Monday, March 31, 2014

ကမ္ဘောဒီးယား အတိုက်အခံများ၏ ဆန္ဒပြမှု ပြန်လည် အရှိန်မြင့်တက်

Photo: ကမ္ဘောဒီးယား အတိုက်အခံများ၏ ဆန္ဒပြမှု ပြန်လည် အရှိန်မြင့်တက်

တီဟီရန်၊ မတ် ၃၀

ကမ္ဘောဒီးယားနိုင်ငံတွင် အာဏာရှင် ခေါင်းဆောင်ဟု သမုတ်ခံထားရသည့် သမ္မတဟွန်ဆန် ဦးဆောင်သော အစိုးရက ပင်မအတိုက်အခံ ပါတီအတွက် လွတ်လပ်ရေးပန်းခြံတွင် စီတန်းဆန္ဒပြခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် အတိုက်အခံ အင်အားစုများက ၎င်းတို့၏ ပါတီရုံးများတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကမ္ဘောဒီးယား၏ ပင်မအတိုက်အခံ ပါတီကြီး အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) က လွတ်လပ်ရေးပန်းခြံတွင် စုဝေးဆန္ဒပြရန် ကြိုးစားမှုကို အစိုးရက ခွင့်ပြုချက် မပေးသောကြောင့် ယင်းပါတီသည် ပြည်သူ့ကွန်ဂရက်ဟု အမည်ရသည့် ဆွေးနွေးပွဲကြီး တစ်ရပ်ကို ဦးစွာ ကျင်းပကာ ပါတီရုံးတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ဥက္ကဋ္ဌ ဆမ်ရိန်စီ ဦးဆောင်သော CNRP ပါတီ၏ ကွန်ဂရက်သို့ လူရာပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ 

ကမ္ဘောဒီးယားသမ္မတ ဟွန်ဆန် ဦးဆောင်သည့် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) နှင့် အတိုက်အခံ CNRP ပါတီတို့သည် ပြီးခဲ့သည့် ဇူလိုင်လတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ အငြင်းပွားလျက် ရှိသည်။

အဆိုပါ မဲရလဒ်ကို အတိုက်အခံတို့က လက်သင့်မခံဘဲ ဆန္ဒပြမှုများပြု လုပ်ခဲ့ကြသလို သမ္မတဟွန်ဆန် ရာထူးမှ နုတ်ထွက်ပေးရေးနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးတို့ကို တောင်းဆိုခဲ့ကြသည်။ 

ယခု လွတ်လပ်ရေးပန်းခြံ၌ ဆန္ဒပြခွင့် မရရှိသော်လည်း ပါတီဌာနချုပ်၌ ကွန်ဂရက် ကျင်းပကာ ဆန္ဒပြခဲ့ရခြင်းမှာ အစိုးရနှင့် ထိပ်တိုက် ပဋိပက္ခ မဖြစ်လိုသောကြောင့် ဖြစ်ကြောင်း အတိုက်အခံ CNRP ပါတီ ဥက္ကဋ္ဌ ဆမ်ရိန်စီက ပြောကြားသည်။ 

အတိုက်အခံတို့ဘက်က လွတ်လပ်ရေးပန်းခြံ၌ ဆန္ဒပြရန် ကြိုးပမ်းမှုကို လက်သင့်ခံမည် မဟုတ်ကြောင်း ဖနွမ်းပင် မြို့တော်ဝန်က အသိပေးကြေညာပြီး ယင်းပန်းခြံတွင်လည်း အဟန့်အတားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တင်းကျပ်စွာ ချထားသည်။ 

“လူမှုလုံခြုံရေးနဲ့ အများပြည်သူအကြား တရားဥပဒေ စိုးမိုးရေးအတွက် ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့တွေ ချထားတာ ဖြစ်ပါတယ်” ဟု အမျိုးသားလုံခြုံရေး အဖွဲ့မှ ရဲချုပ် ကန်တိုင်အိုက ပြောကြားသည်။ 

အတိုက်အခံ အင်အားစုများက ဟွန်ဆန် ဦးဆောင်သော အစိုးရနှင့် အာဏာရ ပါတီတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်ဟု ယနေ့အချိန်အထိ ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုကာ ပါလီမန်လွှတ်တော်ကို သပိတ်မှောက်ထားသည်။

သမ္မတ ဟွန်ဆန်ကမူ အတိုက်အခံတို့၏ စွပ်စွဲချက်များ မှန်ကန်မှုမရှိဟု တုံ့ပြန်ပြောဆိုကာ ၎င်းအနေနှင့် ရာထူးမှ နုတ်ထွက်ပေးမည် မဟုတ်သလို ရွေးကောက်ပွဲလည်း ပြန်လည် ကျင်းပပေးမည် မဟုတ်ဟု ဆိုထားသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အာဏာရှင် ခေါင်းဆောင်ဟု သမုတ်ခံထားရသည့် သမ္မတဟွန်ဆန် ဦးဆောင်သော အစိုးရက ပင်မအတိုက်အခံ ပါတီအတွက် လွတ်လပ်ရေးပန်းခြံတွင် စီတန်း ဆန္ဒပြခွင့်ကို ပိတ်ပင်လိုက်ပြီးနောက် အတိုက်အခံ အင်အားစုများက ၎င်းတို့၏ ပါတီရုံးများတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

ကမ္ဘောဒီးယား၏ ပင်မအတိုက်အခံ ပါတီကြီး အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) က လွတ်လပ်ရေးပန်းခြံတွင် စုဝေးဆန္ဒပြရန် ကြိုးစားမှုကို အစိုးရက ခွင့်ပြုချက် မပေးသောကြောင့် ယင်းပါတီသည် ပြည်သူ့ကွန်ဂရက်ဟု အမည်ရသည့် ဆွေးနွေးပွဲကြီး တစ်ရပ်ကို ဦးစွာ ကျင်းပ ကာ ပါတီရုံးတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဥက္ကဋ္ဌ ဆမ်ရိန်စီ ဦးဆောင်သော CNRP ပါတီ၏ ကွန်ဂရက်သို့ လူရာပေါင်းများစွာ တက်ရော က် ခဲ့ကြသည်။

ကမ္ဘောဒီးယားသမ္မတ ဟွန်ဆန် ဦးဆောင်သည့် ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) နှင့် အတိုက် အခံ CNRP ပါတီတို့သည် ပြီးခဲ့သည့် ဇူလိုင်လတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ အငြင်းပွားလျက် ရှိသည်။

အဆိုပါ မဲရလဒ်ကို အတိုက်အခံတို့က လက်သင့်မခံဘဲ ဆန္ဒပြမှုများပြု လုပ်ခဲ့ကြသလို သမ္မတ ဟွန်ဆန် ရာထူးမှ နုတ်ထွက်ပေးရေးနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးတို့ကို တောင်းဆို ခဲ့ကြသည်။

ယခု လွတ်လပ်ရေးပန်းခြံ၌ ဆန္ဒပြခွင့် မရရှိသော်လည်း ပါတီဌာနချုပ်၌ ကွန်ဂရက် ကျင်းပကာ ဆန္ဒပြခဲ့ရခြင်းမှာ အစိုးရနှင့် ထိပ်တိုက် ပဋိပက္ခ မဖြစ်လိုသောကြောင့် ဖြစ်ကြောင်း အတိုက် အခံ CNRP ပါတီ ဥက္ကဋ္ဌ ဆမ်ရိန်စီက ပြောကြားသည်။

အတိုက်အခံတို့ဘက်က လွတ်လပ်ရေးပန်းခြံ၌ ဆန္ဒပြရန် ကြိုးပမ်းမှုကို လက်သင့်ခံမည် မဟုတ်ကြောင်း ဖနွမ်းပင် မြို့တော်ဝန်က အသိပေးကြေညာပြီး ယင်းပန်းခြံတွင်လည်း အဟန့် အတား များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တင်းကျပ်စွာ ချထားသည်။

“လူမှုလုံခြုံရေးနဲ့ အများပြည်သူအကြား တရားဥပဒေ စိုးမိုးရေးအတွက် ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့တွေ ချထားတာ ဖြစ်ပါတယ်” ဟု အမျိုးသားလုံခြုံရေး အဖွဲ့မှ ရဲချုပ် ကန်တိုင်အိုက ပြောကြား သည်။

အတိုက်အခံ အင်အားစုများက ဟွန်ဆန် ဦးဆောင်သော အစိုးရနှင့် အာဏာရ ပါတီတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်ဟု ယနေ့အချိန်အထိ ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုကာ ပါလီမန်လွှတ်တော်ကို သပိတ်မှောက်ထားသည်။

သမ္မတ ဟွန်ဆန်ကမူ အတိုက်အခံတို့၏ စွပ်စွဲချက်များ မှန်ကန်မှုမရှိဟု တုံ့ပြန်ပြောဆိုကာ ၎င်း အနေနှင့် ရာထူးမှ နုတ်ထွက်ပေးမည် မဟုတ်သလို ရွေးကောက်ပွဲလည်း ပြန်လည် ကျင်းပပေး မည် မဟုတ်ဟု ဆိုထားသည်။

The Voice Weekly

No comments:

Post a Comment