Monday, March 31, 2014

တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မ .ထ .သ အုပ်ချုပ်မှုကို လိုလားမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ပြုရန် ဆန္ဒထုတ်ဖော်


တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) ဗဟို၏ အုပ်ချုပ်မှုကို လိုလာမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပုံမှန်ပြေးဆွဲခွင့်ပြုရန် ဆန္ဒ ထုတ်ဖော်ခြင်းကို မတ် ၃၀ ရက် နံနက် ၈ နာရီတွင် တိုက်ကြီးမြို့နယ်၌ ပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ် အခြေပြု ၁၃၂ မြောက်ပိုင်းခရိုင်ယာဉ်လိုင်း၊ အောင်တံခွန်ယာဉ်လိုင်းနှင့် ၂၂၀ အနောက်ပိုင်းခရိုင် ယာဉ်လိုင်းများရှိ ယာဉ်လုပ်သား ၁၀၀ ခန့်မှ တိုက်ကြီးမြို့နယ်ကားဂိတ်မှ စစ်ဆေးရေး ဂိတ်ထိ ဆန္ဒထုတ်ဖော်ခဲ့သည်။

“ဗဟို မ.ထ.သ အုပ်ချုပ်မှု..အလိုမရှိ”၊ “ပုံမှန်ခရီးစဉ် ပြေးဆွဲရေး”၊ “ဥပဒေဘောင်အတွင်း လွတ်လပ်စွာ စီးပွားရှာပိုင်ခွင့်ရရေး” ဟူသော ဗီနိုင်းဆိုင်းဘုတ်များကိုင်ကာ ကြွေးကြော်ဆန္ဒပြခဲ့သည်။
“တိုက်ကြီးမြို့မှာ အကျိုးမပြုတဲ့ ယာဉ်အဖွဲ့အစည်း မ.ထ.သ အုပ်ချုပ်မှုကို လိုလားမှုမရှိဘူး။ မြို့ကို အကျိုးပြုမယ့် မြို့နယ်အဖွဲ့ ယာဉ်ပိုင်ရှင်ပြန်ဖွဲ့ပေးဖို့ လိုလားတယ်။ ဟိုင်းလပ်ကားတွေကို စည်ပင်နယ်နိမိတ် အတွင်း ဥပဒေဘောင်ထဲ လွတ်လပ်စွာပြေးနိုင်ပြီး တိုက်ကြီး-သီရိမင်္ဂလာဈေး ဟိုင်းလပ်ခရီးစဉ်များကို ဆက်လက်ပြေးဆွဲခွင့်ပြုဖို့အတွက် ဒီနေ့ဆန္ဒဖော်ထုတ်တာပါ” ဟု အောင်တံခွန်ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်းမှု အားနည်းချက်တွေကြောင့် ကားတိမ်းမှောက်မှုတွေ ဖြစ် တယ်။ ကြံခိုင်မှုမရှိလို့တာ ထက်စည်းကမ်းမလိုက်နာတဲ့ယာဉ်တွေကို ထိထိရောက်ရောက် အရေးယူ သင့်တယ်” ဟု အောင်တံခွန်ယာဉ်လိုင်းမှ ယာဉ်မောင်းကိုနိုင်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ စည်ပင်နယ်နိမိတ်အတွင်း ဟိုင်းလပ်ခရီးသည် တင်ဆောင်ပြေးဆွဲခွင့်ကို မတ် ၃၁ ရက်ထိ ခွင့်ပြုထားပြီး ယင်းနောက်ပိုင်း ဟိုင်းလပ်ယာဉ်များ ကုန်စည်တင်ဆောင် ပြေးဆွဲခွင့်ကိုသာ ခွင့်ပြု မည်ဖြစ်ကြောင်း မ.ထ.သ(ဗဟို)မှ သိရသည်။
တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) ဗဟို၏ အုပ်ချုပ်မှုကို လိုလာမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပုံမှန်ပြေးဆွဲခွင့်ပြုရန် ဆန္ဒ ထုတ်ဖော်ခြင်းကို တိုက်ကြီးမြို့နယ်တွင် မတ် ၃၀ ရက်က ပြုလုပ်ခဲ့ခြင်းမှာ ယာဉ်လိုင်းများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ပထမဆုံး ပြုလုပ်ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment