Monday, March 31, 2014

အဂတိလိုက်စားမှုအတွက် ယင်းလပ် ထွက်ဆိုမှုမပြုမီ ထိုင်းပါလီမန် ရွေးကောက်ပွဲ ပြုလုပ်

Photo: အဂတိလိုက်စားမှုအတွက် ယင်းလပ် ထွက်ဆိုမှုမပြုမီ ထိုင်းပါလီမန် ရွေးကောက်ပွဲ ပြုလုပ်

ဘန်ကောက်၊ မတ် ၃၀

ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ ဆန်စပါး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များအတွက် စစ်ဆေးမှု မခံယူမီ တနင်္ဂနွေနေ့က ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ထိုင်းပါလီမန် လွှတ်တော်တွင် အမတ်နေရာ ၁၅၀ ရှိသည့်အနက် ထက်ဝက်ကျော်ခန့် နေရာအတွက် မဲဆန္ဒရှင်များက မဲပေးရခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက တရားမဝင်တော့ကြောင်း ကြေညာပြီး တစ်ပတ်ကျော်ခန့် အကြာတွင် ကျင်းပ ပြုလုပ်ခြင်းလည်း ဖြစ်သည်။ 

ထိုင်းပါလီမန်၏ အမတ်နေရာ ၇၇ ခုမှာ ရွေးကောက်တင်မြှောက် ခံရသူများအတွက် ဖြစ်ပြီး ၇၃ နေရာမှာမူ တိုက်ရိုက် ခန့်အပ်ခြင်း ခံရသူများဖြစ်ကာ သက်ဆင်ရှင်နာဝပ် အင်အားစုကို ဆန့်ကျင်သည့် အုပ်စုများ ဖြစ်ကြသည်။ 

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်မှာမူ အစိုးရ၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်တွင် အဂတိလိုက်စားမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များ အတွက် တနင်္လာနေ့တွင် တရားရုံးတော်၌ စစ်ဆေးခံ ထွက်ဆိုရမည် ဖြစ်သည်။ 

ဆူတက်တာဆူဘန် ဦးဆောင်သော အတိုက်အခံ အင်အားစုများက ယင်းလပ်ရှင်နာဝပ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လာသည်မှာ ယခုဆိုလျှင် ငါးလအထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း ၎င်းအား ရာထူးမှ နုတ်ထွက်သည်အထိ ဖိအားပေးနိုင်ခဲ့ခြင်း မရှိသေးပေ။ 

အတိုက်အခံတို့က နောက်ထပ် တစ်ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုထားကြသည်။ 

တနင်္ဂနွေနေ့တွင် ထပ်မံ ကျင်းပရသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ Siam Intelligence Unit မှ နိုင်ငံရေး လေ့လာဆန်းစစ်သူ တစ်ဦးက “ဒီရွေးကောက်ပွဲ ရလဒ်ဟာ တရားမဝင်ဘူးလို့ အခြေခံဥပဒေ ခုံရုံးက ကြေညာခံလိုက်ရတဲ့ ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲ အတိုင်းပဲ ဖြစ်မှာပါ။ သဘောကတော့ အစိုးရ လိုလားတဲ့ ရလဒ်မျိုးဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ တိုက်ရိုက်ခန့်အပ်ခံရတဲ့ ဆီနိတ်တာတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အစိုးရ အတိုက်အခံတွေ ဖြစ်နေတော့ ယင်းလပ်ရှင်နာဝပ်ကို ထုတ်ပစ်ဖို့ ဖိအားပေး ပြောဆိုလာတာမျိုး ရှိခဲ့မယ်ဆိုရင် အတိုက်အခံတွေဘက်က မဲသာမယ့် အခြေအနေမှာ ရှိပါတယ်” ဟု ပြောကြားသည်။ 

ရွေးကောက်တင်မြှောက်ခံစရာ မလိုဘဲ တိုက်ရိုက်ခန့်အပ်ခြင်း ခံရသော လွှတ်တော်အမတ် (ဆီနိတ်တာ) များကို အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ အခြေခံဥပဒေခုံရုံး၊ ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံး၊ တရားရုံးတော်တို့မှ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော ကော်မရှင်က ခန့်အပ်ခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံရေး အကျပ်အတည်းသည် ၂၀၀၆ ခုနှစ် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို စစ်တပ်က အာဏာသိမ်းပိုက်ကာ ဖယ်ရှားလိုက်သည့် အချိန်မှစ၍ သန္ဓေတည်လာခြင်း ဖြစ်သည်။ 

ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရက နိုင်ငံရေး အကျပ်အတည်းများ ပြေလည်စေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးခဲ့သော်လည်း အခြေခံဥပဒေ ခုံရုံး၏ ဖျက်သိမ်းမှုကြောင့် ယနေ့အချိန်အထိ လိပ်ခဲတည်းလည်း အခြေအနေထဲတွင် ရှိနေဆဲပင် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ ဆန်စပါး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များအတွက် စစ်ဆေးမှု မခံယူမီ တနင်္ဂနွေနေ့က ပါလီမန်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုင်းပါလီမန် လွှတ်တော်တွင် အမတ်နေရာ ၁၅၀ ရှိသည့်အနက် ထက်ဝက်ကျော်ခန့် နေရာ အတွက် မဲဆန္ဒရှင်များက မဲပေးရခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက တရားမဝင်တော့ကြောင်း ကြေညာပြီး တစ်ပတ်ကျော်ခန့် အကြာတွင် ကျင်းပ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

ထိုင်းပါလီမန်၏ အမတ်နေရာ ၇၇ ခုမှာ ရွေးကောက်တင်မြှောက် ခံရသူများအတွက် ဖြစ်ပြီး ၇၃ နေရာမှာမူ တိုက်ရိုက် ခန့်အပ်ခြင်း ခံရသူများဖြစ်ကာ သက်ဆင်ရှင်နာဝပ် အင်အားစုကို ဆန့် ကျင်သည့် အုပ်စုများ ဖြစ်ကြသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်မှာမူ အစိုးရ၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်တွင် အဂတိ လိုက်စားမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များ အတွက် တနင်္လာနေ့တွင် တရားရုံးတော်၌ စစ်ဆေးခံ ထွက်ဆိုရမည် ဖြစ်သည်။

ဆူတက်တာဆူဘန် ဦးဆောင်သော အတိုက်အခံ အင်အားစုများက ယင်းလပ်ရှင်နာဝပ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လာသည်မှာ ယခုဆိုလျှင် ငါးလအထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း ၎င်းအား ရာထူးမှ နုတ်ထွက်သည်အထိ ဖိအားပေးနိုင်ခဲ့ခြင်း မရှိသေးပေ။

အတိုက်အခံတို့က နောက်ထပ် တစ်ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုထားကြသည်။

တနင်္ဂနွေနေ့တွင် ထပ်မံ ကျင်းပရသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ Siam Intelligence Unit မှ နိုင်ငံရေး လေ့လာဆန်းစစ်သူ တစ်ဦးက “ဒီရွေးကောက်ပွဲ ရလဒ်ဟာ တရားမဝင်ဘူးလို့ အခြေခံဥပဒေ ခုံရုံးက ကြေညာခံလိုက်ရတဲ့ ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲ အတိုင်းပဲ ဖြစ်မှာပါ။ သဘောကတော့ အစိုးရ လိုလားတဲ့ ရလဒ်မျိုးဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ တိုက်ရိုက်ခန့်အပ်ခံရတဲ့ ဆီနိတ်တာတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အစိုးရ အတိုက်အခံတွေ ဖြစ်နေတော့ ယင်းလပ်ရှင်နာဝပ်ကို ထုတ်ပစ်ဖို့ ဖိအားပေး ပြောဆိုလာတာမျိုး ရှိခဲ့မယ်ဆိုရင် အတိုက်အခံတွေဘက်က မဲသာမယ့် အခြေအနေမှာ ရှိပါတယ်” ဟု ပြောကြားသည်။

ရွေးကောက်တင်မြှောက်ခံစရာ မလိုဘဲ တိုက်ရိုက်ခန့်အပ်ခြင်း ခံရသော လွှတ်တော်အမတ် (ဆီနိတ်တာ) များကို အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ အခြေခံ ဥပဒေခုံ ရုံး၊ ထိုင်းနိုင်ငံတော် စာရင်းစစ်ချုပ်ရုံး၊ တရားရုံးတော်တို့မှ အကြီးအကဲများဖြင့် ဖွဲ့စည်းထားသော ကော်မရှင်က ခန့်အပ်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းသည် ၂၀၀၆ ခုနှစ် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို စစ်တပ်က အာဏာသိမ်းပိုက်ကာ ဖယ်ရှားလိုက်သည့် အချိန်မှစ၍ သန္ဓေတည်လာခြင်း ဖြစ်သည်။

ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရက နိုင်ငံရေး အကျပ်အတည်းများ ပြေလည်စေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွေးကောက်ပွဲကျင်းပ ပြုလုပ်ပေးခဲ့သော်လည်း အခြေခံ ဥပဒေ ခုံရုံး၏ ဖျက်သိမ်းမှုကြောင့် ယနေ့အချိန်အထိ လိပ်ခဲတည်းလည်း အခြေအနေ ထဲ တွင် ရှိနေဆဲပင် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment