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် သုံးလတစ်ကြိမ် ကျပ် ၁၈၀၀ နှုန်းဖြင့် ကောက်ခံနေကြောင်း သိရသည်။
Eleven Media Group
ရန်ကုန်မြို့ ယုဇနပလာဇာရှေ့တွင် ညအချိန် အမှိုက်သိမ်းဆည်းနေသည့် ၀န်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

No comments:

Post a Comment