Tuesday, March 25, 2014

မြန်မာနိုင်ငံသို့ အကူအညီများ တိုးမြှင့်နေခြင်းမှာ ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူပြော

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အ ကူအညီအထောက်အပံ့များ တိုး မြှင့်ပေး အပ်နေရခြင်းမှာ ဂျပန် ရင်းနှီးမြှုပ်နှံမှုများ တရုတ်နိုင်ငံ တွင် မှီခိုနေရမှုမှ ရှောင်လွှဲနိုင်ရန် ရည်ရွယ်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံတ ကာရင်းနှီးမြှုပ်နှံမှုနယ်ပယ်သစ် တစ်ခုဖြစ်လာရန် အလားအလာ ကောင်းနေခြင်းကြောင့် ဂျပန်ကုမ္ပဏီများ တရုတ်နိုင်ငံတွင် ရင်းနှီး မြှုပ်နှံနေမှုမှမြန်မာနိုင်ငံသို့
အာရုံစိုက်လာနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ဂျပန်ကုမ္ပဏီတွေ အများ အပြားက တရုတ်နိုင်ငံမှာ ရင်းနှီး မြှုပ်နှံနေကြတယ်။ တရုတ်အ ပေါင်းတစ်ဆိုတဲ့ ငြင်းခုံမှုတွေ ကလည်း ရှိနေတယ်။ တရုတ် နိုင်ငံအပေါ်မှာလည်း ကျွန်တော် တို့ မှီခိုနေလို့ မရပါဘူး။ ကျွန် တော်တို့ နောက်တစ်နိုင်ငံမှာ ရင်း နှီးမြှုပ်နှံဖို့အတွက် ရှာဖွေရပါ မယ်။ အဲဒီမှာ မြန်မာက ခရီးပန်း တိုင်တစ်ခုဖြစ်တဲ့အတွက် ဂျပန် ရင်းနှီးမြှုပ်နှံသူတွေ တဖြည်းဖြည်း အာရုံစိုက်လာနေပါတယ်။ မြန်မာ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုအလား အလာတွေရှိနေတယ်လို့ လူအ များအပြားက ယုံကြည်နေပါ တယ်’’ ဟု ဂျပန်နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ကွိုင်ချီမီဇူရှိမာကပြော သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် စိန် ခေါ်မှုများရှိနေသေးသော်လည်း ပညာတတ် လုပ်သားများရှိခြင်း ကြောင့် အခြားနိုင်ငံများနှင့် နှိုင်း ယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုအတွက် နေရာကောင်းတစ်ခုဟုထင်မြင် ကြောင်း ၎င်းကဆိုသည်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီး၏ ခရီးစဉ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းကို လေ့လာမှုစစ်တမ်း ကောက်ယူရန် သဘောတူညီခဲ့ ပြီး ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ (JICA) က ဆောင်ရွက် သွားမည်ဖြစ် သည်။

‘‘ကျွန်တော်တို့ ထားဝယ်စီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ အဲဒါကအရေးကြီး တယ်လို့ ကျွန် တော်တို့ ယုံကြည်ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူသည် ရင်းနှီးမြှုပ်နှံမှုများအတွက် အရေး ကြီးသော ပွင့်လင်းမြင်သာမှုလို အပ်ချက်ကို ထောက်ပြခဲ့ပြီး ယင်း အချက်ကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံ သူများကိုေ၀၀ါးစေကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပ ဏီများဝင်ရောက်လာမှု အလျင် အမြန်မြင့်တက်နေပြီး ၂၀၁၄ ခု နှစ်တွင်(၁၄၁) ကုမ္ပဏီရှိနေပြီ ဖြစ် ၍ ၂၀၁၂ ခုနှစ်ထက် နှစ်ဆမြင့် တက်ခဲ့ခြင်းဖြစ်ကာ ၀င်ရောက် ရင်းနှီးမြှုပ်နှံရန် စောင့် ဆိုင်းနေ သူများရှိနေကြောင်း သိရသည်။

ဦးသိန်းစိန် အစိုးရ လက် ထက်တွင် ဂျပန်အစိုးရသည် မြန် မာနိုင်ငံသို့ ချေးငွေ၊ ထောက်ပံ့ ငွေနှင့် နည်းပညာကူညီပံ့ပိုးမှုများ သိသိသာသာတိုးမြှင့်ပေးခဲ့သလို စီးပွားရေးစက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံ မှုများ ဆောင်ရွက်ထားပြီးဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ဂျပန်အ စိုးရသည် မြန်မာနိုင်ငံသို့ ချေးငွေ၊ ထောက်ပံ့ငွေနှင့် နည်းပညာ ကူညီပံ့ပိုးမှုအနေဖြင့် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ပေးအပ်ရန် သဘောတူညီခဲ့သ လို သီလ၀ါအထူးစီးပွားရေးစက် မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ထားပြီးဖြစ်သည်။

7Day News Journal

No comments:

Post a Comment