Tuesday, March 25, 2014

ရန်သူအရပ်သား မခွဲဘဲ တိုက်ခိုက်သည့်မူကို ကျင့်သုံးသည့် တပ်မတော် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဟု ဟားဗက်စာတမ်း ဖော်ပြ

အရပ်သား-ရန်သူ မခွဲခြားဘဲ တိုက်ခိုက်သည့်မူဝါဒကို အချိန်ကြာကြာ ကျင့်သုံးလာသည့် မြန်မာ့ တပ်မ တော်သည် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ် ဟားဗတ် ဥပဒေကျောင်း၏ နိုင်ငံတကာ လူ့အခွင့်အရေး လက်တွေ့ဖော်ဆောင်ရာ ဌာနမှ လေးနှစ်ကျော်ကြာ ပြုစု ခဲ့သည့် စာတမ်းတွင် သတိပေး ဖော်ပြထားသည်။

အဆိုပါစာတမ်းရေးဆွဲရာတွင် အဓိကပါဝင်သူ အင်္ဂလန်အခြေစိုက် အကျိုးအမြတ်မယူသည့် တရားဥပဒေ စိုးမိုးရေးအဖွဲ့တစ်ခုမှ စီမံကိန်းမန်နေဂျာ Mr. Matthew Bugher က “မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေချိုးဖောက်မှုတွေနဲ့ ပြည်သူလူထုအပေါ်မှာ တိုက်ခိုက်မှုတွေကိုဖြစ်ပွားစေခဲ့တာ ကြာ မြင့်နေပြီဖြစ်တယ်ဆိုတာ တွေ့ရှိရတဲ့အတွက် ဒီပေါ်လစီတွေကို ပြန်သုံးသပ်ဖို့ လိုနေပြီ”ဟု ပြော သည်။


မတ်လ ၂၄ တွင် ထုတ်ပြန်ခဲ့သည့် စာတမ်း၌ ရန်သူအရပ်သား မခွဲခြားဘဲ တိုက်ခိုက်မှုများနှင့် အရပ်သား များအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်း၊ စစ်ဘက် အာဏာပိုင်အဆင့်ဆင့်၌ ထိုကဲ့သို့သော ကျူးလွန်မှု များ ပေါ်ပေါက်လာစေသည့် အကြောင်းရင်းများနှင့် ပြုပြင်ပြောင်းလဲရန် အကြံပြုချက်များကို ဖော်ပြထား သည်။

အရပ်သား - လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်မှုများ

ဟားဗတ်ဥပဒေကျောင်း၏ စာတမ်းအရ ယခင်အစိုးရနှင့် လက်ရှိအစိုးရ နှစ်ရပ်စလုံးမှ အရပ်သား-လက် နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်မှုများနှင့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းများ ရှိခဲ့ကြောင်း စာတမ်းတွင် ဖော် ပြ ထားသည်။

မြန်မာအစိုးရအနေဖြင့် ဗဟိုမှ စီမံချုပ်ကိုင်သည့် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များအား တိုက်ခိုက် သည့်စီမံကိန်းများ၏ တစ်စိတ်တစ်ဒေသအဖြစ် အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ ကြောင်း၊ ယင်းတို့၌ တိုက်ပွဲတွင်း မတော်တဆထိမှန်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ ဗုံးကျဲခြင်းများနှင့် မြေမြှုပ်မိုင်းထောင်ခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသစ် ၂၀၁၁ ခုနှစ်တွင် တက်လာပြီးနောက်ပိုင်း၌ တိုက်ခိုက်မှုများ လျော့ ကျသွားသော်လည်း တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တိုက်ခိုက်ကျူးလွန်မှု များ ရှိနေဆဲပင် ဖြစ်သည်ဟုလည်း ယင်းစာတမ်း၌ ဖော်ပြထားသည်။

တိုက်ခိုက်မှုများ ဖြစ်ပေါ်စေသည့် အကြောင်းအရင်း

ယခုကဲ့သို့သော တိုက်ခိုက်မှုများ ပေါ်ပေါက်နေရခြင်းမှာ မြန်မာစစ်တပ်မှ အရပ်သားများအပေါ် အကာ ကွယ်ပေးခြင်းထက် စစ်ရေးရည်မှန်းချက်များ အောင်မြင်ရေးကို အဓိကထားခြင်းကြောင့် ဖြစ်သည်ဟု“အ ရပ်သား-လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်မှုများနှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများအပေါ် မူဝါဒရေး ရာအကြံပြုချက်များ”ဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားသည့်စာတမ်း၌ ဖော်ပြထား သည်။

စစ်ဆင်ရေးမူဝါဒချမှတ်သည့်အဆင့်၊ နည်းဗျူဟာအဆင့်နှင့် ရှေ့တန်းတာဝန်ကျ စစ်သားများက တိုက်ပွဲ အခြေအနေအရ ဆုံးဖြတ်ချက် ချသည့် အဆင့်တို့၌ ထိုကဲ့သို့ စစ်ရေးရည်မှန်းချက်များ အောင်မြင်ရေးအ တွက် အဓိကထား ဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်။

မြန်မာ့စစ်တပ်က အစဉ်အလာအားဖြင့် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ၌ အမည်းရောင်၊ အညိုရောင်၊ အဖြူရောင်နယ်မြေများအဖြစ် သတ်မှတ်ထားပြီး အစိုးရထိန်းချုပ်မှုနယ် (သို့) လုံးဝမရှိသည့် အမည်းရောင်နယ်မြေတွင်း တွေ့ရှိသူများအားလုံးကို ရန်သူအဖြစ်သတ်မှတ်နိုင်ပြီး “သူတို့ က စစ်သားမဟုတ်ရင်တောင် သူတို့ ရန်သူပဲ၊ သူတို့ကို သတ်နိုင်တယ်”ဟု စစ်မှုထမ်းဟောင်းတစ်ဦးက Clinic မှ အင်တာဗျူးရာတွင် ပြောဆိုထားသည်ဟု ဆိုသည်။

အကြံပြုချက်များ

ထိုကဲ့သို့ ဖြစ်ပွားနေသည့် အခြေအနေ ကျူးလွန်မှုများကို ရပ်တန့်ရန် မြန်မာတပ်မတော်အတွင်း၌ နှစ်ရှည် လများ ကျင့်သုံးခဲ့သည့် လုပ်နည်းလုပ်ဟန်များနှင့် စွဲမြဲခိုင်မာနေသည့် အစဉ်အလာ ဓလေ့များကို ပြောင်း လဲရန် လိုအပ်သည်ဟု ဆိုသည်။

ပြောင်းလဲရာ၌ မသင့်လျော်သော (သို့) ဥပဒေနှင့်မညီသည့် အပြုအမူများကို လက်မခံရန်၊ တာဝန်ယူမှုနှင့် လက်ခံနိုင်ဖွယ်ရာ အပြုအမူများအပေါ် ဆုပေးခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သော ဆွဲဆောင်မှု များရှိ စေမည့် အကြံပြုချက်များကို ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားရာတွင် တပ်မတော်သားများသည် အရပ်သားများအပေါ်တွင် ရန်သူနှင့်ခွဲခြားမှုမရှိတိုက် ခိုက်နေခြင်းတို့အားစွန့်လွှတ်ရန်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေများကို သင်ကြားလေ့ ကျင့် ပေးရန်၊ အရပ်သားများ ထိခိုက်သေကြေမှုနည်းစေရန် လေ့ကျင့်မှုပေးခြင်း၊ လက်ရှိကျင့်သုံးနေသည့် အခြေခံဥပဒေဖွဲ့စည်းပုံအရ တပ်မတော်တွင်း တရားစီရင်မှုစနစ် ပြောင်းလဲပေးရန်၊ အရပ်သားတို့ထိခိုက် မှုအပေါ် အာဏာပိုင်များမှ နိုင်ငံတကာအစီရင်ခံစာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။

အဆိုပါစာတမ်းကို ဟားဗတ်တက္ကသိုလ် ဟားဗတ်ဥပဒေကျောင်း၏ နိုင်ငံတကာလူ့အခွင့်အရေး လက် တွေ့ဖော်ဆောင်ရာဌာန (The International Human Rights Clinic at Harverd Law School)မှ ပြုစု ခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် စာနယ်ဇင်းရှင်းလင်းပွဲပြု လုပ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စာတမ်းရေးသားရန် မြန်မာ တပ်မတော်က နိုင်ငံအရှေ့ပိုင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ ပြုလုပ်သည့် ပြည်တွင်းတိုက်ပွဲများအပေါ် အခြေခံကာ ရေးသားထားခြင်းဖြစ် သည်။

ဟားဗတ်ဥပဒေကျောင်း၏ နိုင်ငံတကာလူ့အခွင့်အရေး လက်တွေ့ဖော်ဆောင်ရာဌာနသည် ၁၉၄၈ ခုနှစ် တွင် အင်္ဂလန်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာတစ်လွှားရှိ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသည့် လူ့အ ခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန် အဓိကထား ဆောင်ရွက်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ လူ့ အခွင့်အရေးချိုးဖောက်မှုများအတွက် ကျောင်းသူကျောင်းသားများကိုလည်း သုတေသနများ ပြုလုပ်နိုင်ရန် အကူအညီပေးနေသည်။

Mizzima

No comments:

Post a Comment